မာ~လ~ခိ~ကျမ်း။ 2
2
1သို့ ဖြစ်၍၊ အို ပ ရော ဟိတ် တို့၊ သင် တို့ အား ထုတ် ဆင့် သော အ မိန့် တော် ကား၊ 2နာ မ တော် ကို ရို သေ အံ့ သော ငှာ၊ နား ထောင် ခြင်း၊ နှ လုံး သွင်း ခြင်း ကို သင် တို့ မ ပြု ကြ လျှင်၊ အ မင်္ဂ လာ ကို ငါ သင့် စေ သည့် ပြင်၊ ခံ ပြီး သော မင်္ဂ လာ များ ကို လည်း၊ အ မင်္ဂ လာ ဖြစ် စေ မည်။ မု ချ ဆို သော်၊ နှ လုံး မ သွင်း ကြ သော ကြောင့်၊ ငါ သည် အ မင်္ဂ လာ ဖြစ် စေ နှင့် ပြီ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 3ငါ သည် သင် တို့ လက် ရုံး ကို ကန့် ကွက်၍၊ ပူ ဇော် ပွဲ ဆိုင် ရာ အူ နု များ ကို၊ သင် တို့ မျက် နှာ ပေါ် တွင် ပစ် ချ လျက်၊ သင် တို့ ပါ ထုတ် လိုက် စေ မည်။ 4လေ ဝိ ဂိုဏ် သား တို့ နှင့် ပ ဋိ ညာဉ် တော် ကို၊ ငါ ဖွဲ့ ခဲ့ သော ကြောင့်၊ ဤ အ မိန့် တော် ကို ငါ ထုတ် ဆင့် ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 5ထို ပ ဋိ ညာဉ် ကား၊ အ သက် ရှင် ခြင်း၊ ငြိမ် သက် ခြင်း၊ ခန့် ညား ခြင်း များ နှင့် ဆိုင် သ တည်း။ ၎င်း ဆု များ ကို ငါ ပေး သည့် အ လျောက်၊ ငါ့ ကို ခန့် ညား၍ နာ မ တော် ကို ရို သေ ကြ လေ ၏။ 6-7ပ ရော ဟိတ် သည်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ စေ တ မန် ဖြစ် သည့် အ တိုင်း၊ နှုတ် ထွက် တ ရား ကို လူ တို့ ရှာ ဖွေ ကြ အံ့ သော ငှာ၊ အ သိ ပ ညာ ကို နှုတ် စောင့် အပ် သည် နှင့် အ ညီ၊ နှုတ် ခမ်း လိမ် လည် ခြင်း ကင်း လျက်၊ သ မ္မာ တ ရား ကို မြွက် ဆို လျက်၊ ငြိမ် သက် ဖြောင့် မတ် စွာ ငါ့ ရှေ့ တွင် သွား လာ လျက်၊ လူ အ များ တို့ ကို ဒု စ ရိုက် မှ လွှဲ စေ ခဲ့ ကြ ၏။ 8သင် တို့ မူ ကား၊ လမ်း လွှဲ ကြ သည့် ပြင်၊ လူ အ များ တို့ အား တိုက် လဲ စေ သော တ ရား ကို ဟော လျက်၊ လေ ဝိ ဂိုဏ်း သား တို့ နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဖျက် သော ကြောင့်၊ 9နည်း လမ်း တော် ကို မ စောင့် ရှောက် ဘဲ၊ မျက် နှာ ငဲ့ ၍ တ ရား ဟော ကြ သည် နှင့် အ မျှ၊ လူ အ ပေါင်း တို့ ရှေ့ မ ထီ လေး စား ဖွယ် ရာ၊ ယုတ် မာ ရာ အ ဖြစ်၊ သင် တို့ ကို ငါ ထား လေ ပြီ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
