YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 36

36
1ဗေဇလေလ​၊ အဟောလျဘ​နှင့်တကွ ထာဝရဘုရား​ထံ​တော်​မှ ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​ရရှိ​၍ သန့်ရှင်းရာဌာန​ဆောက်လုပ်​ခြင်း​နှင့်ဆိုင်သော​အတတ်​အမျိုးမျိုး​တို့​ကို သိမြင်​လုပ်ဆောင်​နိုင်​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​သမျှ​အတိုင်း လုပ်ဆောင်​ကြ​ရ​မည်​”​ဟု ဆို​လေ​၏​။
2မောရှေ​သည် ဗေဇလေလ​နှင့် အဟောလျဘ​ကို​လည်းကောင်း​၊ ထာဝရဘုရား​ထံမှ ဉာဏ်ပညာ​ရရှိ​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ အလုပ်​လာ​လုပ်​ရန်​စိတ်အားထက်သန်​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း ခေါ်​လေ​၏​။ 3သူ​တို့​သည် သန့်ရှင်းရာဌာန​ကို​တည်ဆောက်​ခြင်း​လုပ်ငန်း​အတွက် အစ္စရေး​အမျိုးသား​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​အားလုံး​ကို မောရှေ​ထံ​မှ လက်ခံယူ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မောရှေ​ထံသို့ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​တို့​ကို ဆက်လက်​၍ နံနက်တိုင်း​ယူဆောင်​လာ​ကြ​၏​။
4သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အလုပ်​အမျိုးမျိုး​ကို လုပ်ဆောင်​နေ​သော​လက်မှုပညာသည်​အပေါင်း​တို့​သည် ကိုယ်​အလုပ်လုပ်​နေ​သည့်​လုပ်ငန်းခွင်​အသီးသီး​မှ မောရှေ​ထံသို့​လာ​၍ 5“​လူ​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အလုပ်​ကို​လုပ်ဆောင်​ရန်​အတွက် လိုအပ်​သည်​ထက် ပို​နေ​ပါ​သည်​”​ဟု ပြောကြား​ကြ​၏​။
6မောရှေ​က​လည်း “​သန့်ရှင်းရာဌာန​တော်​အဖို့​အလှူပစ္စည်း​များ​ကို မည်သည့်​ယောက်ျား​မိန်းမ​မျှ ထပ်​မ​လုပ်​ရ​”​ဟု အမိန့်ထုတ်​၍ တပ်စခန်း​တစ်ခုလုံး​သို့ ကြေညာ​စေ​၏​။ လူ​တို့​ကို​လည်း အလှူပစ္စည်း​များ​ထပ်၍​မ​ယူဆောင်​လာ​ရန် တားမြစ်​၏​။ 7အလှူပစ္စည်း​တို့​သည် လုပ်ဆောင်​ရ​မည့်​အလုပ်​ရှိသမျှ​အတွက် လုံလောက်​သည်​သာမက ပိုလျှံ​လျက်​ရှိ​၏​။
တဲတော်တည်ဆောက်ခြင်း
8အလုပ်​လုပ်​သော​သူ​တို့​ထဲမှ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ရွက်ထည်​ဆယ်​ထည်​ဖြင့် လုပ်​ကြ​၏​။ ထို​ရွက်ထည်​တို့​သည် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​ထား​သော ပိတ်ချောထည်​ဖြစ်​ကြ​၏​။ ထို​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ်#36:8 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ရုပ်​များ​ကို လက်ရာမြောက်​စွာ ပုံဖော်​ထား​ကြ​၏​။ 9ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် နှစ်ဆယ့်​ရှစ်​တောင်#36:9 “504 လက်မ သို့မဟုတ် 1260 စင်တီမီတာ”။​၊ အနံ​သည် လေး​တောင်#36:9 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။​ရှိ​၏​။ ထို​ရွက်ထည်​အားလုံး​သည် အရွယ်အစား​တူ​၏​။ 10ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ​၊ အခြား​ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ တစ်​ထည်​နှင့်​တစ်​ထည် ဆက်​ထား​၏​။ 11အပြာရောင်​ချည်​ဖြင့် ကွင်း​များ​ကို​လုပ်​၍ ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင်​တပ်​၏​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင်​လည်း ထို့အတူ​လုပ်​၏​။ 12ရွက်ထည်​တစ်​တွဲ​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​၏​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အစွန်း​၌​တပ်​ရန်​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​၏​။ ထို​ကွင်း​များ​သည် တစ်​ကွင်း​နှင့်​တစ်​ကွင်း​ဆိုင်​နေ​ကြ​၏​။ 13ရွှေ​ချိတ်​အခု​ငါးဆယ်​ကို​လည်း​လုပ်​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တစ်ဆောင်တည်း​ဖြစ်​စေရန် ထို​ချိတ်​များ​ဖြင့် ရွက်ထည်​တစ်​တွဲ​နှင့်​တစ်​တွဲ တွဲ​ထား​၏​။
14ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​ဖုံးအုပ်​ရန် ဆိတ်မွေး​ရွက်ထည်​တဲ​အတွက် ရွက်ထည် တစ်ဆယ့်တစ်​ထည်​ကို လုပ်​၏​။ 15ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် အတောင်​သုံးဆယ်#36:15 “540 လက်မ သို့မဟုတ် 1350 စင်တီမီတာ”။​၊ အနံ​သည် လေး​တောင်​ရှိ​၏​။ ထို​ရွက်ထည်​တစ်ဆယ့်တစ်​ထည်​သည် အရွယ်အစား​တူ​၏​။ 16ရွက်ထည်​ငါး​ထည်​ကို​တစ်တွဲ​၊ ရွက်ထည်​ခြောက်​ထည်​ကို​တစ်တွဲ ဆက်​ထား​၏​။ 17ရွက်ထည်​တစ်တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ်​၊ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ် တပ်​၏​။ 18တဲ​တော်​တစ်ဆောင်တည်း​ဖြစ်​စေရန် ချိတ်​ပေး​မည့် ကြေးနီ​ချိတ်​အခု​ငါးဆယ်​ကို​လည်း လုပ်​၏​။ 19တဲ​တော်​၏​အမိုး​ကို အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​ဖြင့်​လုပ်​၏​။ ထို​အပေါ်​၌​ထပ်မိုး​ရန်​အမိုး​ကို တဟာရှ#36:19 သို့မဟုတ် “အကောင်းဆုံး”၊ “လင်းပိုင်ငါး”၊ “ဆိတ်”။ အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။​သားရေ​ဖြင့် လုပ်​၏​။
20ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက်​ဘောင်​များ​ကို အကေရှား#36:20 “ထနောင်းမျိုး”။​သစ်သား​များ​ဖြင့် လုပ်​၍ ထောင်​ထား​၏​။ 21ဘောင်​တစ်ခုစီ​၏​အလျား​သည် အတောင်​တစ်ဆယ်#36:21 “180 လက်မ သို့မဟုတ် 450 စင်တီမီတာ”။​၊ အနံ​သည် တစ်တောင့်#36:21 “27 လက်မ သို့မဟုတ် 67.5 စင်တီမီတာ”။​တစ်ထွာ​ရှိ​၏​။ 22ဘောင်​တစ်​ခု​နှင့်​တစ်​ခု​ဆက်​ရန် ဘောင်​တစ်ခုစီ​၌​စရွေးတံ​နှစ်​ခု​ရှိ​၏​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​ရှိသမျှ​တို့​ကို ထို့အတူ​လုပ်​၏​။ 23ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တောင်ဘက်​ခြမ်း​အတွက် ဘောင်​အခု​နှစ်ဆယ်​လုပ်​၏​။ 24ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ဘောင်​အခု​နှစ်ဆယ်​အတွက် အောက်ခံ​ငွေ​အစွပ်​အခု​လေးဆယ်​လုပ်​၏​။ 25ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အခြား​တစ်ဖက်​ဖြစ်​သည့် မြောက်ဘက်ခြမ်း​အတွက်​လည်း ဘောင်​အခု​နှစ်ဆယ်​လုပ်​၏​။ 26ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် အောက်ခံ​ငွေ​အစွပ်​လေးဆယ်​လုပ်​၏​။ 27ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဆုံး အနောက်ဘက်​ခြမ်း​အတွက် ဘောင်​ခြောက်​ခု​လုပ်​၏​။ 28ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဆုံး​ရှိ ထောင့်​နှစ်ထောင့်​အတွက် ဘောင်​နှစ်​ခု​လုပ်​၏​။ 29ထို​ဘောင်​တို့​သည် အောက်ပိုင်း​၌ နှစ်​ခွ​ဖြစ်​နေ​၏​။ ထိပ်ပိုင်း​တွင် ဘောင်​နှစ်ခုစလုံး ကွင်း​တစ်ခုတည်း​၌ အတူတူ​ချိတ်​ထား​၏​။ ထောင့်​များ​အတွက် ဘောင်​နှစ်ခုစလုံး ထိုနည်းတူ​ဖြစ်​၏​။ 30ထို့ကြောင့် ဘောင်​ရှစ်​ခု​ရှိ​၏​။ ဘောင်​တစ်ခုစီ​အောက်​၌ အောက်ခံအစွပ်​နှစ်ခုစီ​ရှိ​၏​။ ထို​ဘောင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ်​တစ်ဆယ့်​ခြောက်​ခု​ရှိ​၏​။
31ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်​ဖက်​ရှိ​ဘောင်​များ​အတွက် အကေရှား#36:31 “ထနောင်းမျိုး”။​သစ်သား ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊ 32ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နောက်​တစ်ဖက်​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အနောက်ဘက်ခြမ်း​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း လုပ်​၏​။ 33ဘောင်​များ​၏​အလယ်​တစ်ဝက်​ရှိ အလယ်​ကန့်လန့်ကျင်​ကို တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် ထုတ်ချင်းပေါက်​စေ​၏​။ 34ဘောင်​များ​ကို ရွှေ​ဖြင့်​မွမ်းမံ​၏​။ ကန့်လန့်ကျင်​လျှို​ရန်​ကွင်း​များ​ကို ရွှေ​ဖြင့်​လုပ်​၏​။ ကန့်လန့်ကျင်​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​၏​။
35အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ်#36:35 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ရုပ်​ကို လက်ရာမြောက်​စွာ​ပုံဖော်​ထား​သော ကန့်လန့်ကာ​ကို​လုပ်​၏​။ 36ကန့်လန့်ကာ​အတွက် အကေရှား#36:36 “ထနောင်းမျိုး”။​သစ်သား​တိုင်​လေး​တိုင်​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​၏​။ ထို​တိုင်​တို့​၌ ရွှေ​ချိတ်​များ​ပါရှိ​၏​။ ထို​တိုင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ်​လေး​ခု​ကို သွန်းလုပ်​၏​။
37တဲ​တော်​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို လုပ်​၏​။ 38လိုက်ကာ​အတွက် ချိတ်​များ​ပါရှိ​သည့် တိုင်​ငါး​တိုင်​ကို​လုပ်​၍ တိုင်​ထိပ်​နှင့်​တိုင်ထိပ်အစွပ်​ကို ရွှေ​ဖြင့်​မွမ်းမံ​၏​။ တိုင်​များ​၏​အောက်ခံအစွပ်​ငါး​ခု​ကို ကြေးနီ​ဖြင့် သွန်းလုပ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in