ထိုနေ့တွင်နေ၊လနှင့် ဂြိုလ်နက္ခတ်တာရာ တို့သည် နိမိတ်လက္ခဏာတို့ ပေါ်ထွန်းနေကြမည်။ ကမ္ဘာကြီးတစ်ခု လုံးတွင် ပင်လယ်၊သမုဒ္ဒရာများ၏ လှိုင်းတံပိုးသံများ ကြောင့် လူတို့သည် မည်ကဲ့သို့လုပ်ဆောင်ရမှန်း မသိ အောင် ကြောက်ရွံ့တုန်လှုပ်နေကြလိမ့်မည်။ ဤကဲ့သို့ အဖြစ်အပျက်များကြောင့် လူအပေါင်းတို့ အထူးကြောက် ရွံ့ပြီး အားငယ်နေကြလိမ့်မည်။မိုးကောင်းကင်တွင်လည်း တန်ခိုးတော်များသက်ရောက်၍ လှုပ်ခါနေလိမ့်မည်။ ထိုစဉ်တွင် လူ့သားတော်သည် မိုးတိမ်တိုက်ကြီးထဲမှ တန်ခိုးတော်အနန္တ၊ ဂုဏ်တော်အနန္တဖြင့် ကြွလှမ်းလာနေ သည်ကို ဖူးမြင်ကြရလိမ့်မည်။