YouVersion Logo
Search Icon

ရှင်မဿဲခရစ်ဝင် 19

19
ကွာရှင်းခြင်းနှင့်ဆိုင်သည့်သွန်သင်ချက်
1ယေရှု​သည် ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ ဂါလိလဲ​နယ်​မှ​ထွက်ခွာ​၍ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။ 2များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​၌ သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။
3ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “လူ​သည် မည်သည့်​အကြောင်း​ကြောင့်​မဆို မိမိ​မယား​ကို ကွာရှင်း​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။
4ကိုယ်တော်​က​လည်း“ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက်#မာ 10:6၊ က 1:27၊ 5:2။ 5‘ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖော်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သား​တစ်ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်မည်’#မာ 10:7-8၊ ၁ကော 6:16၊ ဧ 5:31၊ က 2:24။ဟု မိန့်​တော်မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ 6သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်”​ဟု မိန့်​တော်မူ​၏။
7ဖာရိရှဲ​တို့​က “သို့ဖြစ်လျှင် ဖြတ်စာ​ကို​ပေး​၍ မယား​ကို​ကွာရှင်း​ရန်#မ 5:31၊ မာ 10:4၊ တရား 24:1။ အဘယ်ကြောင့် မောရှေ​သည် ပညတ်​ခဲ့​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 8ကိုယ်တော်​က​လည်း“သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် မောရှေ​သည် သင်​တို့​အား မယား​ကို​ကွာရှင်း​ခွင့်ပြု​ခဲ့​၏။ သို့သော် အစအဦး​မှစ၍ ထိုကဲ့သို့​ဖြစ်​သည်​မ​ဟုတ်။ 9သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။ 10တပည့်​တော်​တို့​က “လင်​နှင့်​မယား​တို့​၏​ဆက်နွှယ်​မှု​သည် ထိုသို့​ဖြစ်​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။ 11ကိုယ်တော်​က​လည်း“ဤ​စကား​ကို လူ​တိုင်း​ခံယူ​နိုင်​သည်​မ​ဟုတ်။ ထိုသို့​ပြု​ခွင့်​ရ​သော​သူ​တို့​သာ ခံယူ​နိုင်​ကြ​၏။ 12အကြောင်းမူကား အမိ​ဝမ်းတွင်း​က​ပင် အိမ်ထောင်​ပြု​နိုင်စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်ထောင်ပြု​နိုင်စွမ်း​ကို စွန့်လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်းကင်​နိုင်ငံ​တော်​အတွက် အိမ်ထောင်ပြု​နိုင်စွမ်း​ကို ကိုယ်တိုင်​စွန့်လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အရာ​ကို ခံယူ​နိုင်​သော​သူ​သည် ခံယူ​စေ”​ဟု မိန့်​တော်မူ​၏။
ကလေးသူငယ်များကိုကောင်းချီးပေးခြင်း
13ထို့နောက် လက်​တော်​တင်​လျက် ဆုတောင်း​ပေး​စေရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။ 14ယေရှု​က​လည်း“ကလေး​သူငယ်​တို့​ကို ရှိ​ကြ​ပါလေစေ။ ငါ့​ထံသို့ သူ​တို့​လာ​ကြ​သည်​ကို မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏”​ဟု မိန့်​တော်မူ​လျက် 15သူ​တို့​အပေါ်​၌ လက်​တော်​တင်​ပြီးလျှင် ထို​နေရာ​မှ ကြွ​တော်မူ​၏။
ချမ်းသာသောလူငယ်
16ထို့နောက် လူ​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမြတ်​သော​အမှု​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။
17ကိုယ်တော်​က​လည်း“ကောင်းမြတ်​သော​အမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့် ငါ့​ကို​မေး​သနည်း။ ကောင်းမြတ်​သော​အရှင်​တစ်ပါးတည်း​သာ​ရှိ​တော်မူ​၏။ သင်​သည် အသက်ရှင်​ခြင်း​သို့​ဝင်စား​လို​လျှင် ပညတ်​တော်​တို့​ကို စောင့်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။
18ထို​သူ​က​လည်း “မည်သည့်​ပညတ်တော်​များ​နည်း”​ဟု မေးလျှောက်​ပြန်​သော် ယေရှု​က“လူ​မ​သတ်​ရ။ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ 19မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့။ ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”#ထွ 20:12-16၊ ဝတ် 19:18၊ တရား 5:16-20။​ဟု မိန့်​တော်မူ​၏။
20ထို​လူငယ်​က “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို​စောင့်ထိန်း​ပါ​ပြီ။ မည်သည့်​အရာ​လို​ပါ​သေး​သနည်း”​ဟု လျှောက်​လေ​၏။ 21ယေရှု​က“သင်​သည် စုံလင်​ခြင်း​သို့​ရောက်​လို​လျှင် သွား​၍ သင်​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌​ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။
22ထို​လူငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် ဝမ်းနည်း​လျက် ထွက်သွား​လေ​၏။
ချမ်းသာသောသူနှင့်ကောင်းကင်နိုင်ငံတော်
23ထိုအခါ ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​၏။ 24တစ်ဖန် သင်​တို့​အား ငါ​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှိုဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။
25တပည့်​တော်​တို့​သည် ထို​စကား​ကို​ကြား​လျှင် အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။ 26သို့သော် ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ဤ​အရာ​သည် လူ​တို့​အတွက် မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ 27ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်​တို့ မည်သည့်​အရာ​ကို ရရှိ​ပါ​မည်နည်း”​ဟု လျှောက်​လေ​၏။ 28ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အလုံးစုံ​တို့​ကို​အသစ်​ပြုပြင်​သော​ကာလ​၌ လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ပလ္လင်​ပေါ်တွင်​ထိုင်​သောအခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်ဆယ့်နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။ 29ငါ​၏​နာမ​ကြောင့် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တိုင်း​သည် အဆ​တစ်ရာ​သော​အကျိုး​ကို​ခံစားရ​လျက် ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရ​လိမ့်မည်။ 30သို့သော် အဦးဆုံး​သော​သူ​များစွာ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​ပြီး နောက်ဆုံး​သော​သူ​များစွာ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​လိမ့်မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in