YouVersion Logo
Search Icon

ရာဇဝင်ချုပ်ဒုတိယစောင် 22

22
ယုဒဘုရင်အာခဇိမင်းကြီး
1အာရပ်​လူ​တို့​နှင့်အတူ တပ်စခန်း​သို့​လိုက်လာ​သော ဓားပြ​အဖွဲ့​သည် ယဟောရံ​မင်းကြီး​၏​သား​တော်​အကြီး​အားလုံး​ကို သတ်ပစ်​သောကြောင့် ဂျေရုဆလင်​မြို့သား​တို့​သည် အငယ်ဆုံး​သား​တော်​အာခဇိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​၏​။ ထို့ကြောင့် ယုဒ​ဘုရင်​ယဟောရံ​မင်းကြီး​၏​သား​တော် အာခဇိ နန်းတက်​လေ​၏​။ 2အာခဇိ​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​နှစ်​နှစ်#22:2 “နှစ်ဆယ့်နှစ်နှစ်” (၄ရာ 8:26 )။​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဩမရိ​မင်းကြီး​၏​မြေး​တော် အာသလိ​အမည်​ရှိ​၏​။
3သူ​၏​မယ်တော်​သည် ဆိုးယုတ်​သော​အကြံ​များ​ကို​သာ ပေး​သောကြောင့် သူ​သည် အာဟပ်​မင်းမျိုးမင်းနွယ်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။ 4သူ​၏​ခမည်းတော်​အနိစ္စရောက်​သည့်​နောက်ပိုင်း​တွင် သူ့​ကို အကြံပေး​ဖျက်ဆီး​သူ​များ​မှာ အာဟပ်​မင်းမျိုးမင်းနွယ်​သာ​ဖြစ်​သောကြောင့် ထို​သူ​တို့​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ 5သူ​သည် ထို​သူ​တို့​ပေး​သော​အကြံ​အတိုင်း​လိုက်​၍ အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယဟောရံ#22:5 “ယောရံ” (၄ရာ 8:28)။​မင်းကြီး​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​ပြီး ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ကို တိုက်ခိုက်​ရာ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့် ယောရံ​မင်းကြီး ဒဏ်ရာ​ရ​သွား​၏​။ 6ထိုသို့ ယောရံ​မင်းကြီး​သည် ရာမ​မြို့​တွင် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ​ရ​သွား​သော​ဒဏ်ရာ​ကို ကုသ​ရန်​အတွက် ယေဇရေလ​မြို့​သို့​ပြန်သွား​၏​။ ယဟောရံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာဇရိ#22:6 “အာခဇိ” (၄ရာ 8:29)။​မင်းကြီး​သည်​လည်း အာဟပ်​မင်းကြီး​၏​သား​တော်​ယဟောရံ#22:6 “ယောရံ” (၄ရာ 8:29)။​မင်းကြီး ဒဏ်ရာရ​သည်​ကို​ကြည့်ရှု​ရန် ယေဇရေလ​မြို့​သို့ လိုက်သွား​လေ​၏​။
7ယောရံ​မင်းကြီး​ထံ အာခဇိ​မင်းကြီး သွားရောက်​ကြည့်ရှု​ခြင်း​သည် အာခဇိ​မင်းကြီး​ပျက်စီး​မည့်​အကြောင်း ဘုရားသခင် စီရင်​ထား​ခြင်း​ဖြစ်​၏​။ သူ​ရောက်သွား​သောအခါ သူ​သည် ယဟောရံ#22:7 သို့မဟုတ် “ယောရံ”။​မင်းကြီး​နှင့်အတူ စစ်ချီသွား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကို သုတ်သင်ပယ်ရှင်း​ရန် ထာဝရဘုရား ဘိသိက်ပေး​ထား​သူ နိမ်ရှိ​၏​မြေး​ယေဟု​ကို တိုက်ခိုက်​၏​။ 8ယေဟု​သည် အာဟပ်​မင်းမျိုးမင်းနွယ်​ကို ကွပ်မျက်​စီရင်​သောအခါ ယုဒ​အကြီးအကဲ​များ​နှင့် အာခဇိ​မင်းကြီး​ကို​ခစား​သော အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​တို့​ကို တွေ့​သဖြင့် သူ​တို့​ကို​ပါ ကွပ်မျက်​လေ​၏​။ 9ထို့နောက် အာခဇိ​မင်းကြီး​ကို လိုက်ရှာ​ရာ ရှမာရိ​မြို့​၌​ပုန်း​နေစဉ် သူ့​ကို​ဖမ်းမိ​၍ ယေဟု​ထံ ခေါ်ဆောင်​လာ​ရာ ယေဟု​သည် သူ့​ကို​ကွပ်မျက်​ပြီးလျှင် “သူ​သည် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော ယောရှဖတ်​မင်းကြီး​၏​မြေး​တော်​ဖြစ်​သည်”​ဟု ဆို​၍ သူ့​ကို​သင်္ဂြိုဟ်​ပေး​ကြ​၏​။ အာခဇိ​မင်းကြီး​၏​အမျိုးအနွယ်​တို့​တွင် တိုင်းပြည်​အုပ်ချုပ်​နိုင်စွမ်း​ရှိ​သူ တစ်ယောက်​မျှ​မ​ရှိ​။
အာသလိက ရာဇပလ္လင်ကိုသိမ်းယူခြင်း
10အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ ယုဒ​တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။ 11သို့သော် ယဟောရံ​မင်းကြီး​၏​သမီး​တော်​ယောရှေဘ​သည် အာခဇိ​မင်းကြီး​၏​သား​တော်​ယောရှ​ကို အသတ်​ခံရ​မည့်​ဘုရင့်​သား​တော်​များ​ထဲ​မှ ခိုး​ယူ​၍ အထိန်းတော်​နှင့်အတူ အတွင်းခန်း​ထဲတွင်​ထည့်​ထား​၏​။ ဤသို့ ယဟောရံ​မင်းကြီး​၏​သမီး​တော် ယဇ်ပုရောဟိတ်​ယောယဒ​၏​မယား အာခဇိ​မင်းကြီး​၏​နှမ​တော်​ဖြစ်​သော​ယောရှေဘ​သည် ယောရှ​ကို​ဝှက်ထား​သဖြင့် အာသလိ​ရန်​မှ ကင်း​၍ အသတ်​မ​ခံရ​တော့​ပေ​။ 12တိုင်းပြည်​ကို အာသလိ​ဘုရင်မ အုပ်စိုး​စဉ် ယောရှ​သည် အထိန်းတော်​နှင့်အတူ ဘုရားသခင်​၏​အိမ်​တော်​တွင် ခြောက်​နှစ်​ပတ်လုံး ပုန်းရှောင်​နေ​ခဲ့​ရ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ဒုတိယစောင် 22