YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 31

31
ဘုရားသခင်နှင့် လူမျိုးတော်တို့ဆက်နွယ်မှု
1ထာဝရဘုရား​က “​ထို​ကာလ​၌ ငါ​သည် အစ္စရေး​မျိုးနွယ်စု​အပေါင်း​တို့​၏​ဘုရား​ဖြစ်​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 2တစ်ဖန် ထာဝရဘုရား​က “​ဓားဘေး​မှ​အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် တောကန္တာရ​၌ ကျေးဇူး​တော်​ခံစား​ရ​ပြီ​။ အစ္စရေး​လူမျိုး​တို့​သည် ငြိမ်ဝပ်ချမ်းသာရာ​သို့ ချီ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 3ရှေးယခင်​ကပင် ထာဝရဘုရား​သည် ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် သင့်​ကို ထာဝရ​မေတ္တာ​နှင့်​ချစ်​၏​။ ထို့ကြောင့် ငါ​၏​မေတ္တာကရုဏာ​ကို သင်​၌ တည်​စေ​ပြီ#31:3 သို့မဟုတ် “မေတ္တာကရုဏာဖြင့် သင့်ကို ဆွဲခေါ်ပြီ”။​။ 4အို အစ္စရေး​အပျိုကညာ​၊ ငါ​သည် သင့်​ကို ပြန်လည်​တည်ဆောက်​မည်​။ သင်​သည် ပြန်လည်​တည်ဆောက်​ခြင်း​ခံရ​မည်​။ သင်​သည် ပတ်သာ​ကို​ဆောင်​လျက် ပျော်မြူး​ကခုန်​သော​သူ​တို့​နောက်​သို့ တစ်ဖန် လိုက်သွား​ရ​လိမ့်မည်​။ 5သင်​သည် ရှမာရိ​တောင်​ပေါ်တွင် စပျစ်ခြံ​ကို ပြန်လည်​စိုက်ပျိုး​ရ​လိမ့်မည်​။ စိုက်ပျိုး​သော​သူ​တို့​သည် အသီး​ကို စား​ရ​လိမ့်မည်​။ 6‘​လာ​ကြ​။ ဇိအုန်​တောင်​သို့ သွား​ကြ​စို့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အထံ​တော်​သို့ သွား​ကြ​စို့​’​ဟူ၍ ဧဖရိမ်​တောင်​ပေါ်မှ​ကင်းစောင့်​တို့ ကြွေးကြော်​သော​အချိန်​ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ဘုရားသခင်၏လူမျိုးတော် အိမ်အပြန်ခရီး
7ထာဝရဘုရား​က “​ယာကုပ်​အမျိုး​အတွက် ဝမ်းမြောက်ပျော်ရွှင်​စွာ​သီချင်းဆို​ကြ​လော့​။ လူမျိုးတကာ​တို့​၏​အထွတ်​အား ကြွေးကြော်​ချီးမွမ်း​၍ ‘​အို ထာဝရဘုရား​၊ ကြွင်းကျန်​သော ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​ကို ကယ်တင်​တော်မူ​ပါ​’​ဟု မြွက်ဆို​ကြ​လော့​။ 8ငါ​သည် ထို​သူ​တို့​ကို မြောက်ဘက်​အရပ်​မှ ခေါ်ဆောင်​လာ​မည်​။ မြေကြီး​စွန်း​မှ ခေါ်ယူစုစည်း​မည်​။ သူ​တို့​နှင့်အတူ မျက်စိမမြင်​သူ​၊ ခြေမသန်သူ​၊ ကိုယ်ဝန်ဆောင်​သူ​၊ မီးဖွားခါနီးသူ​ပါ​သော လူအုပ်​ကြီး​သည် ဤ​အရပ်​သို့ ပြန်လာ​ကြ​လိမ့်မည်​။ 9သူ​တို့​သည် ငိုကြွေး​လျက် ပြန်လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို နှစ်သိမ့်​လျက် ငါ​ပြန်ခေါ်​လာ​မည်​။ သူ​တို့​ကို စမ်းချောင်း​နား​၊ သူ​တို့​ခလုတ်​မ​တိုက်​နိုင်​သည့် ဖြောင့်ဖြူး​သော​လမ်း​ဖြင့် ငါ​ပို့ဆောင်​မည်​။ ငါ​သည် အစ္စရေး​လူမျိုး​၏​အဖ​ဖြစ်​၏​။ ဧဖရိမ်​အမျိုး​သည် ငါ​၏​သားဦး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ 10အို လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဝေး​သော​အရပ်​ရှိ ကမ်းရိုးတန်းဒေသ​တို့​တွင် ကြွေးကြော်​ကြ​လော့​။ “​အစ္စရေး​လူမျိုး​ကို