သူတို့သည်လမ်းထွက် လျှင် ဝတ်ရုံရှည်ကြီးများကို ဝတ်၍ဝင့်ကြွားတတ်သည်။ ဈေးထဲရောက်သွားလျှင် လူတိုင်းက အလေးထားနှုတ်ခွန်း ဆက်ကြိုဆိုခြင်းကို လိုလားကြသည်။ ဓမ္မာရုံများတွင် ရှေ့ဆုံးကနေရာကိုယူကြသည်။အခမ်းအနားများတွင်လည်း အကောင်းဆုံးစားပွဲဝိုင်းမှာဝင်ထိုင်ကြသည်။ မုဆိုးမ များ၏အိမ်များအား အတင်းအဓမ္မသိမ်းယူကြပြီးဆုတောင်း သည့် အခါတွင်လည်း ရှည်လျားစွာ ဟန်ဆောင်ဆုတောင်း တတ်ကျသည်။ ဤပုဂ္ဂိုလ်တို့သည် ပြင်းထန်သောအပြစ် ပေးခံရမည့်သူများ ဖြစ်ကြောင်း ကိုယ်တော်ကသတိပေး မိန့်မှာတော်မူလေသည်။