YouVersion Logo
Search Icon

ဆာလံကျမ်း 3

3
ဘေးဒုက္ခရောက်ချိန်အားထားရာ
မိမိ​သား​အဗရှလုံ​ထံမှ​ထွက်ပြေး​စဉ် ဒါဝိဒ်​စပ်ဆို​သော​ဆာလံ
1အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။
များစွာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​ကြ​ပါ​၏​။
2များစွာ​သော​သူ​တို့​က “​ဘုရားသခင်​သည် သူ့​ကို​ကယ်တင်​မည်​မ​ဟုတ်​”​ဟု
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​နှင့်​ပတ်သက်၍ ပြောဆို​ကြ​ပါ​၏​။(​စေလာ#3:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​ဒိုင်းလွှား​၊
အကျွန်ုပ်​၏​ဘုန်းအသရေ​နှင့် အကျွန်ုပ်​၏​ဦးခေါင်း​ကို ချီးမြှောက်​သော​အရှင်​ဖြစ်​တော်မူ​၏​။
4ငါ​သည် အသံ​ကို​လွှင့်​၍ ထာဝရဘုရား​ကို​ခေါ်​သောအခါ
ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်မှ ငါ့​ကို​ထူး​တော်မူ​၏​။(​စေလာ#3:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ထာဝရဘုရား​သည် ငါ့​ကို​ဖေးမ​တော်မူ​သောကြောင့်
ငါ​သည် လဲလျောင်း​၍​အိပ်ပျော်​ရ​သော​အခွင့်​၊ နိုး​ရ​သော​အခွင့်​ကို​ရ​၏​။
6ငါ့​ကို​ဆန့်ကျင်​လျက် ပတ်လည်​မှ​သောင်းချီ​ဝိုင်းရံ​ထား​သော​လူ​တို့​ကို
ငါ​ကြောက်​မည်​မ​ဟုတ်​။
7အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​ရှိသမျှ​တို့​၏​ပါး​ကို​ရိုက်​၍ ဆိုးယုတ်​သော​သူ​တို့​၏​သွား​ကို ချိုး​တော်မူ​၏​။
8ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။
ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် သက်ရောက်​ပါစေသော​။(​စေလာ#3:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဆာလံကျမ်း 3