YouVersion Logo
Search Icon

ဇာခရိအနာဂတ္တိကျမ်း 7

7
မနာခံခြင်းနှင့်အစာရှောင်ခြင်း
1ဒါရိ​မင်းကြီး​နန်းစံ​လေး​နှစ်​၊ ခိသလု​လ​ဟု​ခေါ်​သော နဝမ​လ​၊ လေး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ​ဇာခရိ​ထံသို့ ရောက်လာ​ပြန်​၏​။ 2ထို​အချိန်​၌ ဗေသလ​မြို့သား​တို့​သည် ရှရေဇာ​၊ ရေဂင်္မေလက်​နှင့် သူ​၏​လူ​အချို့​တို့​ကို ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​စေရန်​နှင့် 3ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ရှိ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​အကျွန်ုပ်​သည် နှစ်ပေါင်း​များစွာ​ကပင် ပဉ္စမ​လ​တွင် အစာရှောင်​ငိုကြွေး​ခဲ့​သည့်​အတိုင်း ယခု​လည်း​ပြု​ရ​မည်လော​”​ဟု မေးလျှောက်​စေရန် စေလွှတ်​၏​။
4တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍ 5“ပြည်သူပြည်သား​အပေါင်း​နှင့် ယဇ်ပုရောဟိတ်​တို့​အား ‘ဤ​နှစ်​ပေါင်း​ခုနစ်ဆယ်​ပတ်လုံး ပဉ္စမ​လ​နှင့် သတ္တမ​လ​တို့​တွင် သင်​တို့ အစာရှောင်​ငိုကြွေးမြည်တမ်း​ခဲ့​ကြ​သည်​မှာ ငါ့​အဖို့ အစာရှောင်​ခြင်း အမှန်တကယ်​ဟုတ်​ခဲ့​သလော​။ 6သင်​တို့ စား​သောက်​ကြ​သောအခါ ကိုယ့်​အဖို့​သာ ကိုယ်​စား​သောက်​ကြ​သည်​မ​ဟုတ်​လော။ 7ဂျေရုဆလင်​မြို့​နှင့် အနီး​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၌ လူ​အများ​စိုးရိမ်ကြောင့်ကြမှု​ကင်း​စွာ​နေထိုင်​ကြ​ရ​စဉ်က​၊ နေဂေ့​အရပ်​နှင့်​မြေနိမ့်ဒေသ​တွင် လူသူ​နေထိုင်​သေး​စဉ်က ထာဝရဘုရား​သည် ရှေး​ပရောဖက်​တို့​မှတစ်ဆင့် ဤ​စကား​တို့​ကို​မိန့်​တော်မူ​ခဲ့​ရ​သည် မ​ဟုတ်​လော’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။
8တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ​ဇာခရိ​ထံသို့​ရောက်လာ​ပြန်​၍ 9“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘အမှန်​ကို အမှန်​အတိုင်း​စီရင်ဆုံးဖြတ်​ကြ​လော့​။ တစ်ဦး​ကို​တစ်ဦး မေတ္တာကရုဏာ ပြ​ကြ​လော့​။ သနားစုံမက်​ကြ​လော့​။ 10မုဆိုးမ​၊ ဖတဆိုး​၊ တိုင်းတစ်ပါးသား​နှင့် ဆင်းရဲသား​တို့​ကို မ​နှိပ်စက်​ရ​။ သင်​တို့​စိတ်နှလုံး​ထဲ၌ တစ်ဦး​ကို​တစ်ဦး မကောင်း​သော​အကြံ မ​ကြံစည်​ရ’​ဟု မိန့်​တော်မူ​၏​။ 11သို့သော် သူ​တို့​သည် ဂရုမစိုက်​။ ခေါင်းမာမာ​နှင့် ကျောခိုင်း​ကြ​၏​။ မ​ကြား​နိုင်​အောင် နား​ပိတ်​ထား​ကြ​၏​။ 12သူ​တို့​၏​စိတ်​ကို စိန်​ကဲ့သို့​မာကျော​စေ​ကြ​သဖြင့် ရှေး​ပရောဖက်​တို့​မှတစ်ဆင့် ဝိညာဉ်​တော်​အားဖြင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေး​တော်မူ​သော ပညတ်တရား​များ​နှင့် နှုတ်​တော်​ထွက်​စကား​များ​ကို မ​လိုက်နာ​ကြ​။ ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ပြင်းစွာ​အမျက်ထွက်​တော်မူ​၏​။ 13ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​ခေါ်​သောအခါ သူ​တို့​မ​ထူး​သကဲ့သို့ သူ​တို့​ခေါ်​သောအခါ​၌​လည်း ငါ​မ​ထူး’​ဟု မိန့်​တော်မူ​၏​။ 14ထို့ပြင် သူ​တို့​မ​သိ​သော​လူမျိုးခြား​တို့​နေရာ​အရပ်ရပ်​သို့ သူ​တို့​အား​လေပွေ​နှင့်အတူ ငါ​လွင့်သွား​စေ​၏​။ သူ​တို့​ပြည်​သည် လူသူကင်းမဲ့​ရာ​အဖြစ် ကျန်ရစ်​လေ​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​လည်း မ​ရှိ​။ သာယာ​သော​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဇာခရိအနာဂတ္တိကျမ်း 7