YouVersion Logo
Search Icon

ဆာလံကျမ်း 136

136
အစဉ်အမြဲတည်သော ထာဝရဘုရား၏မေတ္တာကရုဏာတော်
1ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
2ဘုရား​တကာ​တို့​၏​ဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
3အရှင်​တကာ​တို့​၏​အရှင်​ကို ကျေးဇူးတင်​ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
4ကြီးမား​၍​အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ ပြု​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
5ဉာဏ်​တော်​အားဖြင့် ကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
6မြေကြီး​ကို ရေပြင်​ပေါ်၌ ဖြန့်ကြက်​ထား​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
7ကြီးမား​သော​အလင်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
8ကိုယ်တော်​သည် နေ့​ကို​အုပ်စိုး​စေရန် နေ​ကို​ဖန်ဆင်း​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
9ည​ကို​အုပ်စိုး​စေရန် လ​နှင့်​ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
10အီဂျစ်​လူမျိုး​တို့​၏​သားဦး​များ​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
11ကိုယ်တော်​သည် အစ္စရေး​အမျိုး​ကို ထို​သူ​တို့​အထဲ​မှ ထုတ်ဆောင်​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
12တန်ခိုးကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​ဖြင့် ထုတ်ဆောင်​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
13ပင်လယ်​နီ​ကို နှစ်​ပိုင်း​ခွဲ​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
14ကိုယ်တော်​သည် အစ္စရေး​အမျိုး​ကို ထို​ပင်လယ်​၏​အလယ်​မှ​ဖြတ်သွား​စေ​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
15ဖာရော​မင်းကြီး​နှင့်​သူ​၏​တပ်​ကို​မူကား ပင်လယ်​နီ​ထဲ၌ လှဲချ​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
16မိမိ​၏​လူမျိုး​တော်​ကို တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
17ကြီးမြတ်​သော​ရှင်ဘုရင်​တို့​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
18ကိုယ်တော်​သည် တန်ခိုးကြီး​သော​ရှင်ဘုရင်​များ​ကို ကွပ်မျက်​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
19၎င်း​တို့​တွင် အာမောရိ​ဘုရင် ရှိဟုန်​ပါ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
20ဗာရှန်​ဘုရင် ဩဃ​လည်း​ပါ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
21ထို့နောက် ထို​သူ​တို့​၏​ပြည်​ကို အမွေ​အဖြစ်​ပေး​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
22မိမိ​၏​အစေအပါး​အစ္စရေး​အတွက် အမွေ​အဖြစ်​ပေး​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
23ငါ​တို့​နိမ့်ကျ​လျက်​ရှိ​စဉ် ကိုယ်တော်​သည် ငါ​တို့​ကို​အောက်မေ့​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
24ငါ​တို့​၏​ရန်သူ​များ​ထံမှ​လည်း ငါ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
25ကိုယ်တော်​သည် ခပ်သိမ်း​သော​သတ္တဝါ​တို့​အား အစာ​ကို​ပေး​တော်မူ​၏​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
26ကောင်းကင်ဘုံရှင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ဆာလံကျမ်း 136