1
ကမ္ဘာဦးကျမ်း 32:28
မြန်မာ့စံမီသမ္မာကျမ်
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
Compare
Explore ကမ္ဘာဦးကျမ်း 32:28
2
ကမ္ဘာဦးကျမ်း 32:26
ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
Explore ကမ္ဘာဦးကျမ်း 32:26
3
ကမ္ဘာဦးကျမ်း 32:24
ယာကုပ်သည် တစ်ယောက်တည်းကျန်ခဲ့၏။ ထိုအခါ လူတစ်ယောက်သည် အရုဏ်တက်ချိန်အထိ ယာကုပ်နှင့်နပန်းလုံးလေ၏။
Explore ကမ္ဘာဦးကျမ်း 32:24
4
ကမ္ဘာဦးကျမ်း 32:30
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
Explore ကမ္ဘာဦးကျမ်း 32:30
5
ကမ္ဘာဦးကျမ်း 32:25
ထိုသူသည် ယာကုပ်ကို မနိုင်မှန်းသိမြင်သောအခါ ယာကုပ်၏တင်ပါးဆုံအဆစ်ကိုထိုး၏။ ထို့ကြောင့် ထိုသူနှင့်နပန်းလုံးစဉ်တွင် ယာကုပ်၏တင်ပါးဆုံအဆစ်သည် လွဲလေ၏။
Explore ကမ္ဘာဦးကျမ်း 32:25
6
ကမ္ဘာဦးကျမ်း 32:27
ထိုသူကလည်း “သင့်နာမည်ကား အဘယ်နည်း”ဟု မေးလျှင် “ယာကုပ် ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
Explore ကမ္ဘာဦးကျမ်း 32:27
7
ကမ္ဘာဦးကျမ်း 32:29
ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
Explore ကမ္ဘာဦးကျမ်း 32:29
8
ကမ္ဘာဦးကျမ်း 32:10
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
Explore ကမ္ဘာဦးကျမ်း 32:10
9
ကမ္ဘာဦးကျမ်း 32:32
ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။
Explore ကမ္ဘာဦးကျမ်း 32:32
10
ကမ္ဘာဦးကျမ်း 32:9
ထို့နောက် ယာကုပ်က “အကျွန်ုပ်အဖအာဗြဟံ၏ဘုရား၊ အကျွန်ုပ်အဖဣဇက်၏ဘုရား၊ အကျွန်ုပ်အား ‘သင့်ပြည်၊ သင့်ဆွေမျိုးသားချင်းတို့ထံသို့ ပြန်သွားလော့။ ငါသည် သင့်ကိုကောင်းစားစေမည်’ဟု မိန့်တော်မူသောထာဝရဘုရား၊
Explore ကမ္ဘာဦးကျမ်း 32:9
11
ကမ္ဘာဦးကျမ်း 32:11
အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။
Explore ကမ္ဘာဦးကျမ်း 32:11
Home
Bible
Plans
Videos