ဟေရှာယအနာဂတ္တိကျမ်း 61
61
မေရှိယ၏မင်္ဂလာနှစ်
1ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်#61:1 တိုက်ရိုက်ပြန်ဆိုလျှင် “ပတ်စည်း”။ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်း#61:1 တိုက်ရိုက်ပြန်ဆိုလျှင် “ထောင်တံခါးဖွင့်”။ခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။ 2ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ 3ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။ 4သူတို့သည် ရှေးပြိုပျက်ရာတို့ကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ ယခင်က လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်ထူထောင်ကြလိမ့်မည်။ မျိုးဆက်အဆက်ဆက်လူသူကင်းမဲ့၍ ပြိုပျက်နေသောမြို့တို့ကို ပြုပြင်ကြလိမ့်မည်။ 5သူစိမ်းတို့သည် သင်တို့ကို ခစား၍ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တိုင်းတစ်ပါးသားတို့သည် သင်တို့၏လယ်လုပ်သားများ၊ စပျစ်ခြံလုပ်သားများဖြစ်ကြလိမ့်မည်။ 6သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။ 7အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။ 8ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်#61:8 “ဆုလာဘ်”သို့မဟုတ် “အဖိုးအခ”။ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။ 9သူတို့၏သားစဉ်မြေးဆက်တို့သည် လူမျိုးခြားတို့တွင် ကျော်ကြားလိမ့်မည်။ သူတို့၏သားမြေးတို့သည် လူမျိုးတကာတို့တွင် ကျော်ကြားလိမ့်မည်။ သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထာဝရဘုရားကောင်းချီးကိုခံစားရသောအမျိုးအနွယ်ဟု အသိအမှတ်ပြုကြလိမ့်မည်။ 10ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။ 11မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
Currently Selected:
ဟေရှာယအနာဂတ္တိကျမ်း 61: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative