YouVersion Logo
Search Icon

ယောရှုမှတ်စာ 19

19
ရှိမောင်အမျိုးအနွယ်တို့ရသောအမွေမြေ
1ဒုတိယအကြိမ်​မဲချ​ရာ​တွင် ရှိမောင်​အမျိုးအနွယ်​သည် မဲကျ​၏​။ သူ​တို့​သည် မျိုးနွယ်စု​အလိုက် ယုဒ​အမျိုးသား​တို့​၏​အမွေမြေ​ထဲ​တွင် အမွေမြေ​ရရှိ​၏​။ 2သူ​တို့​ရရှိ​သော​အမွေမြေ​မှာ
ဗေရရှေဘ​မြို့​၊ ရှေဘ​မြို့​၊ မောလဒါ​မြို့​၊
3ဟာဇာရွာလ​မြို့​၊ ဗာလာ​မြို့​၊ ဧဇင်​မြို့​၊
4ဧလတောလဒ်​မြို့​၊ ဗေသုလ​မြို့​၊ ဟောမာ​မြို့​၊
5ဇိကလတ်​မြို့​၊ ဗက်မာကဗုတ်​မြို့​၊ ဟာဇာသုသ​မြို့​၊
6ဗက်လေဗောက်​မြို့​၊ ရှရုဟင်​မြို့ စသည့်​မြို့​ပေါင်း​တစ်ဆယ့်​သုံး​မြို့​နှင့် ရွာ​များ ပါ​၏​။
7အဣန​မြို့​၊ ရိမ္မုန်​မြို့​၊ ဧသာ​မြို့​၊ အာရှန်​မြို့ စသည့်​မြို့​ပေါင်း​လေး​မြို့​နှင့် ရွာ​များ ပါ​၏​။
8ထို​မြို့​များ​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​မှစ၍ ရာမုတ်နေဂေ့ ခေါ် ဗာလတ်ဗေရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​လည်း ပါ​၏​။
ဤသည်ကား ရှိမောင်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရ​သော​အမွေမြေ​ဖြစ်​၏​။ 9ယုဒ​အမျိုးအနွယ်​၏​အမွေမြေ​သည် အလွန်​ကျယ်ဝန်း​သောကြောင့် သူ​တို့​၏​အမွေမြေ​ထဲ​မှ ရှိမောင်​အမျိုးအနွယ်​ကို အမွေမြေ​ခွဲပေး​၏​။ ထို့ကြောင့် ရှိမောင်​အမျိုးအနွယ်​သည် ယုဒ​အမျိုးအနွယ်​၏​အမွေမြေ​ထဲမှ အမွေရ​ခြင်း​ဖြစ်​၏​။
ဇာဗုလုန်အမျိုးအနွယ်တို့ရသောအမွေမြေ
10တတိယ​အကြိမ်​မဲချ​ရာ​တွင် ဇာဗုလုန်​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။
သူ​တို့​အမွေမြေ​၏​နယ်နိမိတ်​သည် စာရိဒ်​မြို့​အထိ​ဖြစ်​၏​။ 11သူ​တို့​၏​နယ်နိမိတ်​သည် အနောက်ဘက် မရာလ​မြို့​သို့​တက်သွား​ပြီး ဒဗ္ဗရှက်​မြို့​သို့​ရောက်​၏​။ ထိုမှ ယောကနမ်​မြို့​မျက်နှာချင်းဆိုင်​ရှိ ချောင်း​အထိ​ရောက်​၏​။ 12တစ်ဖန် စာရိဒ်​မြို့​မှ အရှေ့ဘက်​နေထွက်​ရာ ခိသလုတ္တာဗော်​နယ်စပ်​အထိ ရောက်​၏​။ ထိုမှ ဒါဗရတ်​မြို့​သို့​ရောက်​၍ ယာဖျာ​မြို့​သို့ တက်သွား​၏​။ 13ထိုမှ အရှေ့ဘက်​နေထွက်​ရာ​အရပ်​ရှိ ဂိတ္တဟေဖာ​မြို့ အိတ္တကာဇိန်​မြို့​သို့​ဆက်သွား​ပြီး နေအာ​မြို့​မှ​ကွေ့သွား​၍ ရိမ္မုန်​မြို့ သို့​ရောက်​၏​။ 14ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဟန္နသုန်​မြို့​သို့ ကွေ့သွား​ပြီး ယိဖသေလ​ချိုင့်ဝှမ်းဒေသ​၌ ဆုံး​၏​။ 15ထို​နယ်နိမိတ်​တွင် ကတ္တတ်​မြို့​၊ နဟာလာလ​မြို့​၊ ရှိမရုန်​မြို့​၊ ဣဒလ​မြို့​၊ ဗက်လင်​မြို့ အပါအဝင် မြို့​တစ်ဆယ့်​နှစ်​မြို့​နှင့် ရွာ​များ ပါ​၏​။
16ဤသည်ကား ဇာဗုလုန်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ​ဖြစ်​၏​။
