ဆာလံကျမ်း 131
131
ကလေးငယ်ကဲ့သို့သောစိတ်သဘော
ဒါဝိဒ်၏အတက်လမ်းသီချင်း
1အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘဝင်မြင့်ခြင်းမရှိပါ။
မျက်နှာထောင်လွှားခြင်းလည်းမရှိပါ။
ကြီးမား၍ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်ရသောအမှုများနှင့် ပတ်သက်ခြင်းလည်းမရှိပါ။
2အကယ်စင်စစ် မိမိ၏မိခင်နှင့်အတူရှိသည့် နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့
အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ငြိမ်သက်တိတ်ဆိတ်စွာနေစေပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ဖြစ်ပါ၏။
3အို အစ္စရေးလူမျိုး၊ ထာဝရဘုရားကို ယခုမှစ၍
ကာလအစဉ်အဆက်မျှော်လင့်ကိုးစားလော့။
Currently Selected:
ဆာလံကျမ်း 131: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative