YouVersion Logo
Search Icon

နေဟမိမှတ်စာ 7

7
ဖမ်းခေါ်သွားခြင်းခံရသူများ ပြန်ရောက်လာခြင်း
1မြို့ရိုး​ကို​လက်စသတ်​ပြီး​သောအခါ ငါ​သည် တံခါး​များ​ကို တပ်ဆင်​၍ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ လေဝိ​အမျိုး​များ​ကို တာဝန်​ခွဲဝေ​ခန့်အပ်​လေ​၏​။ 2ငါ့​ညီ​ဟာနနိ​နှင့် ရဲတိုက်မှူး​ဟာနနိယ​တို့​အား ဂျေရုဆလင်​မြို့​ကို အုပ်ချုပ်​ရန် ခန့်အပ်​၏​။ ဟာနနိယ​သည် သစ္စာရှိ​သော​သူ​၊ အခြားသူ​တို့​ထက် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။ 3ငါ​က သူ​တို့​အား “​နေ​မ​မြင့်​မ​ချင်း ဂျေရုဆလင်​မြို့​တံခါး​ကို မ​ဖွင့်​နှင့်​။ တံခါးစောင့်​တို့​သည် တာဝန်ချိန်​တွင် တံခါး​များ​ကို​ပိတ်​၍ ချက်​များ​ကို ချထား​ရ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​သည် ကိုယ့်​အိမ်​ရှေ့​၊ ကိုယ့်​ကင်းတဲ​၌ အစောင့်​များ​ကို ချထား​ရ​မည်​”​ဟု မှာထား​၏​။
4မြို့​သည်​ကြီးမား​ကျယ်ဝန်း​၍ နေထိုင်သူ အနည်းငယ်​သာ ရှိ​၏​။ အိမ်​များ​လည်း ပြန်လည်​မ​ဆောက်​ရ​သေး​။ 5ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် လူ​များ​ကို စုဝေး​၍ မျိုးရိုးစဉ်ဆက်​စာရင်းကောက်​ရန် ဘုရားသခင်​သည် ငါ့​စိတ်​ကို​နှိုးဆော်​၏​။ ထို့ကြောင့် ပထမဆုံး​ပြန်လည်​ရောက်ရှိ​လာ​သူ​တို့​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို စစ်ဆေး​ရာ စာရင်း​တွင် ဤသို့​ရေးသွင်း​ထား​သည်​ကို တွေ့​ရ​၏​။
6ဤ​သူ​တို့​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ပြီးနောက် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ဘေဘီလုံ​ပြည်​မှ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၊ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။ 7ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ အာဇရိ​၊ ရာမိ​၊ နာဟမာနိ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပေရက်​၊ ဗိဂဝဲ​၊ နေဟုံ​၊ ဗာနာ​တို့​နှင့်အတူ လိုက်ပါ​လာ​သော​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား 8ပါရုတ်​သားမြေး နှစ်ထောင့်​တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊ 9ရှေဖတိ​သားမြေး သုံး​ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊ 10အာရာ​သားမြေး ခြောက်​ရာ​ငါးဆယ့်​နှစ်​ယောက်​၊ 11ယေရွှာ​နှင့် ယွာဘ​သားမြေး​တို့​မှ​ဆင်းသက်​လာ​သော ပါဟတ်မောဘ​သားမြေး နှစ်ထောင့်​ရှစ်​ရာ​တစ်ဆယ့်​ရှစ်​ယောက်​၊ 12ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊ 13ဇတ္တု​သားမြေး ရှစ်​ရာ​လေးဆယ့်​ငါး​ယောက်​၊ 14ဇက္ခဲ​သားမြေး အယောက်​ခုနစ်​ရာ့​ခြောက်ဆယ်​၊ 15ဗိနွိ​သားမြေး ခြောက်​ရာ​လေးဆယ့်​ရှစ်​ယောက်​၊ 16ဗေဗဲ​သားမြေး ခြောက်​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ 17အာဇဂဒ်​သားမြေး နှစ်ထောင့်​သုံး​ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊ 18အဒေါနိကံ​သားမြေး ခြောက်​ရာ​ခြောက်ဆယ့်​ခုနစ်​ယောက်​၊ 19ဗိဂဝဲ​သားမြေး နှစ်ထောင့်​ခြောက်ဆယ့်​ခုနစ်​ယောက်​၊ 