YouVersion Logo
Search Icon

ဆာလံကျမ်း 142

142
ဒုက္ခကြားမှ အော်ဟစ်တောင်းလျှောက်ခြင်း
လိုဏ်ဂူ​ထဲ၌​ရှိ​စဉ် ဒါဝိဒ်​စပ်ဆို​သော​အလိမ္မာ​သီချင်း​၊ ဆုတောင်းချက်
1ငါ​သည် ထာဝရဘုရား​ထံသို့ ငါ့​အသံ​ကို​လွှင့်​၍ အော်ဟစ်​၏​။
ထာဝရဘုရား​ထံသို့ ငါ့​အသံ​ကို​လွှင့်​၍ အသနားခံ​တောင်းလျှောက်​၏​။
2ငါ​၏​စိတ်ဒုက္ခ​ကို ကိုယ်တော်​၏​ရှေ့​တော်​၌​ဖွင့်ဟ​လျက်
ငါ​၏​ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ကြားလျှောက်​၏​။
3အကျွန်ုပ်​၏​အတွင်း​ဝိညာဉ်​ညှိုးငယ်​သောအခါ
ကိုယ်တော်​သာလျှင် အကျွန်ုပ်​၏​လမ်း​ကို​သိ​တော်မူ​၏​။
လူ​တို့​သည် အကျွန်ုပ်​လျှောက်​သော​လမ်း​၌
အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။
4လက်ယာ​ဘက်​သို့​ကြည့်​၍ သိမြင်​တော်မူ​ပါ​။
အကျွန်ုပ်​ကို​အသိအမှတ်​ပြု​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​ပါ​။
အကျွန်ုပ်​ထွက်ပြေးစရာ​လမ်း​လည်း​မ​ရှိ​ပါ​။
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဂရုစိုက်​သူ​လည်း​မ​ရှိ​ပါ​။
5အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​ပါ​၏​။
“​ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပြီး
အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု အကျွန်ုပ်​ပြောဆို​ပါ​၏​။
6အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။
အကြောင်းမူကား အကျွန်ုပ်​သည် အခြေအနေ​အလွန်​နိမ့်ပါး​လျက်​ရှိ​ပါ​၏​။
အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ထံမှ ကယ်နုတ်​တော်မူ​ပါ​။
အကြောင်းမူကား ထို​သူ​တို့​သည် အကျွန်ုပ်​ထက် အင်အားကြီးမား​ကြ​ပါ​၏​။
7ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ချီးမွမ်း​နိုင်​ရန်
အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အချုပ်အနှောင်​ထဲမှ​ထုတ်ဆောင်​တော်မူ​ပါ​။
ကိုယ်တော်​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​မည်​ဖြစ်၍
ဖြောင့်မတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို ဝန်းရံ​ထား​ကြ​ပါ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in