YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 38

38
မီးရှို့ရာယဇ်ပလ္လင်တည်ခြင်း
1မီးရှို့​ရာ​ယဇ်ပလ္လင်​ကို​အကေရှား#38:1 “ထနောင်းမျိုး”။​သစ်သား​ဖြင့် လုပ်​ထား​၏​။ ထို​ယဇ်ပလ္လင်​သည် အလျား​ငါး​တောင်#38:1 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​၊ အနံ​ငါး​တောင် စတုရန်း​ပုံ​ဖြစ်၍ အမြင့်​သုံး​တောင်#38:1 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။​ရှိ​၏​။ 2ယဇ်ပလ္လင်​၏​ထောင့်​လေး​ထောင့်​၌ ချို​များ​ကို​လုပ်​၍ ထို​ချို​များ​သည် ယဇ်ပလ္လင်​နှင့်တစ်ဆက်တည်း​ဖြစ်​၏​။ ယဇ်ပလ္လင်​ကို ကြေးနီ​ဖြင့်​မွမ်းမံ​၏​။
3အိုး​၊ ဂေါ်ပြား​၊ ဇလုံ​၊ ခက်ရင်းခွ​၊ မီးကျီးခံဗန်း စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြေးနီ​ဖြင့်​လုပ်​၏​။ 4ယဇ်ပလ္လင်​၏​အောက်​ဘက်​အလယ်​နား​တွင် အစွန်းထွက်​နေ​သော​နေရာ​၏​အောက်​၌​ထား​ရ​မည့် ကြေးနီ​စကာ​မီးကျီးခံပြား​ကို​လုပ်​၏​။ 5ထမ်းပိုး​များ​လျှိုစရာ​ကွင်း​လေး​ကွင်း​ကို ကြေးနီ​မီးကျီးခံပြား​ထောင့်​လေး​ထောင့်​တွင် သွန်းလုပ်တပ်ဆင်​၏​။ 6ထမ်းပိုး​များ​ကို အကေရှား#38:6 “ထနောင်းမျိုး”။​သစ်သား​ဖြင့်​လုပ်​၍ ကြေးနီ​ဖြင့်​မွမ်းမံ​၏​။ 7ယဇ်ပလ္လင်​ကို​ထမ်း​ရန် ယဇ်ပလ္လင်​၏​ဘေး​တစ်ဖက်တစ်ချက်​၌​ရှိ​သော​ကွင်း​များ​ထဲသို့ ထမ်းပိုး​တို့​ကို​လျှိုသွင်း​ထား​၏​။ ယဇ်ပလ္လင်​ကို ပျဉ်ပြား​များ​ဖြင့် အခေါင်းပေါက်​ဖြစ်​အောင်​လုပ်​၏​။
ကြေးနီအင်တုံသွန်းလုပ်ခြင်း
8ကြေးနီ​အင်တုံ​နှင့်​ကြေးနီ​ခြေတိုင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အဝင်ဝ​၌​အစေခံ​သော အမျိုးသမီး​တို့​၏​ကြေးမုံ​ဖြင့် လုပ်ထား​၏​။
တဲတော်ဝင်းဆောက်လုပ်ခြင်း
9ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဝင်း​ကို​လည်း လုပ်​၏​။ ထို​ဝင်း​၏​တောင်ဘက်ခြမ်း​တစ်ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ#38:9 “1800 လက်မ သို့မဟုတ် 4500 စင်တီမီတာ”။​ရှိ​သော​အကာ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​၏​။ 10ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​၏​။ 11မြောက်ဘက်ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ​ရှည်​သော​အကာ​ကို​လုပ်​၏​။ ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ထား​၏​။ 12အနောက်​ဘက်ခြမ်း​အတွက် အတောင်​ငါးဆယ်#38:12 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​ဆယ်​တိုင်​၊ တိုင်​အောက်ခံအစွပ်​ဆယ်​ခု​လုပ်​၏​။ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လုပ်​ထား​၏​။ 13နေထွက်​ရာ​အရပ် ဝင်း​အရှေ့​ဘက်ခြမ်း​သည် အတောင်​ငါးဆယ်​ရှိ​၍ 14ဝင်း​အဝင်ဝ​တစ်ဘက်​၌ တစ်ဆယ့်​ငါး​တောင်#38:14 “270 လက်မ သို့မဟုတ် 675 စင်တီမီတာ”။​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု​၊ 15ကျန်​တစ်ဘက်​၌​လည်း တစ်ဆယ့်​ငါး​တောင်​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု​လုပ်​၏​။ 16ဝင်း​ပတ်ပတ်လည်​၏​အကာ​ရှိသမျှ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​၏​။ 17တိုင်​အောက်ခံအစွပ်​များ​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​၏​။ တိုင်​ထိပ်​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။ ဝင်း​တိုင်​အားလုံး​၏​ထိပ်​ကို ငွေ​အစွပ်​ဖြင့်​စွပ်​၏​။
