ဧသတာဝတ္ထု 9:20-22
ဧသတာဝတ္ထု 9:20-22 MSBU
မော်ဒကဲသည် ထိုအဖြစ်အပျက်တို့ကို မှတ်တမ်းတင်ထား၏။ ထို့ပြင် အာရွှေရုမင်းကြီးပိုင်နယ်မြေတစ်ဝန်းလုံး ရပ်နီးရပ်ဝေးရှိ ဂျူးလူမျိုးအပေါင်းတို့ထံသို့ စာရေးပေးပို့လိုက်၏။ ထိုစာတွင် နှစ်စဉ်နှစ်တိုင်း အာဒါလ၊ တစ်ဆယ့်လေးရက်နေ့နှင့် တစ်ဆယ့်ငါးရက်နေ့တွင် ပွဲတော်ကျင်းပရန် ပြဋ္ဌာန်းထား၏။ ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။