ဣသခါအမျိုးအနွယ်တို့ရသောအမွေမြေ
17စတုတ္ထ​အကြိမ်​မဲချ​ရာ​တွင် ဣသခါ​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။ 18သူ​တို့​၏​နယ်နိမိတ်​တွင်
ယေဇရေလ​မြို့​၊ ခေသုလုတ်​မြို့​၊ ရှုနင်​မြို့​၊
19ဟာဖရိမ်​မြို့​၊ ရှိဟုန်​မြို့​၊ အာနဟာရတ်​မြို့​၊
20ရဗ္ဗိတ်​မြို့​၊ ကိရှုန်​မြို့​၊ အာဗက်​မြို့​၊
21ရေမက်​မြို့​၊ အင်္ဂန္နိမ်​မြို့​၊ အင်္ဟဒ္ဒါ​မြို့​၊ ဗက်ပဇ္ဇက်​မြို့ စသည်​တို့​ပါဝင်​၏​။
22သူ​တို့​၏​နယ်နိမိတ်​သည် တာဗော်​မြို့​၊ ရှာဟဇိမာ​မြို့​၊ ဗက်ရှေမက်​မြို့ တို့​သို့​ရောက်​ပြီး ဂျော်ဒန်​မြစ်​၌ ဆုံး​၏​။ ထို​နယ်နိမိတ်​တွင် မြို့​တစ်ဆယ့်​ခြောက်​မြို့​နှင့် ရွာ​များ​ပါ​၏​။
23ဤသည်ကား ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ ဖြစ်​၏​။
အာရှာအမျိုးအနွယ်တို့ရသောအမွေမြေ
24ပဉ္စမ​အကြိမ်​မဲချ​ရာ​တွင် အာရှာ​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။ 25သူ​တို့​၏​နယ်နိမိတ်​တွင် ဟေလကတ်​မြို့​၊ ဟာလိ​မြို့​၊ ဗေတင်​မြို့​၊ အာခရှပ်​မြို့​၊ 26အာလမ္မေလက်​မြို့​၊ အာမဒ်​မြို့​၊ မိရှာလ​မြို့ တို့​ပါဝင်​၏​။ ထို​နယ်နိမိတ်​သည် အနောက်ဘက် ကရမေလ​တောင်​မှ ရှိဟောရလိဗန​ချောင်း​အထိ ဖြစ်​၏​။ 27ထို​နယ်နိမိတ်​သည် နေထွက်​ရာ​ဘက် ဗက်ဒါဂုန်​မြို့​သို့​လှည့်သွား​၍ ဇာဗုလုန်​နယ်​၊ ယိဖသေလ​ချိုင့်ဝှမ်း​၊ မြောက်ဘက် ဗေသမက်​မြို့​၊ နယေလ​မြို့ တို့​သို့​ရောက်​၏​။ ထိုမှ မြောက်ဘက် ကာဗုလ​မြို့​၊ 28ဧဗြုန်​မြို့​၊ ရဟောဘ​မြို့​၊ ဟမ္မုန်​မြို့​၊ ကာန​မြို့​မှ ဆီဒုန်​မြို့​ကြီး​အထိ ဆက်သွား​၏​။ 29တစ်ဖန် ထို​နယ်နိမိတ်​သည် ရာမ​မြို့​၊ တိုင်ရာ​ခံတပ်​မြို့​တို့​ဘက်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ဟောသ​မြို့​သို့ လှည့်သွား​၍ အာခဇိပ်​နယ်မြေ​ရှိ ပင်လယ်​တွင် ဆုံး​၏​။ 30အုမ္မ​မြို့​၊ အာဖက်​မြို့​၊ ရဟောဘ​မြို့ အပါအဝင် မြို့​ပေါင်း​နှစ်ဆယ့်​နှစ်​မြို့​နှင့် ရွာ​များ ပါ​၏​။
31ဤသည်ကား အာရှာ​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ​များ ဖြစ်​၏​။
နဿလိအမျိုးအနွယ်တို့ရသောအမွေမြေ
32ဆဋ္ဌမ​အကြိမ်​မဲချ​ရာ​တွင် နဿလိ​အမျိုးသား​တို့​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။ 33သူ​တို့​၏​နယ်နိမိတ်​သည် ဟေလပ်​မြို့​၊ ဝက်သစ်ချတော​ရှိ​ရာ ဇာနန္နိမ်​မြို့​၊ အာဒမိ​မြို့​၊ ယာဗနေလ​မြို့ တို့​မှ လာကုံ​မြို့​အထိ​ရောက်​၍ ဂျော်ဒန်​မြစ်​တွင် ဆုံး​၏​။ 34တစ်ဖန် နယ်နိမိတ်​သည် အနောက်ဘက်​သို့​လှည့်သွား​၍ အာဇနုတ္တာဘော်​မြို့​မှ ဟုကုတ်​မြို့​သို့ ဆက်လာ​၏​။ တောင်ဘက်​တွင် ဇာဗုလုန်​နယ်နိမိတ်​၊ အနောက်ဘက်​တွင် အာရှာ​နယ်နိမိတ်​၊ နေထွက်​ရာ​အရပ်​ဘက်​တွင် ယုဒ​နယ်နိမိတ်​နှင့် ဂျော်ဒန်​မြစ်​၌ ထိစပ်​လျက်​ရှိ​၏​။ 35ခံတပ်​မြို့​များ​ဖြစ်​သည့်
