YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 20

20
ပညတ်တော်ဆယ်ပါး
1ဘုရားသခင်​မိန့်​တော်မူ​သော​စကား​အလုံးစုံ​ကား ဤသို့​တည်း​။
2“​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။
3သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။#ထွ 34:14၊ လု 4:8။
4အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။ 5ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊ 6ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်​အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။
7သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။
8ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရန် အောက်မေ့​လော့​။ 9သင်​၏​အလုပ်​ရှိသမျှ​ကို ခြောက်​ရက်​ပတ်လုံး အားထုတ်​လုပ်ဆောင်​လော့​။ 10သတ္တမ​နေ့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဥပုသ်နေ့ ဖြစ်​၏​။ ထို​နေ့​၌ သင်​မှစ၍ သင်​၏​သား​သမီး​၊ သင်​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ သင်​၏​တိရစ္ဆာန်​နှင့် သင့်​မြို့​အတွင်း​ရှိ​တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ 11အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ခြောက်​ရက်​ပတ်လုံး​ဖန်ဆင်း​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။#ဟေဗြဲ 4:4။ ထို့ကြောင့် ထာဝရဘုရား​သည် ဥပုသ်နေ့​ကို ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။
12သင်​၏​မိဘ​ကို​ရိုသေ​လော့​။#မာ 7:10၊ 10:19၊ ဧ 6:2။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေးသနား​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​လိမ့်မည်​။
13လူ​မ​သတ်​ရ​။
14အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​မ​ကျူးလွန်​ရ​။#မ 5:27၊ ရော 13:9၊ ယာ 2:11။
15မ​ခိုး​ရ​။
16သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။
17သင့်​အိမ်နီးချင်း​၏​အိမ်​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​မယား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တပ်မက်​ရ​။​”#တရား 5:21၊ ရော 7:7၊ 13:9။
လူတို့၏တုံ့ပြန်မှု
18လူ​အပေါင်း​တို့​သည် မိုးချုန်းသံ​များ​နှင့်​တံပိုးမှုတ်သံ​ကို​ကြား​၍ လျှပ်စီး​များ​နှင့်​မီးခိုး​ထွက်​နေ​သော​တောင်​ကို တွေ့မြင်​ကြ​သောအခါ လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ အဝေး​၌​ရပ်​လျက်​နေ​ကြ​၏​။ 19ထို့နောက် သူ​တို့​က မောရှေ​အား “​သင်​သာလျှင် အကျွန်ုပ်​တို့​ကို​ဆင့်ဆို​ပါ​လော့​။ အကျွန်ုပ်​တို့​နားထောင်​ပါ​မည်​။ အကျွန်ုပ်​တို့​အား ဘုရားသခင် မိန့်ဆို​တော်​မ​မူ​ပါစေ​နှင့်​။ မိန့်ဆို​တော်မူ​လျှင် အကျွန်ုပ်​တို့​သေ​ကြ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။
20မောရှေ​က​လည်း လူ​တို့​အား “​မ​ကြောက်​ကြ​နှင့်​။ သင်​တို့​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ အပြစ်​မ​ပြု​မည့်​အကြောင်း ဘုရားသခင်​သည် သင်​တို့​ကို စမ်းသပ်​ရန် ကြွလာ​တော်မူ​၏​”​ဟု ဆို​လေ​၏​။ 21မောရှေ​သည် ဘုရားသခင်​ရှိ​ရာ​အမှောင်ထု​သို့ ချဉ်းကပ်​သောအခါ လူ​တို့​သည် အဝေး​၌​ရပ်​နေ​ကြ​၏​။
မောရှေအား ပညတ်ချက်များထပ်ပေးခြင်း
22ထိုအခါ ထာဝရဘုရား​က မောရှေ​အား “အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​အား ကောင်းကင်​မှ စကားပြော​သည်​ကို သင်​တို့​ကိုယ်တိုင် ကြုံတွေ့​ရ​ပြီ​။ 23သင်​တို့​သည် ငါ​နှင့်​ယှဉ်​၍ သင်​တို့​အဖို့ ရွှေ​ဘုရား​ငွေ​ဘုရား​များ​ကို​လည်း မ​ပြုလုပ်​ရ​။
24သင်​တို့​သည် ငါ့​အတွက် မြေ​ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​အဖြစ် သင်​တို့​၏​သိုး​များ​၊ နွား​များ​ကို ယဇ်ပူဇော်​ရ​မည်​။ ထိုသို့ ငါ​၏​နာမ​တော်​ကို​အောက်မေ့​ရာ​အရပ်ရပ်​ရှိ သင်​တို့​ထံသို့ ငါ​ကြွလာ​၍ သင်​တို့​ကို​ကောင်းချီးပေး​မည်​။ 25ကျောက်​ကို ကျောက်ထွင်း​ကိရိယာ​ဖြင့်​ထုဆစ်​လျှင် ထို​ကျောက်​ကို ညစ်ညူး​စေ​ရာ​ရောက်​သည်​ဖြစ်​၍ ငါ့​အတွက် ကျောက်​ယဇ်ပလ္လင်​ကို​တည်​လျှင် ထုဆစ်​ထား​သော​ကျောက်​ဖြင့် မ​တည်​ရ​။ 26သင်​တို့​၏​အရှက်#20:26 သို့မဟုတ် “သင်တို့၏ရှက်ဖွယ်ရာအင်္ဂါ”။​မ​ပေါ်​မည့်​အကြောင်း ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့ လှေကား​ဖြင့်​မ​တက်​ရ’​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy