YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 56

56
လူမျိုးတကာတို့ဆုတောင်းရာအိမ်တော်
1ထာဝရဘုရား​က “​တရားမျှတ​ခြင်း​ကို​စောင့်ထိန်း​၍ ဖြောင့်မတ်​စွာ​ပြုကျင့်​ကြ​လော့​။ အကြောင်းမူကား ငါ​၏​ကယ်တင်​ခြင်း​သည် ရောက်​လု​နီး​ပြီ​။ ငါ​၏​ဖြောင့်မတ်​ခြင်း​တရား​သည်​လည်း ထင်ရှား​လုနီး​ပြီ​။ 2ထိုသို့​ပြု​သော​သူ​၊ ထို​အရာ​ကို​ဆုပ်ကိုင်​ထား​သော​လူသား​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေ​ဘဲ စောင့်ထိန်း​သော​သူ​၊ မည်သည့်​မကောင်းမှု​ကို​မျှ​မ​ပြု​မိ​စေရန် မိမိ​လက်​ကို​ချုပ်တည်း​သော​သူ​သည် မင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ 3ထာဝရဘုရား​၌ မှီဝဲဆည်းကပ်​သော​တိုင်းတစ်ပါးသား​က “​ထာဝရဘုရား​သည် ငါ့​ကို မိမိ​လူမျိုး​တော်​နှင့် သီးခြားခွဲထား​တော်မူ​လိမ့်မည်​”​ဟု မ​ဆို​စေ​နှင့်​။ မိန်းမစိုး​က​လည်း “​ငါ​သည်​ခြောက်သွေ့​သော​သစ်ပင်​ဖြစ်​၏​”​ဟု မ​ဆို​စေ​နှင့်​။ 4ထာဝရဘုရား​က “​ငါ​၏​ဥပုသ်နေ့​ကို​စောင့်ထိန်း​သော​၊ ငါ​နှစ်သက်​သော​အရာ​ကို​ရွေးချယ်​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော မိန်းမစိုး​တို့​အား 5သား​သမီး​တို့​ထက်​ပို၍​မြတ်​သော အမှတ်ရစရာ​နှင့်​နာမည်​ကို ငါ့​အိမ်​တော်​အတွင်း​၊ ငါ့​တံတိုင်း​တော်​အတွင်း​၌ ငါ​ပေး​မည်​။ ပယ်ဖျက်​၍​မ​ရ​သော​ထာဝရ​အမည်နာမ​ကို သူ​တို့​အား ငါ​ပေး​မည်​။ 6ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ နာမ​တော်​ကို​ချစ်မြတ်နိုး​သော​ကိုယ်တော်​၏​အစေအပါး​ဖြစ်​ရန် ထာဝရဘုရား​၌​မှီဝဲဆည်းကပ်​သော တိုင်းတစ်ပါးသား​တို့​ကို​လည်းကောင်း​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေရန် စောင့်ထိန်း​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း 7ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​”#မ 21:13၊ မာ 11:17၊ လု 19:46။​ဟု မိန့်​တော်မူ​၏​။ 8နှင်ထုတ်​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို စုစည်း​တော်မူ​သော ဘုရားရှင်​ထာဝရဘုရား​က “​စုစည်း​ပြီး​သော​သူ​တို့​အပြင် အခြား​သော​သူ​တို့​ကို အစ္စရေး​လူမျိုး​တို့​ထံ၌ ငါ​ထပ်၍​စုစည်း​မည်​”​ဟု မိန့်​တော်မူ​၏​။
မတရားသောခေါင်းဆောင်တို့ကို ရှုတ်ချခြင်း
9ကွင်းပြင်​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။ တော​ထဲ​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။ 10သူ​၏​ကင်းစောင့်​တို့​သည် မျက်မမြင်​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် မည်သည့်​အရာ​မျှ​မ​သိ​ကြ​။ ဆွံ့အ​သော​ခွေး​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် မ​ဟောင်​နိုင်​ကြ​။ အိပ်​လျက်​၊ လဲလျောင်း​လျက်​၊ ငိုက်မျဉ်း​ခြင်း​ကို​တပ်မက်​လျက် နေ​ကြ​၏​။ 11စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။ 12“​လာ​ကြ​။ စပျစ်ဝိုင်​ကို ငါ​ယူ​ခဲ့​မည်​။ သေရည်သေရက်​ကို အဝသောက်​ကြ​စို့​။ မနက်ဖြန်​သည်​လည်း ယနေ့​ကဲ့သို့ပင်​ဖြစ်​လိမ့်မည်​။ ထိုထက် ကောင်း​လျှင်​လည်း ကောင်း​ဦး​မည်​”​ဟု ဆို​တတ်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 56