ဇိဒ္ဒိမ်​မြို့​၊ ဇေရ​မြို့​၊ ဟမ္မတ်​မြို့​၊ ရက္ကတ်​မြို့​၊ ဂင်နေသရက်​မြို့​၊
36အာဒမာ​မြို့​၊ ရာမ​မြို့​၊ ဟာဇော်​မြို့​၊
37ကေဒေရှ​မြို့​၊ ဧဒြိ​မြို့​၊ အင်ဟာဇော်​မြို့​၊
38ဣရုန်​မြို့​၊ မိဂဒလေလ​မြို့​၊ ဟောရင်​မြို့​၊ ဗက်အာနတ်​မြို့​၊ ဗက်ရှေမက်​မြို့​စသော မြို့​ပေါင်း​တစ်ဆယ့်​ကိုး​မြို့​နှင့် ရွာ​များ ပါဝင်​၏​။
39ဤသည်ကား နဿလိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ​များ ဖြစ်​၏​။
ဒန်အမျိုးအနွယ်တို့ရသောအမွေမြေ
40သတ္တမ​အကြိမ်​မဲချ​ရာ​တွင် ဒန်​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။ 41သူ​တို့​ရရှိ​သော​အမွေမြေ​၏​နယ်နိမိတ်​သည်
ဇောရာ​မြို့​၊ ဧရှတောလ​မြို့​၊ ရှေမက်​မြို့​၊
42ရှာလဗ္ဗိန်​မြို့​၊ အာယလုန်​မြို့​၊ ယေသလ​မြို့​၊
43ဧလုန်​မြို့​၊ တိမနတ်​မြို့​၊ ဧကြုန်​မြို့​၊
44ဧလတေက​မြို့​၊ ဂိဗ္ဗသုန်​မြို့​၊ ဗာလတ်​မြို့​၊
45ယေဟုတ်​မြို့​၊ ဗေနဗေရက်​မြို့​၊ ဂါသရိမ္မုန်​မြို့​၊
46မေယာကုန်​မြို့​၊ ရက္ကုန်​မြို့​၊ ယုပ္ပေ​မြို့​အရှေ့ဘက်​နယ်နိမိတ်​အထိ ရောက်​၏​။
47ဒန်​အမျိုးသား​တို့​သည် မိမိ​တို့​၏​နယ်နိမိတ်​ကို​ကျော်လွန်​၍ လဲရှ​မြို့​ကို ချီတက်​တိုက်ခိုက်​ကြ​၏​။ ထို​မြို့​ကို​သိမ်းပိုက်​ပြီးလျှင် မြို့သူမြို့သား​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​ပြီး ထို​မြို့​၌ အခြေချ​နေထိုင်​ကြ​၏​။ ထို့နောက် သူ​တို့​ဘိုးဘေး​၏​အမည်​ဖြစ်​သော ဒန်​ကို အစွဲပြု​၍ ထို​မြို့​ကို ဒန်​မြို့​ဟု ခေါ်ဆို​ကြ​၏​။ 48ဤသည်ကား ဒန်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရ​သော​မြို့​ရွာ​အမွေမြေ​များ ဖြစ်​၏​။
ယောရှုရရှိသောအမွေမြေ
49ထိုသို့ အမွေ​မြေ​ကို နယ်နိမိတ်​နှင့်တကွ ခွဲဝေ​ပြီး​သောအခါ အစ္စရေး​အမျိုးသား​တို့​သည် နုန်​၏​သား​ယောရှု​ကို အမွေမြေ​ပေး​ကြ​၏​။ 50ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် နုန်​၏​သား​ယောရှု တောင်းဆို​သော ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ တိမနသေရ​မြို့​ကို သူ့​အား​ပေး​လေ​၏​။ သူ​သည်​လည်း မြို့​ကို​တည်​၍ နေထိုင်​လေ​၏​။
51ဤရွေ့ကား ရှိလော​အရပ်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​၊ အစ္စရေး​အမျိုးအနွယ်​တို့​၏​ခေါင်းဆောင်​တို့​က မဲချ​ခွဲဝေ​ပေး​သော​အမွေမြေ​များ ဖြစ်​၏​။ ဤသို့ဖြင့် ပြည်​ကို​ခွဲဝေယူ​ခြင်း​အမှု ပြီးစီး​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in