YouVersion Logo
Search Icon

ရာဇဝင်ချုပ်ဒုတိယစောင် 19

19
ယေဟုက ယောရှဖတ်မင်းကြီးအား အပြစ်တင်ဆုံးမခြင်း
1ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မိမိ​နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်လာ​ခဲ့​၏​။ 2ထိုအခါ ဟာနနိ​၏​သား ဗျာဒိတ်ရသူ​ယေဟု​သည် ယောရှဖတ်​မင်းကြီး​ထံ​အခစားဝင်​၍ “​ဆိုးယုတ်​သော​သူ​ကို ကူညီ​သင့်​သလော​။ ထာဝရဘုရား မုန်း​တော်မူ​သော​သူ​ကို သင်​ချစ်​သောကြောင့် ထာဝရဘုရား​ထံ​မှ အမျက်​တော်​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။ 3သို့သော် မင်းကြီး​၌ ကောင်း​သော​အရာ ရှိ​၏​။ မင်းကြီး​သည် တိုင်းပြည်​တွင်​ရှိ​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို ဖယ်ရှား​ပြီး ဘုရားသခင်​ကို​ရှာ​လို​သော​စိတ်​ရှိ​လေ​ပြီ​”​ဟု သူ့​အား ဆို​၏​။
ယောရှဖတ်မင်းကြီး၏ပြုပြင်ပြောင်းလဲခြင်းများ
4ယောရှဖတ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် စံမြန်း​တော်မူ​စဉ် ဗေရရှေဘ​မြို့​မှစ၍ ဧဖရိမ်​တောင်ပေါ်ဒေသ​တိုင်အောင် လှည့်လည်​ကာ လူ​တို့​အား ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လှည့်​လာ​စေ​၏​။ 5ထို့ပြင် တိုင်းပြည်​အတွင်း​ရှိ ယုဒ​ခံတပ်​မြို့​အသီးသီး​တို့​တွင် တရားသူကြီး​များ​ကို ခန့်ထား​ပြီး 6ထို​တရားသူကြီး​တို့​အား “​သင်​တို့​ပြု​ရ​မည့်​အမှု​ကို သတိထား​ပြု​ကြ​လော့​။ အကြောင်းမှာ သင်​တို့​သည် လူ​အဖို့​စီရင်​သည်​မ​ဟုတ်​၊ စီရင်ချက်​ချမှတ်​ရာ​တွင် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော ထာဝရဘုရား​အဖို့ စီရင်​ရ​ခြင်း​ဖြစ်​၏​။ 7ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မတရားမှု​ကို​မ​ပြု​၊ မျက်နှာလိုက်​ခြင်း​မ​ရှိ​၊ တံစိုးလက်ဆောင်​မ​ခံယူ​။ ထို့ကြောင့် ထာဝရဘုရား​ကို ကြောက်ရွံ့​ပြီး သတိ​နှင့်​လုပ်ဆောင်​ကြ​ပါ​လော့​”​ဟု မှာကြား​၏​။ 8ဂျေရုဆလင်​မြို့​တွင်​လည်း ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​နှင့်​ဆိုင်​သော​အမှု​၊ အငြင်းပွားမှု​တို့​ကို စီရင်​ရန် ယောရှဖတ်​မင်းကြီး​သည် လေဝိ​အမျိုး​၊ ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​တို့​ထဲမှ​အချို့​ကို ဂျေရုဆလင်​မြို့​တွင် ခန့်ထား​၏​။ 9ထို့ပြင် သူ​တို့​အား “​ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​၍ သစ္စာစောင့်​လျက် စိတ်ဆန္ဒ​အပြည့်အဝ​ဖြင့် လုပ်ဆောင်​ကြ​လော့​။ 10မြို့​အသီးသီး​တွင်​နေထိုင်​ကြ​သော သင်​တို့​၏​ညီအစ်ကို​တို့​သည် အချင်းချင်း​သတ်ဖြတ်မှု​၊ ဥပဒေသ​၊ ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​စသည်​တို့​နှင့်​ပတ်သက်​သော​အမှုအခင်း​အလုံးစုံ​တို့​ကို သင်​တို့​ထံသို့ ယူဆောင်​လာ​လျှင် သင်​တို့​သည် သူ​တို့​အား သတိပေး​ရ​မည်​။ သို့မှ သူ​တို့​သည် ထာဝရဘုရား​ကို မ​ပြစ်မှား​မိ​ဘဲ​နေ​လိမ့်မည်​။ သင်​တို့​နှင့် သင်​တို့​၏​ညီအစ်ကို​အပေါ်​အမျက်​တော်​မ​သက်ရောက်​ဘဲ​နေ​လိမ့်မည်​။ သင်​တို့​လည်း အပြစ်​မ​ပြု​မိ​ဘဲ​နေ​လိမ့်မည်​။
11ကြည့်ရှု​လော့​။ ထာဝရဘုရား​နှင့်ဆိုင်သော​အမှု​တော်​အားလုံး​တွင် ယဇ်ပုရောဟိတ်​မင်း​အာမရိ​သည် သင်​တို့​ကို ကြီးကြပ်​ပေး​လိမ့်မည်​။ ရှင်ဘုရင်​နှင့်ဆိုင်သော​အမှုကိစ္စ​အားလုံး​တွင် ယုဒ​အမျိုးအနွယ်​ခေါင်းဆောင် ဣရှမေလ​၏​သား​ဇေဗဒိ​သည် ကြီးကြပ်​လိမ့်မည်​။ လေဝိ​အမျိုးသား​တို့​သည်​လည်း သင်​တို့​ကို ကြီးကြပ်​ပေး​လိမ့်မည်​။ အားယူ​၍ လုပ်ဆောင်​ကြ​လော့​။ ကောင်း​သော​အမှု​ကို​ပြု​သော​သင်​တို့​နှင့်အတူ ထာဝရဘုရား ရှိ​တော်မူ​ပါစေသော​”​ဟု မှာကြား​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရာဇဝင်ချုပ်ဒုတိယစောင် 19