YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 46

46
လူမျိုးခြားတို့ကိုဆန့်ကျင်၍ ‌ပရောဖက်ပြုဟောပြောခြင်း
1လူမျိုးခြား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့​ရောက်လာ​၏​။
အီဂျစ်ပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
2ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နန်းစံ​လေး​နှစ်​၊ ယူဖရေးတီး​မြစ်#46:2 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​နား ကာခေမိတ်​အရပ်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို စစ်ရှုံး​ခဲ့​သော အီဂျစ်​ဘုရင်​ဖာရော​နေခေါ​မင်းကြီး​၏​စစ်သည်​နှင့်တကွ အီဂျစ်​ပြည်သား​တို့​နှင့်​ပတ်သက်၍ 3ထာဝရဘုရား​က “​ဒိုင်းလွှားကြီး​၊ ဒိုင်းလွှားငယ်​တို့​ကို ပြင်ဆင်​ကြ​။ စစ်ချီတက်​ကြ​။ 4မြင်းစီးသူရဲ​တို့​၊ မြင်း​များ​ကို ကကြိုးဆင်​ကြ​၊ စီး​ကြ​။ နေရာယူ​ကြ​။ သံခမောက်​ဆောင်း​ကြ​။ လှံ​တို့​ကို သွေး​ကြ​။ သံချပ်​အင်္ကျီ​တို့​ကို ဝတ်ဆင်​ကြ​။ 5ငါ​မြင်​ရ​သော​အရာ​ကား အဘယ်နည်း​။ သူ​တို့ ကြောက်​၍ နောက်ပြန်ဆုတ်​ကြ​ပါ​သည်​တကား​။ သူ​တို့​၏​စစ်သူရဲ​တို့​သည် ချေမှုန်း​ခြင်း​ခံရ​သဖြင့် နောက်ပြန်လှည့်​မ​ကြည့်​ဘဲ ဘေးလွတ်​ရာ​သို့​ထွက်ပြေး​ကြ​ပါ​သည်​တကား​။ ကြောက်လန့်စရာ​များ ဝိုင်းရံ​နေ​ပါ​သည်​တကား​”​ဟု မိန့်​တော်မူ​၏​။ 6အပြေးမြန်​သော​သူ​လည်း ပြေး​မ​လွတ်​။ ခွန်အားကြီး​သော​သူ​လည်း မ​လွတ်မြောက်​။ သူ​တို့​သည် မြောက်အရပ် ယူဖရေးတီး​မြစ်#46:6 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​အနား​၌ လဲကျ​သေဆုံး​ကြ​ပြီ​တကား​။ 7နိုင်း​မြစ်ရေ​ကဲ့သို့ ဟုန်းဟုန်းထ​နေ​သော​သူ​ကား မည်သူ​နည်း​။ မြစ်​ရေ​ကဲ့သို့ လှုပ်ခါ​နေ​သော​သူ​ကား မည်သူ​နည်း​။ 8နိုင်း​မြစ်​ကဲ့သို့ ဟုန်းဟုန်းထ​နေ​သော​၊ မြစ်​ရေ​ကဲ့သို့ လှုပ်ခါ​နေ​သော​သူ​ကား အီဂျစ်​ဘုရင်​ပေတည်း​။ သူ​က “​ငါ​သည် မြေကြီး​ကို ထ​၍​လွှမ်းမိုး​မည်​။ ငါ​သည် မြို့​နှင့်တကွ ထို​မြို့သား​တို့​ကို ဖျက်ဆီး​မည်​”​ဟု ဆို​၏​။ 9အို စစ်မြင်း​တို့​၊ စစ်ချီ​ကြ​။ အို စစ်ရထား​တို့​၊ ဒုန်းစိုင်းနှင်​ကြ​။ ဒိုင်းလွှား​ကို​စွဲကိုင်​သော အီသီယိုးပီးယား​လူမျိုး​နှင့် ဖုတ​လူမျိုး စစ်သူရဲ​တို့​၊ လေးသည်တော် လုဒိမ်​လူမျိုး​စစ်သူရဲ​တို့​၊ ချီတက်​ကြ​။ 