ရှင်~မဿဲ။ 1
1
1ဒါ ဝိဒ်၏ သား၊ အာ ဗြ ဟံ၏ သား ဖြစ် တော် မူ သော ယေ ရှု ခ ရစ်၏ အ မျိုး အ နွယ် တော် စာ ရင်း မှာ အာ ဗြ ဟံ့ သား ဣ ဇာက်၊ 2ဣ ဇာက် သား ယာ ကုပ်၊ ယာ ကုပ် သား ယု ဒ နှင့် ညီ အစ် ကို များ၊ 3တာ မာ ဖြင့် ယု ဒ ရ သော ဖာ ရက် နှင့် ဇေ ရ၊ ဖာ ရက် သား ဟေ ဇ ရုံ၊ ဟေ ဇ ရုံ့ သား အာ ရံ၊ 4အာ ရံ့ သား အ မိ န ဒပ်၊ အ မိ န ဒပ် သား နာ ရှုန်၊ နာ ရှုန့် သား စာ လ မုန်၊ 5ရာ ခပ် ဖြင့် စာ လ မုန် ရ သော ဗော ဇ၊ ရု သ ဖြင့် ဗော ဇ ရ သော သြ ဗက်၊ သြ ဗက် သား ယေ ရှဲ၊ ယေ ရှဲ သား ဒါ ဝိဒ် မင်း၊ ဥ ရိ ယ မ ယား ဖြစ် ဖူး သူ ဖြင့် ဒါ ဝိဒ် ရ သော ရှော လ မုန်၊ 6ရှော လ မုန် သား ရော ဗောင်၊ ရော ဗောင့် သား အ ဘိ ယ၊ အ ဘိ ယ သား အာ သ၊ အာ သ သား ယော ရှ ဖတ်၊ 7ယော ရှ ဖတ် သား ယ ဟော ရံ၊ ယ ဟော ရံ့ သား သြ ဇိ၊ 8သြ ဇိ သား ယော သံ၊ ယော သံ့ သား အာ ခတ်၊ အာ ခတ် သား ဟေ ဇ ကိ၊ 9ဟေ ဇ ကိ သား မ နာ ရှေ၊ မ နာ ရှေ့ သား အာ မုန်၊ အာ မုန့် သား ယော ရှိ၊ 10ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ ရှိ ရစ် သော ယော ရှိ သား ယေ ခေါ နိ နှင့် ညီ အစ် ကို များ၊ 11ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် နောက် 12ယေ ခေါ နိ ရ သော ရှာ လ သေ လ 13ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ၊ ဇေ ရု ဗ ဗေ လ သား အ ဗျုဒ်၊ အ ဗျုဒ် သား ဧ လျာ ကိမ် 14ဧ လျာ ကိမ့် သား အာ ဇော်၊ အာ ဇော့် သား ဇာ ဒုတ်၊ ဇာ ဒုတ် သား အာ ခိမ်၊ အာ ခိမ့် သား ဧ လုဒ် 15ဧ လုဒ် သား ဧ လာ ဇာ၊ ဧ လာ ဇာ့ သား မဿာန် 16မဿာန် သား ယာ ကုပ်၊ ယာ ကုပ် သား ကား ခ ရစ် တော် ခေါ် ယေ ရှု ကို ဖွား မြင် သော မာ ရိ၏ ခင် ပွန်း ယော သပ် တည်း။ 17အ မျိုး အ နွယ် တော် ဆက် ပေါင်း သည် အာ ဗြ ဟံ မှ ဒါ ဝိဒ် တိုင် တစ် ဆယ့် လေး ဆက် ဒါ ဝိဒ် မှ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ တိုင် တစ် ဆယ့် လေး ဆက်၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ မှ ခ ရစ် တော် တိုင် တစ် ဆယ့် လေး ဆက် ဖြစ် ၏။
18ယေ ရှု ခ ရစ် ၏ ဖွား တော် မူ ခြင်း အ ကြာင်း အ ရာ မှာ မယ် တော် ဖြစ် သူ မာ ရိ သည် ယော သပ် နှင့် ထိမ်း မှန်း ပြီး နောက် မ ဆက် ဆံ မီ သန့် ရှင်း သော ဝိ ညာဉ် တော် ဖြင့် သ န္ဓေ ရှိ ကြောင်း သိ မြင် ကြ သော် 19ခင် ပွန်း ယော သပ် သည် ဖြောင့် မတ် သူ ဖြစ် သော် လည်း အ ရှက် မ ကွဲ စေ လို သော ကြောင့် တိတ် တ ဆိတ် စွန့် ပယ် ရန် ကြံ ရွယ် အောက် မေ့ လျက် နေ စဉ် အိမ် မက် တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ထင် ရှား ပြီး လျှင် 20အို ဒါ ဝိဒ်၏ သား ယော သပ် ခင် ပွန်း မာ ရိ ကို သိမ်း ပိုက် ရန် မ ကြောင့် ကြ နှင့်။ သူ၌ ရှိ သော သ န္ဓေ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ဖြင့် တည် ၏။ 21သူ သည် သား ယော ကျ်ား ကို ဖွား မြင် လိမ့် မည်။ ထို သား သည် မိ မိ လူ မျိုး တော် ကို အ ပြစ် ဒု စ ရိုက် များ မှ ကယ် တင် မည့် အ ရှင် ဖြစ် သော ကြောင့် ယေ ရှု ဟူ၍ အ မည် မှည့် လော့ ဟု မြွက် ဆို ၏။ 22-23ထို သို့ ဖြစ် ပျက် ရ သည် မှာ အ ပျို က ညာ သည် သ န္ဓေ ယူ၍ သား ယော ကျ်ား ကို ဖွား မြင် သော အ ခါ ဧ မာ နွေ လ ဟု မှည့် ရ ကြ လ တ္တံ့ ဟူ ၍ ပ ရော ဖက် ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ ဧ မာ နွေ လ အ ဓိ ပ္ပါယ် ကား ဘု ရား သ ခင် သည် ငါ တို့ နှင့် အ တူ ရှိ တော် မူ သည် ဟု ဆို လို သ တည်း။ 24ယော သပ် သည် နိုး ထ ပြီး လျှင် စေ တ မန် တော် ဆင့် ဆို သည့် အ တိုင်း လိုက် နာ၍ ခင် ပွန်း ကို သိမ်း ပိုက် ရာ၊ 25သား မ ဖွား မီ မ ဆက် ဆံ ဘဲ နေ၏။ ထို သား ကို လည်း ယေ ရှု ဟူ ၍ အ မည် မှည့် လေ၏။
Currently Selected:
ရှင်~မဿဲ။ 1: GHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Garrad Holy Bible © Bible Society of Myanmar, 1928.