20အာဒိန်​သားမြေး ခြောက်​ရာ​ငါးဆယ့်​ငါး​ယောက်​၊ 21ဟေဇကိ​အမျိုး​မှ ဆင်းသက်​လာ​သော အာတာ​သားမြေး ကိုးဆယ့်​ရှစ်​ယောက်​၊ 22ဟာရှုံ​သားမြေး သုံး​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ 23ဗေဇဲ​သားမြေး သုံး​ရာ​နှစ်ဆယ့်​လေး​ယောက်​၊ 24ဟာရိပ်​သားမြေး တစ်ရာ​တစ်ဆယ့်​နှစ်​ယောက်​၊ 25ဂိဗောင်​သားမြေး ကိုးဆယ့်​ငါး​ယောက်​၊ 26ဗက်လင်​မြို့သား​နှင့် နေတောဖ​မြို့သား​ပေါင်း တစ်ရာ​ရှစ်ဆယ့်​ရှစ်​ယောက်​၊ 27အာနသုတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ 28ဗေသာဇမာဝက်​မြို့သား လေးဆယ့်​နှစ်​ယောက်​၊ 29ကိရယတ်ယာရိမ်​မြို့သား​၊ ခေဖိရ​မြို့သား​၊ ဗေရုတ်​မြို့သား​ပေါင်း ခုနစ်​ရာ​လေးဆယ့်​သုံး​ယောက်​၊ 30ရာမ​မြို့သား​နှင့် ဂေဗ​မြို့သား​ပေါင်း ခြောက်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊ 31မိတ်မတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊ 32ဗေသလ​မြို့သား​နှင့် အာဣ​မြို့သား​ပေါင်း တစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ 33အခြား​နေဗော​မြို့သား ငါးဆယ့်​နှစ်​ယောက်​၊ 34အခြား​ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊ 35ဟာရိမ်​သားမြေး အယောက်​သုံး​ရာ့​နှစ်ဆယ်​၊ 36ဂျေရိခေါ​မြို့သား သုံး​ရာ​လေးဆယ့်​ငါး​ယောက်​၊ 37လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား​ပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊ 38သေနာ​မြို့သား အယောက်​သုံး​ထောင်​ကိုး​ရာ့​သုံးဆယ်​၊ 39ယဇ်ပုရောဟိတ်​များ​ကား ယေရွှာ​အမျိုး​မှ​ဆင်းသက်​လာ​သော ယေဒါယ​သားမြေး ကိုး​ရာ​ခုနစ်ဆယ့်​သုံး​ယောက်​၊ 40ဣမေရ​သားမြေး တစ်ထောင့်​ငါးဆယ့်​နှစ်​ယောက်​၊ 41ပါရှုရ​သားမြေး တစ်ထောင့်​နှစ်ရာ​လေးဆယ့်​ခုနစ်​ယောက်​၊ 42ဟာရိမ်​သားမြေး တစ်ထောင့်​တစ်ဆယ့်​ခုနစ်​ယောက်​၊ 43လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊ 44သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​လေးဆယ့်​ရှစ်​ယောက်​၊ 45တံခါးစောင့်​တို့​တွင် ရှလ္လုံ​သားမြေး​၊ အာတာ​သားမြေး​၊ တာလမုန်​သားမြေး​၊ အက္ကုပ်​သားမြေး​၊ ဟတိတ​သားမြေး​၊ ရှောဗဲ​သားမြေး​ပေါင်း တစ်ရာ​သုံးဆယ့်​ရှစ်​ယောက် ဖြစ်​၏​။
46ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊ 47ကေရုတ်​သားမြေး​၊ သယ​သားမြေး​၊ ပါဒုန်​သားမြေး​၊ 48လေဗန​သားမြေး​၊ ဟာဂဘ​သားမြေး​၊ ရှာလမဲ​သားမြေး​၊ 49ဟာနန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊ ဂါဟာ​သားမြေး​၊ 50ရာယ​သားမြေး​၊ ရေဇိန်​သားမြေး​၊ နေကောဒ​သားမြေး​၊ 51ဂဇ္ဇမ်​သားမြေး​၊ ဩဇ​သားမြေး​၊ ပါသာ​သားမြေး​၊ 52ဗေသဲ​သားမြေး​၊ မဟုနိမ်​သားမြေး​၊ နေဖိရှေသိမ်​သားမြေး​၊ 53ဗာကဗုတ်​သားမြေး​၊ ဟကုဖ​သားမြေး​၊ ဟာရဟုရ​သားမြေး​၊ 54ဗာဇလိတ်​သားမြေး​၊ မဟိဒ​သားမြေး​၊ ဟာရရှ​သားမြေး​၊ 55ဗာရကုတ်​သားမြေး​၊ သိသရ​သားမြေး​၊ တာမ​သားမြေး​၊ 56နေဇိ​သားမြေး​၊ ဟတိဖ​သားမြေး​၊ 57ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​တွင် သောတဲ​သားမြေး​၊ သောဖရက်​သားမြေး​၊ ပေရိဒ​သားမြေး​၊ 58ယာလ​သားမြေး​၊ ဒါကုန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊ 59ရှေဖတိ​သားမြေး​၊ ဟတ္တိလ​သားမြေး​၊ ပေါခရက်​ဇေဗိမ်​သားမြေး​၊ အာမုန်​သားမြေး​၊ 60ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ စုစုပေါင်း သုံး​ရာ​ကိုးဆယ့်​နှစ်​ယောက် ဖြစ်​၏​။
61မည်သည့်​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ​ဆင်းသက်​လာ​သည်​ကို သက်သေ​မ​ပြ​နိုင်​၊ အစ္စရေး​လူမျိုး​ထဲမှ ဟုတ်​၊ မ​ဟုတ် မ​သေချာ​ဘဲ တေလမေလ​မြို့​၊ တေလဟာရရှ​မြို့​၊ ခေရုပ်​မြို့​၊ အဒ္ဒုန်​မြို့​၊ ဣမေရ​မြို့​တို့​မှ လိုက်ပါ​လာ​သူ​များ​မှာ 62ဒေလာယ​သားမြေး​၊ တောဘိ​သားမြေး​၊ နေကောဒ​သားမြေး စုစုပေါင်း ခြောက်​ရာ​လေးဆယ့်​နှစ်​ယောက် ရှိ​၏​။ 63ယဇ်ပုရောဟိတ်​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို စုံဖက်​၍ ထို​နာမည်​ကို ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။ 64သူ​တို့​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် မိမိ​တို့​မျိုးရိုး​ကို​ရှာ​သော်လည်း မ​တွေ့​သဖြင့် ယဇ်ပုရောဟိတ်​အရိုက်အရာ​မှ ဖယ်ရှား​ခြင်း​ခံရ​၏​။ 65ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။ 66ဤသို့​လိုက်ပါ​လာ​သော​လူထုကြီး​မှာ စုစုပေါင်း လေး​သောင်း​နှစ်ထောင်​သုံး​ရာ​ခြောက်ဆယ် ရှိ​၏​။ 67ထို့ပြင် သူ​တို့​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်​ထောင့်​သုံး​ရာ​သုံးဆယ့်​ခုနစ်​ယောက်​နှင့် သီချင်းသည်​ယောက်ျား​၊ သီချင်းသည်​မိန်းမ စုစုပေါင်း နှစ်ရာ​လေးဆယ့်​ငါး​ယောက်​တို့​လည်း ပါ​၏​။ 68မြင်း ခုနစ်​ရာ​သုံးဆယ့်​ခြောက်​ကောင်​၊ လား နှစ်ရာ​လေးဆယ့်​ငါး​ကောင်#7:68 လက်ရေးစာမူကျမ်းအများစုတွင် အငယ် 68 မပါ။ ကျမ်းပြိုင် ဧဇရ 2:66 မှ ယူထား၏။​၊ 69ကုလားအုတ် လေး​ရာ​သုံးဆယ့်​ငါး​ကောင်​၊ မြည်း အကောင်​ခြောက်​ထောင်​ခုနစ်​ရာ့​နှစ်ဆယ်​လည်း ပါ​၏​။
70အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ပြန်လည်​တည်ဆောက်မှု​လုပ်ငန်း​အတွက် ပေးလှူ​ကြ​၏​။ ဘုရင်ခံ​သည်​လည်း ရွှေ​ဒင်္ဂါးပြား#7:70 သို့မဟုတ် “ဒရက်မာ”။ တစ်ထောင်​၊ အင်တုံ ငါးဆယ်​၊ ယဇ်ပုရောဟိတ်​ဝတ်စုံ ငါး​ရာ​သုံးဆယ်​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​၏​။ 71အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင့်​နှစ်ရာ#7:71 “1320000 ဂရမ်”။​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။ 72အခြားသူ​တို့​က​လည်း ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင်#7:72 “1200000 ဂရမ်”။​၊ ယဇ်ပုရောဟိတ်​ဝတ်စုံ ခြောက်ဆယ့်​ခုနစ်​စုံ​ကို ပေးလှူ​ကြ​၏​။ 73ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ပြည်သား​အချို့​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​သို့ ပြန်လာ​နေထိုင်​ကြ​၏​။ ခုနစ်​လ​မြောက်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​တွင် အခြေတကျ​ဖြစ်လာ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in