YouVersion Logo
Search Icon

တရားဟောရာကျမ်း 25

25
တရားမျှတမှု၊ သက်ညှာမှု
1လူ​နှစ်​ယောက် ခိုက်ရန်ဖြစ်ပွား​ကြ​လျှင် တရားရုံး​သို့​သွား​ရ​မည်​။ တရားသူကြီး​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်မရှိ​ဟု​စီရင်​ရ​မည်​။ ဆိုးယုတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​ရ​မည်​။ 2အပြစ်ရှိ​သော​သူ​သည် ကြိမ်ဒဏ်​ခံသင့်​လျှင် တရားသူကြီး​သည် မိမိ​ရှေ့​၌ သူ့​ကို​မှောက်​စေ​ပြီး သူ​၏​ဆိုးယုတ်မှု​နှင့်​ထိုက်တန်​သည့် ကြိမ်ဒဏ်​အရေအတွက်​အတိုင်း ရိုက်​စေ​ရ​မည်​။ 3ထို​သူ​ကို အချက်​လေးဆယ်​ထက် ပို​မ​ရိုက်​ရ​။ ထို့​ထက်​ပို​ရိုက်​လျှင် သင့်​အမျိုးသားချင်း​သည် အရှက်​ရ​လိမ့်မည်​။ 4တလင်းနယ်​နေ​သည့် နွား​ကို ပါးချုပ်​မ​တပ်​ရ​။#၁ကော 9:9၊ ၁တိ 5:18။
မျိုးရိုးထိန်းသိမ်းခြင်း
5အတူ​နေထိုင်​သော​ညီအစ်ကို​တို့​ထဲမှ တစ်​ယောက်​သည် သား​မ​ရှိ​ဘဲ သေဆုံး​ခဲ့​လျှင် သေဆုံး​သူ​၏​မယား​သည် အပြင်​သူစိမ်း​ယောက်ျား​နှင့် မ​စုံဖက်​ရ​။ သူ့​ယောက်ျား​၏​ညီ​သည် သူ့​ထံသို့​ဝင်​၍ သူ​နှင့်​စုံဖက်​ရ​မည်​။ သူ့​အပေါ်​၌ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ယူ​ရ​မည်​။#မ 22:24၊ မာ 12:19၊ လု 20:28။ 6သေဆုံး​သွား​သော​အစ်ကို​၏​အမည်​သည် အစ္စရေး​လူမျိုး​ထဲမှ ပျောက်ပျက်​မ​သွား​မည့်​အကြောင်း ထို​မိန်းမ​မွေးဖွား​သော​သားဦး​သည် အစ်ကို​၏​အမည်​ကို​ဆက်ခံ​ရ​မည်​။ 7ထို​ယောက်ျား​သည် မရီး​ကို​မ​ယူ​လို​လျှင် မရီး​သည် သက်ကြီးဝါကြီး​တို့​ရှိ​ရာ မြို့​တံခါး​သို့​သွား​၍ ‘​ကျွန်မ​၏​မတ်​သည် အစ္စရေး​လူမျိုး​ထဲ၌ သူ့​အစ်ကို​၏​အမည်​ဆက်ရှိ​နေ​စေ​ရ​မည်​ကို သူ​မပြုလို​ပါ​။ သူ​သည် ကျွန်မ​အပေါ်​၌ မတ်​တစ်​ယောက်​၏​တာဝန်​ကို​မ​ယူ​လို​ပါ​’​ဟု ပြောကြား​ရ​မည်​။ 8မြို့​၏​သက်ကြီးဝါကြီး​တို့​သည် သူ့​ကို​ခေါ်​ပြော​ရ​မည်​။ သူ​က​‘​အကျွန်ုပ်​သည် ဤ​မိန်းမ​ကို​မ​ယူ​လို​ပါ​’​ဟု အခိုင်အမာ​ဆို​လျှင် 9သူ​၏​မရီး​သည် သူ့​ထံသို့ သွား​၍ သက်ကြီးဝါကြီး​တို့​ရှေ့​၌ သူ့​ခြေ​မှ ဖိနပ်​ကို​ချွတ်ယူ​ပြီး သူ​၏​မျက်နှာ​ကို တံတွေးထွေး​ကာ ‘​ကိုယ့်​အစ်ကို​၏​အိမ်​ကို​မ​တည်ဆောက်​သော​သူ​အား ဤသို့​ပြု​ရ​သည်​’​ဟု ပြော​ရ​မည်​။ 10သူ​၏​အမည်​ကို​လည်း အစ္စရေး​လူမျိုး​တို့​တွင် ‘​ဖိနပ်​ချွတ်​ခံရ​သော​အမျိုး​’​ဟု ခေါ်တွင်​စေ​ရ​မည်​။ 11ယောက်ျား​နှစ်ဦး​ရန်ဖြစ်​ကြ​၍ တစ်​ဦး​၏​မယား​သည် မိမိ​လင်ယောက်ျား​ကို​ရိုက်နှက်​နေ​သော​သူ​၏​လက်​မှ​လွတ်မြောက်​စေ​လို​သဖြင့် ဝင်​၍ ထို​သူ​၏​ယောက်ျားတန်ဆာ​ကို လှမ်းဆွဲ​မည်​ဆိုလျှင် 12ထို​မိန်းမ​၏​လက်​ကို ဖြတ်​ရ​မည်​။ သူ့​ကို မ​သနား​ရ​။
မှန်ကန်သောအလေး၊ ခြင်တောင်း
13သင့်​အိတ်​၌ ကြီး​သော​အလေး​၊ ငယ်​သော​အလေး​ဟူ၍ အချိန်ချင်း​မတူ​သော​အလေး​မ​ရှိ​ရ​။ 14သင့်​အိမ်​၌ ကြီး​သော​တောင်း​၊ ငယ်​သော​တောင်း​ဟူ၍ အဝင်ချင်း​မ​တူ​သော​ခြင်တောင်း​မ​ရှိ​ရ​။ 15သင်​၏​အလေး ပြည့်​ရ​မည်​၊ မှန်ကန်​ရ​မည်​။ သင်​၏​ခြင်တောင်း ပြည့်​ရ​မည်​၊ မှန်ကန်​ရ​မည်​။ သို့ပြုလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​မည်​။ 16အကြောင်းမူကား ထိုသို့​သော​အားဖြင့် မတရား​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
အာမလက်လူမျိုးတို့ကို ရန်ကြွေးဆပ်ခြင်း
17အီဂျစ်​ပြည်​မှ သင်​ထွက်လာ​၍ ခရီးပြု​ကြ​စဉ် အာမလက်​လူမျိုး​တို့​သည် သင့်​အား မည်ကဲ့သို့​ပြု​ခဲ့​သည်​ကို အောက်မေ့​လော့​။ 18သင်​မောပန်း​လျက် ခြေကုန်လက်ပန်းကျ​နေ​သော​အချိန်​တွင် လမ်းခရီး​၌ သင့်​ကို​တွေ့​၍ နောက်၌​ကျန်ရစ်​ခဲ့​သော​သူ​အပေါင်း​တို့​ကို သတ်ဖြတ်​ခဲ့​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​ကို မ​ကြောက်ရွံ့​ကြ​။ 19သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် အပိုင်​ပေး​တော်မူ​သော​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သောအခါ အာမလက်​လူမျိုး​တို့​နှင့်ဆိုင်သော​အမှတ်ရစရာ​အား မိုးကောင်းကင်​အောက်​မှ ပျောက်ပျက်​စေ​ရ​မည်​ကို မ​မေ့လျော့​နှင့်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in