YouVersion Logo
Search Icon

ယောနဝတ္ထု 1

1
ယောနထွက်ပြေးခြင်း
1ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အမိတ္တဲ​၏​သား​ယောန​ထံသို့ ရောက်လာ​၍ 2“ထ​လော့​။ နိနေဝေ​မြို့​ကြီး​သို့ သွား​လော့​။ သူ​တို့​ပြု​သော​မကောင်းမှု​များ​သည် ငါ့​ရှေ့မှောက်​တွင် ထင်ရှား​လှ​ပြီ​ဖြစ်၍ သူ​တို့​ကို ဆန့်ကျင်​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။ 3သို့သော် ယောန​သည် ထ​၍ ထာဝရဘုရား​ထံ​တော်​မှ တာရှု​ပြည်​သို့ ထွက်ပြေး​လေ​၏​။ သူ​သည် ယုပ္ပေ​မြို့​သို့​ဆင်းသွား​ပြီး တာရှု​ပြည်​သို့​သွား​မည့်​သင်္ဘော​ကို တွေ့​သဖြင့် သင်္ဘော​ခ​ပေး​ပြီး အထဲ​သို့​ဝင်​ကာ ထာဝရဘုရား​ထံ​တော်​မှ တာရှု​ပြည်​သို့ သင်္ဘောသား​တို့​နှင့်အတူ လိုက်သွား​လေ​၏​။
4ထိုအခါ ထာဝရဘုရား​သည် ပင်လယ်ပြင်​တွင် လေ​ပြင်း​တိုက်ခတ်​စေ​သဖြင့် လေမုန်တိုင်းကြီး​ကျရောက်​လေ​၏​။ သင်္ဘော​မှာ​လည်း ကျိုးပဲ့​လုမတတ်​ဖြစ်​လေ​၏​။
5သင်္ဘောသား​တို့​သည် ကြောက်ရွံ့​၍ အသီးသီး​ကိုယ့်​ဘုရား​များ​ထံ အော်ဟစ်​ဆုတောင်း​ကြ​လေ​၏​။ သင်္ဘော​ပေါ့​စေရန် ကုန်ပစ္စည်း​များ​ကို ပင်လယ်​ထဲသို့​ပစ်ချ​ကြ​၏​။ ယောန​မူကား သင်္ဘော​ဝမ်း​ထဲသို့ ဆင်းသွား​ပြီး နှစ်နှစ်ခြိုက်ခြိုက်​အိပ်ပျော်​နေ​၏​။
6မာလိန်မှူး​သည် သူ့​ထံသို့​သွား​၍ “​သင် အဘယ်ကြောင့် အိပ်မောကျ​နေ​သနည်း​။ ထ​ပြီး သင့်​ဘုရား​ထံ ဆုတောင်း​ပါ​လော့​။ ငါ​တို့ သေကျေပျက်စီး​မ​သွား​အောင် သင့်​ဘုရား​သည် ငါ​တို့​ကို ကယ်တင်​ကောင်း​ကယ်တင်​လိမ့်မည်​”​ဟု ဆို​၏​။
7ထို့နောက် သူ​တို့​က “​မည်သူ့​ကြောင့် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​ကို​သိရှိ​နိုင်​ရန် လာ​ကြ​၊ မဲ​ချ​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ပြီး မဲ​ချ​ကြ​ရာ ယောန​၌​မဲ​ကျ​လေ​၏​။ 8ထိုအခါ သူ​တို့​က “​ယခု ပြော​ပါ​လော့​။ ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​မှာ မည်သူ့​ကြောင့်​နည်း​။ သင် မည်သည့်​အလုပ်​လုပ်​သနည်း​။ မည်သည့်​အရပ်​မှ လာ​သနည်း​။ မည်သည့်​ပြည်သား ဖြစ်​သနည်း​။ မည်သည့်​လူမျိုး ဖြစ်​သနည်း​”​ဟု မေး​ကြ​လျှင်
9သူ​က “​ငါ​သည် ဟေဗြဲ​လူမျိုး​ဖြစ်​၏​။ ပင်လယ်​နှင့်​ကုန်းမြေ​ကို ဖန်ဆင်း​တော်မူ​သော​ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​ကို ကိုးကွယ်​သူ ဖြစ်​ပါ​သည်​”​ဟု သူ​တို့​အား ဆို​၏​။
10ထို့ပြင် သူ​သည် ထာဝရဘုရား​ထံ​တော်​မှ ထွက်ပြေး​ခဲ့​ကြောင်း​ကို လူ​တို့​အား ပြောပြ​သဖြင့် သူ​တို့​သိသွား​ကြ​သောအခါ အလွန်​ကြောက်ရွံ့​ထိတ်လန့်​၍ သူ့​အား “​အဘယ်ကြောင့် ဤသို့​ပြု​သနည်း​”​ဟု ဆို​ကြ​၏​။ 11ထိုစဉ် ပင်လယ်ပြင်​တွင် လေမုန်တိုင်း​ပိုမို​ပြင်းထန်​လာ​သဖြင့် သူ​တို့​က “​ပင်လယ်​ငြိမ်သက်​သွား​အောင် သင့်​ကို ငါ​တို့ မည်သို့​ပြု​ရ​မည်နည်း​”​ဟု သူ့​အား​မေး​လျှင်
12သူ​က “​ငါ့​ကို​ချီ​၍ ပင်လယ်​ထဲသို့ ပစ်ချ​လော့​။ သို့ပြုလျှင် ပင်လယ်​သည် ငြိမ်သက်​သွား​လိမ့်မည်​။ ငါ့​ကြောင့် ဤ​လေမုန်တိုင်း​ကြီး သင်​တို့​အပေါ်​ကျရောက်​ကြောင်း​ကို ငါ​သိ​၏​”​ဟု ပြန်ပြော​၏​။ 13လူ​တို့​သည် ကမ်း​သို့​ရောက်​အောင် ကြိုးစား​လှော်ခတ်​ကြ​သေး​၏​။ သို့သော် ပင်လယ်ပြင်​တွင် လေမုန်တိုင်း​ပိုမို​ပြင်းထန်​လာ​သဖြင့် ကမ်း​သို့ မ​ရောက်​နိုင်​ကြ​။
14ထိုအခါ သူ​တို့​က “​အို ထာဝရဘုရား​၊ ဤ​သူ​၏​အသက်​ကြောင့် အကျွန်ုပ်​တို့​ကို​ပါ ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။ အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​ကို အကျွန်ုပ်​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​။ ထာဝရဘုရား​၊ ကိုယ်တော်​သည် အလို​တော်​အတိုင်း ပြု​တော်မူ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ပြောဆို​ကြ​၏​။ 15ထို့နောက် ယောန​ကို​ချီမ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကြ​လျှင် ပင်လယ်ပြင်​မှ ပြင်းထန်​သော​လေမုန်တိုင်းကြီး​လည်း ငြိမ်သက်​သွား​လေ​၏​။ 16ထိုအခါ လူ​တို့​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ထာဝရဘုရား​ထံ​ယဇ်​ပူဇော်​ပြီး ကတိသစ္စာ​ပြု​ကြ​၏​။ 17ယောန​ကို​မျိုချ​ရန် ငါး​ကြီး​တစ်​ကောင်​ကို ထာဝရဘုရား ပြင်ဆင်​ထား​သဖြင့် ယောန​သည် ငါး​ကြီး​ဝမ်း​ထဲတွင် သုံး​ရက်​သုံး​ည နေ​ရ​လေ​၏​။#မ 12:40။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in