YouVersion Logo
Search Icon

ရာဇဝင်ချုပ်ပထမစောင် 25

25
လေဝိလူမျိုးဂီတပညာရှင်များ
1ဒါဝိဒ်​မင်းကြီး​နှင့် မင်းမှုထမ်း​အကြီးအကဲ​တို့​သည် အမှု​တော်​မြတ်​အတွက် စောင်းကောက်​၊ စောင်းပြား​၊ လင်းကွင်း တို့​ကို​တီးခတ်​၍ ပရောဖက်ပြု​နိုင်​ရန် အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​တို့​၏​သား​များ​ထဲမှ​အချို့​ကို သီးသန့်​ခွဲထား​၏​။ ဤသို့​အမှု​တော်​ထမ်း​ရန် ခွဲထား​သူ​တို့​၏​အမည်​စာရင်း​မှာ 2အာသပ်​သားမြေး​တွင် ဇက္ကုရ​၊ ယောသပ်​၊ နေသနိ​၊ အာရှရေလ တို့​ဖြစ်​ကြ​၏​။ အာသပ်​၏​သား​တို့​သည် ရှင်ဘုရင်​ညွှန်ကြား​သည့်​အတိုင်း ပရောဖက်ပြု​သော​အာသပ်​၏​လက်​အောက်​တွင် နေ​ရ​ကြ​၏​။ 3ယေဒုသုန်​သားမြေး​တွင် ယေဒုသုန်​၏​သား ဂေဒလိ​၊ ဇေရိ​၊ ယေရှာယ​၊ ရှိမိ​၊ ဟာရှဘိ​၊ မတ္တိသိ ပေါင်း​ခြောက်​ယောက်​တို့​သည် ဖခင်​ယေဒုသုန်​၏​လက်​အောက်​တွင်​နေ​ရ​ကြ​၏​။ သူ​တို့​၏​ဖခင်​သည် စောင်း​တီး​၍ ထာဝရဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကာ ပရောဖက်ပြု​သော​သူ​ဖြစ်​၏​။ 4ဟေမန်​သားမြေး​တွင် ဟေမန်​၏​သား ဗုက္ကိ​၊ မတ္တနိ​၊ ဩဇေလ​၊ ရှေဗွေလ​၊ ယေရိမုတ်​၊ ဟာနနိယ​၊ ဟာနနိ​၊ ဧလျာသ​၊ ဂိဒ္ဒါလတိ​၊ ရောမန္တေဇာ​၊ ယောရှဗေကရှ​၊ မလ္လောသိ​၊ ဟောသိရ​၊ မဟာဇုတ် တို့​ပါဝင်​ကြ​၏​။ 5ဤ​သူ​တို့​အားလုံး​သည် ရှင်ဘုရင်​၏​ဗျာဒိတ်ဆရာ​ဖြစ်​သော ဟေမန်​၏​သား​များ​ဖြစ်​ကြ​၏​။ ဤသို့ ဟေမန်​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့်အညီ​ချီးမြှောက်​ခြင်း​ခံရ​၏​။ ဘုရားသခင်​သည် သူ့​အား သား​တစ်ဆယ့်လေး​ယောက်​နှင့် သမီး​သုံး​ယောက်​ကို ပေး​တော်မူ​၏​။
6ဤ​သူ​အားလုံး​တို့​သည် ဖခင်​လက်​အောက်​တွင်​နေ​၍ ထာဝရဘုရား​၏​အိမ်​တော်​၌ လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​များ​ဖြင့် သီဆိုတီးမှုတ်​ရ​သော​သူ​များ​ဖြစ်​၏​။ အာသပ်​၊ ယေဒုသုန်​၊ ဟေမန်​တို့​သည် ရှင်ဘုရင်​၏​လက်​အောက်​တွင် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​ထမ်းဆောင်​ရ​၏​။ 7သူ​တို့​နှင့် သူ​တို့​၏​ညီအစ်ကို​အားလုံး​တို့​သည် ထာဝရဘုရား​ထံ​ချီးမွမ်းသီဆို​ရာ​တွင် လေ့ကျင့်​ထား​ပြီး​သူ​များ​၊ ကျွမ်းကျင်​ပြီး​သူ​များ ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး နှစ်ရာ​ရှစ်ဆယ့်​ရှစ်​ယောက် ရှိ​၏​။ 8သူ​တို့​သည် အကြီး​အငယ်​၊ ဆရာ​တပည့် မ​ခွဲခြား​ဘဲ မဲချ​၍ တာဝန်ယူ​ကြ​ရ​၏​။ 9မဲချ​ရာ​တွင် ပထမဆုံး​မဲကျသူ​မှာ အာသပ်​၏​သား ယောသပ်​၊ ဒုတိယ​မြောက်​မဲကျသူ​မှာ ဂေဒလိ​နှင့် သူ​၏​ညီအစ်ကို​များ​၊ သူ​၏​သား​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 10တတိယ​မြောက်​မဲကျသူ​မှာ ဇက္ကုရ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 11စတုတ္ထ​မြောက်​မဲကျသူ​မှာ ဣဇရိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 12ပဉ္စမ​မြောက်​မဲကျသူ​မှာ နေသနိ​နှင့် သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 13ဆဋ္ဌမ​မြောက်​မဲကျသူ​မှာ ဗုက္ကိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 14သတ္တမ​မြောက်​မဲကျသူ​မှာ ယေရှရေလ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 15အဋ္ဌမ​မြောက်​မဲကျသူ​မှာ ယေရှာယ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 16နဝမ​မြောက်​မဲကျသူ​မှာ မတ္တနိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 17ဒသမ​မြောက်​မဲကျသူ​မှာ ရှိမိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 18တစ်ဆယ့်တစ်​ယောက်​မြောက်​မဲကျသူ​မှာ အာဇရေလ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 19တစ်ဆယ့်နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟာရှဘိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 20တစ်ဆယ့်သုံး​ယောက်​မြောက်​မဲကျသူ​မှာ ရှုဗွေလ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 21တစ်ဆယ့်လေး​ယောက်​မြောက်​မဲကျသူ​မှာ မတ္တိသိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 22တစ်ဆယ့်ငါး​ယောက်​မြောက်​မဲကျသူ​မှာ ယေရမုတ်​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 23တစ်ဆယ့်ခြောက်​ယောက်​မြောက်​မဲကျသူ​မှာ ဟာနနိယ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 24တစ်ဆယ့်ခုနစ်​ယောက်​မြောက်​မဲကျသူ​မှာ ယောရှဗေကရှ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 25တစ်ဆယ့်ရှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟာနနိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 26တစ်ဆယ့်ကိုး​ယောက်​မြောက်​မဲကျသူ​မှာ မလ္လောသိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 27အယောက်​နှစ်ဆယ်​မြောက်​မဲကျသူ​မှာ ဧလျာသ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 28နှစ်ဆယ့်​တစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟောသိရ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 29နှစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဂိဒ္ဒါလတိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 30နှစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ မဟာဇုတ်​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက်​၊ 31နှစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ ရောမန္တေဇာ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက် တို့​ဖြစ်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ပထမစောင် 25