YouVersion Logo
Search Icon

တရားဟောရာကျမ်း 19

19
ခိုလှုံရာမြို့များ
1သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​သော​ပြည်​ရှိ လူမျိုး​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​မြို့​များ​၊ သူ​တို့​၏​အိမ်​များ​၌ နေထိုင်​ကြ​သောအခါ 2သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​တော်မူ​သော​ပြည်​ထဲ​၌ မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​။ 3လူသတ်​မိ​သော​သူ​မည်သူမဆို ထို​မြို့​များ​သို့​ထွက်ပြေး​နိုင်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို နယ်မြေ​သုံး​ပိုင်း​ပိုင်း​၍ လမ်း​ကို​လည်း ဖောက်လုပ်​ရ​မည်​။ 4မိမိ​အိမ်နီးချင်း​ကို အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​အရပ်​သို့​ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​မည်​။ 5ဥပမာ​အားဖြင့် အိမ်နီးချင်း​နှင့်အတူ တော​ထဲသို့ သစ်​ခုတ်​သွား​သော​သူ​သည် အပင်​ခုတ်လှဲ​ရန် ပုဆိန်​ကို​လွှဲ​လိုက်​သောအခါ ပုဆိန်​သည် အရိုး​မှ​ကျွတ်ထွက်​၍ အိမ်နီးချင်း​ကို ထိမှန်​ကာ အိမ်နီးချင်း​သေ​သွား​လျှင် လူသတ်​မိ​သော​သူ​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။ 6သို့မဟုတ်လျှင် လမ်းခရီး​ဝေး​သဖြင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​မိ​သော​သူ​နောက်သို့ ဒေါသတကြီး​လိုက်​၍​မီ​သောအခါ သူ့​ကို အသေသတ်​မိ​လိမ့်မည်​။ အကယ်စင်စစ် ထို​လူသတ်​မိ​သော​သူ​သည် မိမိ​အိမ်နီးချင်း​အပေါ် အမုန်း​မ​ရှိ​သောကြောင့် အသေ​မ​ခံ​သင့်​။ 7ထို့ကြောင့် ‘​သင်​သည် မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​’​ဟု သင့်​အား ငါ​မိန့်မှာ​ခဲ့​ခြင်း​ဖြစ်​၏​။ 8သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ပြန့်​စေ​၍ သင့်​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကတိထား​တော်မူ​ခဲ့​သည့် ပြည်​တစ်ပြည်လုံး​ကို သင့်​အား ပေး​တော်မူ​လျှင်​၊ 9သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​လမ်း​တော်​၌ အစဉ်အမြဲ​လျှောက်လှမ်း​ရ​မည်​ဟု ယနေ့ သင့်​အား​ငါ​မှာကြား​သော ဤ​ပညတ်တော်​ရှိသမျှ​ကို သင်​လိုက်နာ​စောင့်ထိန်း​မည်​ဆိုလျှင် ထို​မြို့​သုံး​မြို့​အပြင် နောက်ထပ်​မြို့​သုံး​မြို့​ကို သင်​ထပ်ပေါင်း​ရ​လိမ့်မည်​။ 10သို့ပြုလျှင် အမွေ​အဖြစ် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ထဲ​၌ အပြစ်မဲ့​သော​သူ​သည် အသက်​ဆုံးရှုံး​ရ​မည်​မ​ဟုတ်​။ အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​သည်​လည်း သင့်​အပေါ် ကျရောက်​မည်​မ​ဟုတ်​။ 11တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို မုန်း​သောကြောင့် သူ့​ကို​ချောင်းမြောင်း​တိုက်ခိုက်​၍ အသေသတ်​ပြီး ထို​မြို့​တစ်​မြို့​မြို့​သို့ ထွက်ပြေး​သွား​သော် 12သူ​နေထိုင်​သော​မြို့​မှ သက်ကြီးဝါကြီး​တို့​က လူ​လွှတ်​၍ သူ့​ကို​ခေါ်ဆောင်​လာ​စေ​ပြီး သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​၏​လက်​သို့ အပ်​ရ​မည်​။ သူ​သည် အသတ်​ခံရ​မည်​။ 13သူ့​ကို မ​သနား​ရ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်#19:13 တိုက်ရိုက်ပြန်ဆိုလျှင် “အပြစ်မဲ့သောသွေး”။​ကို အစ္စရေး​လူမျိုး​ထဲမှ ဖယ်ရှား​ပစ်​ရ​မည်​။ သို့မှသာ သင်​ကောင်းစား​မည်​။
နယ်နိမိတ်မှတ်တိုင်များ
14သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​တော်မူ​သော​ပြည်​ရှိ သင်​အမွေဆက်ခံ​ရာ​အမွေမြေ​၌ ရှေးလူကြီး​တို့​သတ်မှတ်​ထား​သော​အိမ်နီးချင်း​၏​နယ်နိမိတ်​မှတ်တိုင်​ကို မ​ရွှေ့​ရ​။
တရားရုံးတွင်သက်သေထွက်ဆိုသူများ
15တစ်စုံတစ်ယောက် ပြု​မိ​သော​ဒုစရိုက်​၊ ကျူးလွန်​မိ​သော​အပြစ် တစ်ခုခု​အတွက် သက်သေထွက်ဆိုသူ​တစ်ဦးတည်း​သာ​ရှိ​လျှင် သူ​၏​စကား အတည်​မ​ဖြစ်​ရ​။ မည်သည့်​ပြစ်မှု​မဆို သက်သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်ဆို​သော​စကား​အားဖြင့်​သာ အတည်​ဖြစ်​ရ​မည်​။#တရား 17:6၊ မ 18:16၊ ၂ကော 13:1။ 16မနာလိုစိတ်​ရှိ​သော​လူ​တစ်ဦး​သည် တစ်ဖက်​လူ​ကို အမှား​ပြု​သည်​ဟု သက်သေထွက်ဆို​လျှင် 17အမှုအခင်း​ဖြစ်​သော ထို​သူ​နှစ်​ဦး​သည် ထာဝရဘုရား​ရှေ့​၊ ယဇ်ပုရောဟိတ်​နှင့် ထို​အချိန်​တွင် တရားသူကြီး​ဖြစ်​သော​သူ​တို့​ရှေ့​တွင် ရပ်​ရ​မည်​။ 18တရားသူကြီး​တို့​သည် အသေအချာ​မေးမြန်း​ပြီး ထို​သက်သေထွက်ဆိုသူ​သည် မိမိ​၏​ညီအစ်ကို​ကို ဆန့်ကျင်​၍ မဟုတ်မမှန်​သက်သေထွက်ဆို​ကြောင်း မှန်​လျှင် 19သူ​သည် သူ​၏​ညီအစ်ကို​အား မကောင်း​ကြံစည်​ခဲ့​သည့်​အတိုင်း သူ့​အား ပြန်ပြု​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ ဖယ်ရှား​ပစ်​ရ​မည်​။ 20ကျန်​သော​သူ​တို့​သည်​လည်း ကြား​၍​ကြောက်ရွံ့​ကြ​သဖြင့် ထို​မကောင်းမှု​မျိုး​ကို နောက်တစ်ဖန် ထပ်၍​ကျူးလွန်​တော့​မည်​မ​ဟုတ်​။ 21သင်​သည် သူ့​ကို မ​သနား​ရ​။ အသက်​အတွက် အသက်​၊ မျက်စိ​အတွက် မျက်စိ​၊ သွား​အတွက် သွား​၊ လက်​အတွက် လက်​၊ ခြေ​အတွက် ခြေ သူ့​ကို ပြန်​ခံ​စေ​ရ​မည်​။#မ 5:38။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in