10ထို​နေ့ရက်​သည် ရန်သူ​တို့​ကို ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားရှင်​ထာဝရဘုရား လက်တုံ့ပြန်​ရာ​နေ့​ဖြစ်​၏​။ ဓား​သည် ရန်သူ​တို့​ကို ကျေနပ်​သည်​အထိ ဝါးမျို​မည်​။ သူ​တို့​သွေး​ကို သောက်​မည်​။ မြောက်ဘက်​အရပ်​၊ ယူဖရေးတီး​မြစ်#46:10 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​နား​၌ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ ယဇ်ပူဇော်ပွဲ​ကျင်းပ​လိမ့်မည်​။ 11အို အီဂျစ်​သမီး​ပျို​၊ ဂိလဒ်​ပြည်​သို့​သွား​၍ လိမ်းဆေး​ကို​ယူ​လော့​။ သင်​သည် ဆေး​အမျိုးစုံ​လိမ်း​သော်လည်း အချည်းနှီး​သာ​ဖြစ်​၏​။ သင့်​အနာ ပျောက်ကင်း​မည်​မ​ဟုတ်​။ 12သင်​အရှက်ကွဲ​သည်​ကို လူမျိုးတကာ​တို့ ကြားသိ​လေ​ပြီ​။ သင့်​အော်ဟစ်ငိုကြွေးသံ​သည်​လည်း မြေ​တစ်ပြင်လုံး​ကို ဖုံးလွှမ်း​လေ​ပြီ​။ စစ်သူရဲ​အချင်းချင်း​တိုက်မိ​၍ သူ​တို့​နှစ်​ယောက်​စလုံး အတူတကွ​လဲကျ​လေ​ပြီ​။
13ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် အီဂျစ်​ပြည်​ကို လာရောက်​တိုက်ခိုက်​မည့်​အကြောင်း​ကို ထာဝရဘုရား​က ပရောဖက်​ယေရမိ​အား မိန့်​တော်မူ​၏​။ 14“​ဓား​သည် သင့်​ပတ်လည်​ရှိ​ပြည်​တို့​ကို ဝါးမျို​လေ​ပြီ​။ သင်​လည်း အသင့်ပြင်​၊ နေရာယူ​လော့​”​ဟု အီဂျစ်​ပြည်​၌​ကြွေးကြော်​လော့​။ မိဂဒေါလ​မြို့​၌ ကြေညာ​လော့​။ မင်ဖစ်​မြို့​၊ တာပနက်​မြို့​၌ ကြေညာ​လော့​။ 15သင်​၏​စစ်သူရဲ​တို့​သည် အဘယ်ကြောင့် ဝမ်းလျားမှောက်​လဲကျ​ကုန်​ကြ​သနည်း​။ ထာဝရဘုရား​သည် သူ​တို့​ကို​လှဲချ​လိုက်​သောကြောင့် သူ​တို့​မ​ရပ်တည်​နိုင်​ကြ​။ 16သူ​တို့​ကို အတုံးအရုံး​လဲကျ​စေ​သဖြင့် သူ​တို့ တစ်ဦး​အပေါ်​တစ်ဦး​လဲကျ​ကြ​ပြီ​။ သူ​တို့​က “​နိုင်ထက်စီးနင်း​ပြု​သူ​၏​ဓားဘေး​ကြောင့် ငါ​တို့​လူမျိုး​ရှိ​ရာ ငါ​တို့​မွေးရပ်​မြေ​သို့ ထ​ပြန်​ကြ​စို့​”​ဟု ဆို​ကြ​၏​။ 17“​အပြောကြီး​သော အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ အခွင့်ကောင်း​ကို သင်​လက်လွတ်​ရ​ပြီ​”​ဟူ၍​လည်း အော်ဟစ်​ကြ​၏​။ 18ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​အကယ်စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ တောင်​များ​တွင် တာဗော်​တောင်​ကဲ့သို့​၊ ပင်လယ်​ကမ်းနား​တွင် ကရမေလ​တောင်​ကဲ့သို့ ထင်ပေါ်​သော​သူ​တစ်​ဦး ရောက်လာ​မည်​”​ဟု မိန့်​တော်မူ​၏​။ 