ဟောရှေအနာဂတ္တိကျမ်း 11
11
အစ္စရေးအပေါ်ထားသော ထာဝရဘုရား၏မေတ္တာတော်
1“အစ္စရေးငယ်စဉ်က သူ့ကိုငါချစ်၏။ ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ခဲ့ပြီ။#မ 2:15။ 2သူတို့သည် ခေါ်လေလေ ထွက်ပြေးလေလေ ဖြစ်၏။ ဗာလဘုရားကို ယဇ်ပူဇော်ကြ၏။ ရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ 3ငါသည် ဧဖရိမ်ကို လမ်းလျှောက်သင်ပေးခဲ့၏။ ပွေ့ချီခဲ့၏။ သူတို့အား ငါကုသပေးခဲ့သည်ကို သူတို့ မသိကြ။ 4ငါသည် သူတို့ကို ကရုဏာ#11:4 တိုက်ရိုက်ပြန်ဆိုလျှင် “လူ”။ကြိုး၊ မေတ္တာကြိုးဖြင့် ဆွဲခေါ်ခဲ့၏။ သူတို့မေးရိုးမှ နဖားကြိုးကို ဖယ်ရှားပေးခဲ့၏။ ကိုယ်ကိုညွှတ်၍ သူတို့ကို အစာကျွေးခဲ့၏။ 5သူတို့သည် ငါ့ထံသို့ ပြန်မလာလိုသောကြောင့် အီဂျစ်ပြည်သို့လည်း ပြန်မသွားရ။ အဆီးရီးယားသည် သူတို့ကိုအုပ်စိုးလိမ့်မည်။ 6ဓားဘေးသည် သူတို့မြို့သို့ရောက်လာ၍ မြို့တံခါးများကို ဖျက်ဆီးပစ်မည်။ သူတို့၏အကြံအစည်တို့ကိုလည်း ဝါးမျိုပစ်မည်။ 7ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။ 8အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။ 9ငါသည် အမျက်ထွက်သည့်အလျောက် မပြု။ ဧဖရိမ်ကို နောက်တစ်ဖန် မဖျက်ဆီး။ အကြောင်းမှာ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ သင်တို့နှင့်အတူရှိသည့်သန့်ရှင်းသောအရှင် ဖြစ်၏။ သင့်ထံ အမျက်ဖြင့်လာမည်မဟုတ်။ 10သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။ 11သူတို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ငှက်ကဲ့သို့ အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့ အဆီးရီးယားပြည်မှလည်းကောင်း ထွက်လာကြလိမ့်မည်။ ငါသည် သူတို့ကို နေရင်းပြည်၌ နေရာချထားပေးမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ 12“ဧဖရိမ်သည် မုသားသုံး၍ ငါ့ကိုလှည့်စား၏။ အစ္စရေးအမျိုးအနွယ်သည် ငါ့ကိုလိမ်လည်လှည့်ဖြား၏။ ယုဒသည် သန့်ရှင်း၍ သစ္စာစောင့်သောဘုရားကို ဆန့်ကျင်လေပြီ။
Currently Selected:
ဟောရှေအနာဂတ္တိကျမ်း 11: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative