YouVersion Logo
Search Icon

မာလခိအနာဂတ္တိကျမ်း 4

4
ထာဝရဘုရား၏နေ့ရက်တော်
1“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 2“ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။ 3သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
နောက်ဆုံးသတိပေးချက်
4အစ္စရေး​လူမျိုး​အပေါင်း​တို့​အဖို့ ဟောရပ်​အရပ်​၌ မောရှေ​အား ငါ​မိန့်မှာ​ခဲ့​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ပါ​သော ငါ့​အစေအပါး​မောရှေ​၏​ပညတ်တရား​ကို အောက်မေ့​ကြ​လော့​။ 5ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ကြောက်မက်ဖွယ်​သော​နေ့ရက်​ကြီး မ​ရောက်​မီ ပရောဖက်​ဧလိယ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်​။ 6သူ​သည် ဖခင်​တို့​၏​စိတ်နှလုံး​ကို သားသမီး​ထံသို့​လည်းကောင်း​၊ သားသမီး​တို့​၏​စိတ်နှလုံး​ကို ဖခင်​တို့​ထံသို့​လည်းကောင်း ပြန်လှည့်​လာ​စေ​လိမ့်မည်​။ သို့မဟုတ်လျှင် ငါ​သည် ကြွလာ​၍ ကမ္ဘာမြေ​ကို ကျိန်​ခြင်း​ဖြင့်​ဒဏ်ခတ်​ရ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for မာလခိအနာဂတ္တိကျမ်း 4