19အီဂျစ်​ပြည်​၌​နေထိုင်​သော​သမီးပျို​၊ အထုပ်အပိုး​ပြင်ဆင်​ထား​လော့​။ သင်​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​တော့​မည်​။ မင်ဖစ်​မြို့​သည် ဖျက်ဆီး​ခံရ​၍ နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ 20အီဂျစ်​ပြည်​သည် အဆင်းလှ​သော​နွားမတမ်း​နှင့်​တူ​၏​။ မြောက်အရပ်​မှ မှက်ကောင်​ရောက်လာ​နေ​ပြီ​။ 21အီဂျစ်​ပြည်​၏​ကြေးစားစစ်သည်​တို့​သည် ဆူဖြိုး​သော​နွားထီးပျို​ကဲ့သို့ ဖြစ်​သော်လည်း ဘေးဒုက္ခ​ရောက်​သော​အချိန်​၊ အပြစ်ဒဏ်​ပေး​ခံရ​သော​အချိန်​၌ ခံနိုင်ရည်​မ​ရှိ​။ အတူတကွ​နောက်လှည့်​ပြေး​ကြ​လေ​ပြီ​။ 22သစ်ခုတ်သမား​သည် သစ်ခုတ်​ထွက်လာ​သကဲ့သို့ ရန်သူ​တို့​သည် ပုဆိန်​ကို​ကိုင်​လျက်​အလုံးအရင်း​နှင့် ချီတက်​လာ​ပြီ​ဖြစ်၍ အီဂျစ်​ပြည်​ထဲမှ​အသံ​သည်​လည်း လျှောကနဲ​ပြေးထွက်​သွား​သော​မြွေ​သံ​ကဲ့သို့ ဖြစ်​လေ​ပြီ​။ 23ထာဝရဘုရား​က “​သူ​တို့​သည် မ​ရေ​မ​တွက်​နိုင်​အောင် ကျိုင်းကောင်​ကဲ့သို့​များပြား​သဖြင့် ပိန်းပိတ်​နေ​သော​အီဂျစ်​တောအုပ်ကြီး​ကို ခုတ်လှဲ​ပစ်​ကြ​လိမ့်မည်​။ 24အီဂျစ်​သမီးပျို အရှက်ကွဲ​လေ​ပြီ​။ မြောက်​ပြည်သား​တို့​လက်​သို့ ရောက်​ရ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။
25အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ နော​မြို့​ရှိ​အာမုန်​ဘုရား​၊ ဖာရော​မင်းကြီး​၊ အီဂျစ်​ပြည်​နှင့် အီဂျစ်​ပြည်​၏​ဘုရား​များ​၊ ဘုရင်​များ​၊ ဖာရော​ကို ကိုးစား​သော​သူ​များ စသည်​တို့​ကို ငါ​ဒဏ်ခတ်​မည်”​ဟု မိန့်​တော်မူ​၏​။ 26ထာဝရဘုရား​က “သူ​တို့​၏​အသက်​ကို​ရန်ရှာ​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ့​အစေအပါး​များ​လက်​သို့ သူ​တို့​ကို ငါ​အပ်​မည်​။ နောက်မှ အီဂျစ်​ပြည်​တွင် ယခင်က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
အစ္စရေးလူမျိုးတို့အဖို့ အာမခံချက်
27ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​လူမျိုး​၊ စိတ်​မ​ပျက်​နှင့်​။ ကြည့်ရှု​လော့​။ ဝေး​သော​ပြည်​မှ သင့်​ကို ငါ​ကယ်တင်​မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​မှ သင့်​သားစဉ်မြေးဆက်​ကို ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​။ 28အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 46