ကွဲလွင့်​စေ​သော​အရှင်​သည် အစ္စရေး​လူမျိုး​ကို ပြန်စုသိမ်း​မည်​။ သိုးထိန်း​သည် မိမိ​၏​သိုးစု​ကို​စောင့်ထိန်း​သကဲ့သို့ သူ​တို့​ကို စောင့်ထိန်း​တော်မူ​မည်​”​ဟု ပြောကြား​ကြ​လော့​။ 11အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ သူ့​ထက်​အားကြီး​သော​သူ​၏​လက်​မှ သူ့​ကို ရွေးနုတ်​တော်မူ​ပြီ​။ 12သူ​တို့​သည် ဇိအုန်​တောင်ထိပ်​သို့​လာ​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လိမ့်မည်​။ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ သိုးသငယ်​၊ နွားသငယ် စသည်​တို့​ဖြင့် ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကြောင့် ဝမ်းမြောက်​ကြ​လိမ့်မည်​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​ဖြစ်​မည်​။ ဝမ်းနည်းပူဆွေး​ရ​တော့​မည်​မ​ဟုတ်​။ 13အပျိုကညာ​တို့​သည် ဝမ်းမြောက်​ကခုန်​ကြ​လိမ့်မည်​။ လူပျို​၊ လူအို​တို့​လည်း ဝမ်းမြောက်​ကခုန်​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​၏​ငိုကြွေးမြည်တမ်း​ခြင်း​ကို ပျော်ရွှင်​ခြင်း​ဖြစ်စေ​မည်​။ သူ​တို့​ကို နှစ်သိမ့်ပေး​၍ ဝမ်းနည်း​ခြင်း​အစား ဝမ်းမြောက်​ခြင်း​ကို​ပေး​မည်​။ 14ထာဝရဘုရား​က “​ငါ​သည် ယဇ်ပုရောဟိတ်​တို့​၏​စိတ်ဝိညာဉ်​ကို အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​ဖြင့် ကျေနပ်အားရ​စေ​မည်​။ ငါ​၏​လူမျိုး​တော်​သည် ကောင်းမြတ်​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ညည်းတွားခြင်းမှ ဝမ်းမြောက်ခြင်းသို့
15ထာဝရဘုရား​က “​ရာမ​မြို့​၌ မြည်တမ်း​သံ​၊ ခါးသီး​စွာ​ငိုကြွေး​သံ​ကို​ကြား​ရ​၏​။ ရာခေလ​သည် မိမိ​၏​သား​များ​ကြောင့် ငိုကြွေး​၏​။ သူ​၏​သား​များ​မ​ရှိ​တော့​သဖြင့် နှစ်သိမ့်​ပေး​ကြ​သည်​ကို လက်မခံ​ပြီ​”#မ 2:18။​ဟု မိန့်​တော်မူ​၏​။ 16ထာဝရဘုရား​က “​သင်​မ​ငို​နှင့်​တော့​၊ မျက်ရည်​မ​ကျ​နှင့်​တော့​။ သင်​၏​ကြိုးစားအားထုတ်မှု​အတွက် ဆုလာဘ်​ရှိ​၏​။ သူ​တို့​သည် ရန်သူ​၏​ပြည်​မှ ပြန်လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 17ထာဝရဘုရား​က “​သင်​၏​အနာဂတ်​မှာ မျှော်လင့်​ခြင်း​ရှိ​၏​။ သင်​၏​သားသမီး​တို့​သည် သူ​တို့​၏​ပြည်​သို့​ပြန်လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 18ဧဖရိမ်​က “​ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပဲ့ပြင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ရိုင်း​သော​နွားသငယ်​ကဲ့သို့ ပဲ့ပြင်​ခြင်း​ကို​ခံရ​ပါ​ပြီ​။ အကျွန်ုပ်​ကို ပြန်ခေါ်​ပါ​။ အကျွန်ုပ် ပြန်လာ​ပါရစေ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ထာဝရအရှင်​ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​။ 19အကျွန်ုပ်​လမ်းလွဲ​ပြီးမှ အမှန်ပင် နောင်တရ​ပါ​ပြီ​။ သွန်သင်​ခြင်း​ခံရ​ပြီးမှ အကျွန်ုပ်​သည် ရင်ထုမနာ​ဖြစ်​ရ​ပါ​၏​။ အကျွန်ုပ်​သည် ငယ်ရွယ်စဉ်​၌ ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​သောကြောင့် အရှက်ကွဲ​ရ​ပါ​၏​။ အသရေပျက်​ရ​ပါ​၏​”​ဟူ၍ မြည်တမ်း​သည်​ကို ငါ​သေချာ​စွာ​ကြား​ရ​၏​။ 20ထာဝရဘုရား​က “​ဧဖရိမ်​သည် ငါ​ချစ်​သော​သား​၊ ငါ​မြတ်နိုး​သော​သားလေး​ဖြစ်​သည်​မ​ဟုတ်​လော​။ ငါ​သည် သူ့​ကို အပြစ်တင်​ပြောဆို​လေ​တိုင်း သူ့​ကို အစဉ်​သတိရ​လျက်​ရှိ​ပါ​၏​။ ထို့ကြောင့် သူ့​အတွက် စိုးရိမ်ပူပန်​၏​။ သူ့​ကို အလွန်​သနား​၏​”​ဟု မိန့်​တော်မူ​၏​။
နောင်တရခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း
21မှတ်တိုင်​များ​ကို စိုက်သွား​လော့​။ ကျောက်ပုံ​များ​ဖြင့် အမှတ်အသားပြု​သွား​လော့​။ သင်​သွား​သော​လမ်းမကြီး​ကို သင့်​စိတ်​ထဲ၌ မှတ်သား​သွား​လော့​။ အို အစ္စရေး​အပျိုကညာ​၊ ပြန်လာ​လော့​။ ဤ​မြို့​များ​သို့ ပြန်လာ​လော့​။ 22အို ဖောက်ပြန်​သော​သမီးပျို​၊ မည်သည့်​အချိန်​အထိ လှည့်လည်​နေ​မည်နည်း​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် အသစ်သောအရာ​ကို ဖန်ဆင်း​တော်မူ​ပြီ​။ မိန်းမ​သည် ယောက်ျား​ကို ဝိုင်းရံ​လိမ့်မည်​။
23အစ္စရေး​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သူ​တို့​ကို ငါ​ပြန်ခေါ်လာ​သောအခါ ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​တို့​တွင် ‘​အို ဖြောင့်မတ်​ခြင်း​တည်​ရာ သန့်ရှင်း​သော​တောင်​၊ ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေ​’​ဟူသော ဤ​စကား​ကို တစ်ဖန် ပြောဆို​ကြ​လိမ့်မည်​။ 24ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​အားလုံး​တွင် လယ်လုပ်သူ​များ​၊ သိုးအုပ်​ကို ထိန်းကျောင်းသူ​များ အတူတကွ​နေထိုင်​ကြ​လိမ့်မည်​။ 25ငါ​သည် ပင်ပန်း​နွမ်းနယ်​သူ​ကို နှစ်သိမ့်​ပေး​မည်​။ အားငယ်​သူ​အပေါင်း​တို့​ကို အားပေး​မည်​”​ဟု မိန့်​တော်မူ​၏​။
26ဤ​တွင် ငါ​နိုးလာ​၍ မော်ကြည့်​လိုက်​၏​။ ငါ​သည် နှစ်နှစ်ခြိုက်ခြိုက်​အိပ်ပျော်​ပါ​သည်​တကား​။
27ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​တွင် လူသား​မျိုးစေ့​နှင့်​တိရစ္ဆာန်​မျိုးစေ့​တို့​ကို ငါ​ကြဲ​မည့်​အချိန် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 28ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို နုတ်ပယ်​ဖြိုချ​မှောက်လှန်​ဖျက်ဆီး​ပြီး ဒုက္ခရောက်​စေဖို့ စောင့်ကြည့်​သကဲ့သို့ တည်ထောင်​ပြုစု​ဖို့ စောင့်ကြည့်​မည်​”​ဟု မိန့်​တော်မူ​၏​။ 29ထို​ကာလ​တွင် “​ဖခင်​တို့​က ချဉ်​သော​စပျစ်သီး​ကို​စား​၍ သား​တို့​က သွား​ကျိန်း​၏​”​ဟု နောက်တစ်ဖန် ပြောဆို​ကြ​တော့​မည်​မ​ဟုတ်​။ 30လူတိုင်း ကိုယ့်​အပြစ်​ကြောင့် ကိုယ်​သေ​ရ​မည်​။ ချဉ်​သော​စပျစ်သီး​ကို​စား​သော​သူ​တိုင်း သွား​ကျိန်း​လိမ့်မည်​။
ပဋိညာဉ်သစ်
31ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးအနွယ်​၊ ယုဒ​အမျိုးအနွယ်​တို့​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​မည့်​နေ့ရက် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 32ထာဝရဘုရား​က “​ထို​ပဋိညာဉ်​သည် သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ လက်ဆွဲ​၍​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကဲ့သို့​မ​ဟုတ်​။ ငါ​သည် သူ​တို့​၏​ခင်ပွန်း​ဖြစ်​သော်လည်း ငါ​၏​ပဋိညာဉ်​ကို သူ​တို့​ချိုးဖောက်​ခဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 33ထာဝရဘုရား​က “​ထို​ကာလ​ပြီးနောက် အစ္စရေး​လူမျိုး​တို့​နှင့် ငါ​ဖွဲ့​မည့်​ပဋိညာဉ်​သစ်​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ငါ​၏​ပညတ်တရား​ကို သွင်းပေး​မည်​။ သူ​တို့​၏​နှလုံးသား​ပေါ်တွင် ရေး​ထား​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 34ထာဝရဘုရား​က “​သူ​တို့​သည် အိမ်နီးချင်း​၊ ညီအစ်ကိုချင်း​တို့​အား ‘​ထာဝရဘုရား​နှင့် သိကျွမ်း​ခြင်း​ရှိ​လော့​’​ဟု သင်ကြား​ပေး​စရာ​မ​လို​။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​တိုင်း ငါ့​ကို သိကျွမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ခွင့်လွှတ်​မည်​။ သူ​တို့​၏​အပြစ်​များ​ကို အောက်မေ့​တော့​မည်​မ​ဟုတ်​”#ဟေရှာ 27:9၊ 59:20-21၊ ရော 11:27၊ ဟေဗြဲ 8:12။​ဟု မိန့်​တော်မူ​၏​။
35နေ့​အချိန်​၌ အလင်းရောင်​ရရှိ​ရန် နေ​ကို​ပေး​သော​အရှင်​၊ ညအချိန်​၌ အလင်းရောင်​ပေး​ရန် လ​နှင့်​ကြယ်​များ​ကို ပြဋ္ဌာန်း​သော​အရှင်​၊ ပင်လယ်​ရေ​ကို​ထကြွ​စေ​သော​အရှင်​၊ လှိုင်းတံပိုး​ကို​မြည်ဟိန်း​စေ​သော​အရှင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟု ဘွဲ့နာမ​ရှိ​တော်မူ​သော ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​၏​။ 36ထာဝရဘုရား​က “​ဤ​ပြဋ္ဌာန်းချက်​တို့​သည် ငါ့​ရှေ့မှောက်​မှ​ကွယ်ပျောက်​သွား​လျှင် အစ္စရေး​လူမျိုး​၏​သားစဉ်မြေးဆက်​တို့​သည်​လည်း ငါ့​ရှေ့မှောက်​၌ လူမျိုး​တော်​အဖြစ်​မှ အစဉ်​ကွယ်ပျောက်​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 37ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
38ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဟာနနေလ​ရဲတိုက်​မှ မြို့​ထောင့်​တံခါး​အထိ ထာဝရဘုရား​အတွက် မြို့​တော်​ကို ပြန်လည်​တည်ဆောက်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်​။ 39နယ်နိမိတ်​မျဉ်း​သည် ဂါရက်​တောင်ကုန်း​သို့​တည့်တည့်ရောက်​ပြီး ဂေါသ​အရပ်​သို့ ကွေ့သွား​လိမ့်မည်​။ 40အလောင်းကောင်​များ​၊ ပြာ​များ​စွန့်ပစ်​ရာ ချိုင့်ဝှမ်း​တစ်ခုလုံး​၊ ကေဒြုန်​ချောင်း​မှ အရှေ့​ဘက်​မြင်း​တံခါး​ထောင့်​အထိ ကွင်းပြင်​တစ်ခုလုံး​သည် ထာဝရဘုရား​အတွက် သန့်ရှင်း​သော​နေရာ​ဖြစ်လာ​မည်​။ ဘယ်သောအခါ​မျှ ဖြိုဖျက်​မှောက်လှန်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in