YouVersion Logo
Search Icon

ဆာလံကျမ်း 81

81
နာခံခြင်းရှိရန် နှိုးဆော်ခြင်း
ဂီတမှူး​အတွက်​၊ “​ဂီတိ​”​သံစဉ်​၊ အာသပ်​၏​ဆာလံ
1ငါ​တို့​၏​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော ဘုရားသခင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။
ယာကုပ်​၏​ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။
2တေးသီချင်း​ကို​သီဆို​၍ ပတ်သာ​၊ အသံ​သာယာ​သော​စောင်းကောက်​နှင့်
စောင်းပြား​တို့​ကို တီးခတ်​ကြ​လော့​။
3ငါ​တို့​၏​ပွဲ​နေ့​တည်းဟူသော လဆန်း​နေ့​၊
လပြည့်​နေ့​၌ တံပိုး​ကို​မှုတ်​ကြ​လော့​။
4အကြောင်းမူကား ဤ​အရာ​သည် အစ္စရေး​အတွက်​ပြဋ္ဌာန်းချက်​၊
ယာကုပ်​၏​ဘုရားသခင်​၏​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​။
5ကိုယ်တော်​သည် အီဂျစ်​ပြည်​ကို​ဆန့်ကျင်​ရန် ကြွ​တော်မူ​သောအခါ
ထို​အရာ​ကို ယောသပ်​အမျိုး​အတွက် သက်သေခံချက်​အဖြစ် တည်​စေ​တော်မူ​၏​။
ငါ​မ​သိ​မ​ကျွမ်း​သော​ဘာသာစကား​ကို ငါ​ကြား​ရ​၏​။
6“​ငါ​သည် ဝန်ထုပ်​ကို သူ့​ပခုံး​ပေါ်မှ​ဖယ်ရှား​ပြီ​။
သူ့​လက်​သည် ခြင်းတောင်း​သယ်​ရ​ခြင်း​မှ လွတ်မြောက်​ပြီ​။
7သင်​သည် ဆင်းရဲဒုက္ခ​ထဲမှ​ခေါ်​သောအခါ သင့်​ကို​ငါ​ကယ်မ​ခဲ့​၏​။
မမြင်​နိုင်​သော​မိုးချုန်းသံ​ကြားမှ သင့်​ကို​ငါ​ထူး​ခဲ့​၏​။
မေရိဘ​စမ်းရေ​အနား​တွင် သင့်​ကို ငါ​စစ်ဆေး​ခဲ့​၏​။(​စေလာ#81:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8အို ငါ့​လူမျိုး​တော်​၊ နားထောင်​လော့​။ ငါ​သည် သင့်​ကို​သတိပေး​မည်​။
အို အစ္စရေး​လူမျိုး​၊ သင့်​အား ငါ့​စကား​ကို​နားထောင်​စေ​လို​၏​။
9သင့်​အထဲ​၌ အခြား​သော​ဘုရား​မ​ရှိ​ရ​။
တိုင်းတစ်ပါးသား​၏​ဘုရား​ကို​လည်း သင်​မ​ရှိခိုး​မ​ကိုးကွယ်​ရ​။
10ငါ​သည် သင့်​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။
သင်​၏​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​လော့​။ သင့်​ကို ဝပြော​စွာ ငါ​ကျွေး​မည်​။
11သို့သော် ငါ့​လူမျိုး​တော်​သည် ငါ့​အသံ​ကို​နား​မ​ထောင်​ခဲ့​ပေ​။
အစ္စရေး​လူမျိုး​သည် ငါ့​ကို​မ​နာခံ​ခဲ့​ပေ​။
12သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​အတိုင်း လျှောက်လှမ်း​ကြ​စေရန်
သူ​တို့​နှလုံးသား​၏​မာကျောမှု​လက်​သို့ ငါ​အပ်​လိုက်​၏​။
13ငါ့​လူမျိုး​တော်​သည် ငါ့​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​သည်
ငါ​၏​လမ်း​အတိုင်း​လျှောက်လှမ်း​ခဲ့​လျှင်
14ငါ​သည် သူ​တို့​၏​ရန်သူ​များ​ကို လျင်မြန်​စွာ​ရှုံးနိမ့်​စေ​၍
ငါ​၏​လက်​ကို သူ​တို့​၏​ရန်သူ​များ​ဘက်​သို့ ပြန်လှည့်​စေ​ခဲ့​ပေ​လိမ့်မည်​။​”
15ထာဝရဘုရား​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​၌ ခယဝပ်တွား​ကြ​သော်လည်း
သူ​တို့​အပြစ်ဒဏ်​ခံရ​သော​ကာလ​သည် အစဉ်​ထာဝရ​ဖြစ်​လိမ့်မည်​။
16အစ္စရေး​လူမျိုး​ကို​ကား အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် ကိုယ်တော်​ကျွေးမွေး​တော်မူ​လိမ့်မည်​။
“​ငါ​သည် ကျောက်ဆောင်​မှ​ထွက်​သော​ပျားရည်​ဖြင့် သင့်​ကို​ဝပြော​စေ​မည်​။​”

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in