18ဝင်း​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို​လုပ်​၏​။ ထို​လိုက်ကာ​၏​အလျား​သည် အတောင်​နှစ်ဆယ်#38:18 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။​၊ အနံ​သည် ဝင်း​အကာ​၏​အမြင့်​အတိုင်း ငါး​တောင်​ရှိ​၏​။ 19ဝင်းတံခါး​အတွက် တိုင်​လေး​တိုင်​၊ တိုင်​အောက်ခံ​ကြေးနီ​အစွပ်​လေး​ခု​နှင့် ငွေ​ချိတ်​ကို​လုပ်​၏​။ တိုင်​ထိပ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။ 20ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ဝင်း​ပတ်ပတ်လည်​အတွက် ငုတ်တိုင်​အားလုံး​ကို ကြေးနီ​ဖြင့်​လုပ်​၏​။
တဲတော်ပစ္စည်းစာရင်း
21မောရှေ​ပြော​သည့်​အတိုင်း သက်သေခံ​တော်မူ​ချက်​ထားရှိ​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက် ပြုစု​ထား​သော​ပစ္စည်း​စာရင်း​ကား ဤသို့တည်း​။ ထို​စာရင်း​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သား​ဣသမာ​ဦးဆောင်​၍ လေဝိ​အမျိုး​တို့​က ပြုစု​ကြ​၏​။ 22မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​အားလုံး​ကို ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​သည် လုပ်​၏​။ 23ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​သည်​လည်း သူ​နှင့်အတူ လုပ်​၏​။ အဟောလျဘ​သည် လက်မှုအတတ်​၊ ပုံဖော်​သော​အတတ်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည် တို့​ဖြင့် ပိတ်ချောထည်​ပေါ်တွင် ပန်းထိုးသောအတတ်​တို့​ကို ကျွမ်းကျင်သူ​ဖြစ်​၏​။
24သန့်ရှင်းရာဌာန​တော်​တည်ဆောက်​ခြင်း​အမှု​ရှိသမျှ​တို့​တွင် အသုံးပြု​သော​ရွှေ​ချိန်​စုစုပေါင်း​မှာ သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ချီလွှဲရာပူဇော်သက္ကာ​ရွှေ နှစ်ဆယ့်​ကိုး​တာလန်#38:24 “638 ပိဿာ သို့မဟုတ် 986 ကီလိုဂရမ်”။ ခုနစ်​ရာ့​သုံးဆယ်​ရှယ်ကယ်#38:24 “5.5 ပိဿာ သို့မဟုတ် 8.4 ကီလိုဂရမ်”။ ရှိ​၏​။ 25စာရင်းဝင်​သော​လူထု​တို့ ပေးလှူ​သော​ငွေ​သည် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ တစ်ရာ​တာလန်#38:25 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။ တစ်ထောင့်​ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ရှယ်ကယ်#38:25 “13.3 ပိဿာ သို့မဟုတ် 20.4 ကီလိုဂရမ်”။​ဖြစ်​၏​။ 26အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက်#38:26 “0.375 ကျပ်သား သို့မဟုတ် 5.75 ဂရမ်”။​ဖြစ်​သော တစ်​ဗေကာ#38:26 “5 ပဲသား သို့မဟုတ် 5.7 ဂရမ်”။​ကို ပေးဆောင်​ကြ​၏​။ 27ငွေ​တာလန်​တစ်ရာ​ဖြင့် သန့်ရှင်းရာဌာန​အတွက် အောက်ခံအစွပ်​များ​နှင့် ကန့်လန့်ကာ​အတွက် အောက်ခံအစွပ်​များ​ကို သွန်းလုပ်​၏​။ အောက်ခံအစွပ်​တစ်​ခု​လျှင် တစ်​တာလန်#38:27 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။​၊ အောက်ခံအစွပ်​တစ်ရာ​အတွက် တာလန်​တစ်ရာ​ဖြစ်​၏​။ 28ကျန်​ငွေ​တစ်ထောင့်​ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ရှယ်ကယ်#38:28 “13.3 ပိဿာ သို့မဟုတ် 20.4 ကီလိုဂရမ်”။​ဖြင့် တိုင်​၏​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို​လုပ်​၍ တိုင်​ထိပ်​ကို​မွမ်းမံ​၏​။
29ချီလွှဲရာပူဇော်သက္ကာ​ကြေးနီ​သည်​လည်း ခုနစ်ဆယ်​တာလန်#38:29 “1547 ပိဿာ သို့မဟုတ် 2380 ကီလိုဂရမ်”။ နှစ်ထောင့်​လေး​ရာ​ရှယ်ကယ်#38:29 “18 ပိဿာ သို့မဟုတ် 27.6 ကီလိုဂရမ်”။​ဖြစ်​၏​။ 30ထို​ကြေးနီ​ဖြင့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကြေးနီ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​ကို​လည်းကောင်း​၊ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ 31ဝင်း​ပတ်ပတ်လည်​အတွက် အောက်ခံအစွပ်​နှင့် ဝင်း​တံခါး​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ငုတ်တိုင်​ရှိသမျှ​နှင့် ဝင်း​ပတ်ပတ်လည်​၏​ငုတ်တိုင်​ရှိသမျှ​ကို​လည်းကောင်း လုပ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in