10ခပ် သိမ်း သော ငါ တို့၌၊ အ ဘ တစ် ပါး တည်း ရှိ သည် မ ဟုတ် လော။ ဘု ရား သ ခင် တစ် ဆူ တည်း သာ၊ ငါ တို့ ကို ဖန် ဆင်း တော် မူ ပြီ မ ဟုတ် လော။ ထို သို့ မှန် လျှင်၊ ဘိုး ဘေး တို့ ပ ဋိ ညာဉ် ကို ဖောက် ကျော် လျက်၊ အ ချင်း ချင်း သ စ္စာ ဖျက် ကြ သည် မှာ၊ အ သို့ နည်း။ 11ယု ဒ အ မျိုး သည်၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ၍ သီး သန့် ထား တော် မူ ခဲ့ ရာ လူ မျိုး ကို ရှုတ် ချ လျက်၊ ခြား နား သော ဘု ရား ၏ တ ပည့် မ နှင့် အိမ် ထောင် ဘက် ပြု သ ဖြင့်၊ သ စ္စာ ဖျက် သည့် အ လျောက်၊ ယေ ရု ရှ လင် မြို့ မှ စ သော ဣ သ ရေ လ ပြည်၌၊ ရွံ ရှာ စွာ ပြု ကြ သည် တ ကား။ 12ထို သို့ ပြု တတ် သော နှိုး ဆော် သူ၊ လိုက် နာ သူ တို့ နှင့် တ ကွ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထံ လှူ ဆက် သူ့ ကို၊ ယာ ကုပ် ဘောင် မှ ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ပါ စေ သော။ 13၎င်း ပြင်၊ သင် တို့ အ လှူ များ ကို ထာ ဝ ရ ဘု ရား အာ ရုံ မ ပြု၊ နှစ် သက် လက် ခံ တော် မ မူ သည့် တိုင် အောင်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို၊ မျက် ရည် ကျ ခြင်း၊ ငို ကြွေး ခြင်း၊ မြည် တမ်း ခြင်း များ ဖြင့်၊ သင် တို့ ဖုံး လွှမ်း ကြ ရှာ လေ စွ။ 14အ သို့ ကြောင့် နည်း ဟု မေး ကြ လျှင်၊ သင် တို့ ပ ဋိ ညာဉ် ပြု ကြ သည့် အ တိုင်း၊ ဇ နီး ဖြစ် လျက် ပင် ငယ် ပေါင်း ကြီး ဖော် တို့ နှင့် သ စ္စာ ဖျက် သူ သင် တို့ စပ် ကြား တွင်၊ ထာ ဝ ရ ဘု ရား သည်၊ သက် သေ ဖြစ် တော် မူ သ တည်း။ 15ဇီ ဝ အ သက် ကို အ ကြွင်း မဲ့ ပိုင် ရှင် တစ် ဆူ တည်း သာ၊ ဖန် ဆင်း တော် မူ သည် မ ဟုတ် လော။ ထို အ ရှင် ဖန် ဆင်း တော် မူ သည် မှာ၊ ကြည် ညို သော အ နွယ် ကို လို တော် မူ သော ကြောင့် တည်း။ သို့ ဖြစ်၍ ကိုယ့် စိတ် ကို သ တိ မူ လျက်၊ 16ငယ် ပေါင်း ကြီး ဖော် ကို သ စ္စာ မ ဖျက် လင့်။ မိန်း မ ကို စွန့် ပယ် လျက်၊ ကြမ်း ကြုတ် စွာ ပြု သူ့ ကို ငါ ရွံ ရှာ သည် ဟု၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ ထို့ ကြောင့် သ စ္စာ မ ဖျက် ရန် ကိုယ့် စိတ် ကို သ တိ မူ ကြ လော့။
17သင် တို့ သည် စ ကား များ ဖြင့်၊ ထာ ဝ ရ ဘု ရား ကို ညီး ငွေ့ စေ ကြ ပြီ။ မည် သို့ ညီး ငွေ့ စေ ဘိ သ နည်း ဟု မေး ကြ လျှင်၊ မ ကောင်း ပြု သူ တိုင်း သည်၊ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ကောင်း လျက်၊ နှစ် သက် တော် မူ ဖွယ် ဖြစ်၏။ မ ဟုတ် က၊ တ ရား ပိုင် ရှင် ဘု ရား သ ခင် ကား၊ အ ဘယ် မှာ နည်း ဟု ဆို လေ့ ရှိ သော ကြောင့် တည်း။
Currently Selected:
မာ~လ~ခိ~ကျမ်း။ 2: GHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Garrad Holy Bible © Bible Society of Myanmar, 1928.