1
သုတ္တံကျမ်း 31:30
မြန်မာ့စံမီသမ္မာကျမ်း
တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
Compare
Explore သုတ္တံကျမ်း 31:30
2
သုတ္တံကျမ်း 31:25-26
အစွမ်းသတ္တိနှင့်ခန့်ညားထည်ဝါမှုသည် သူ၏အဝတ်တန်ဆာဖြစ်၍ သူသည် လာမည့်နေ့ရက်များအတွက် ရယ်မောနိုင်၏။ သူသည် ဉာဏ်ပညာဖြင့် မိမိနှုတ်ကိုဖွင့်တတ်၏။ သူ၏လျှာပေါ်၌ မေတ္တာကရုဏာနှင့်ပြည့်စုံသော သွန်သင်ချက်ရှိ၏။
Explore သုတ္တံကျမ်း 31:25-26
3
သုတ္တံကျမ်း 31:20
အဖိနှိပ်ခံရသောသူတို့အတွက် မိမိလက်ကိုဖြန့်ပေး၍ နွမ်းပါးသောသူတို့အတွက် မိမိလက်တို့ကိုကမ်းပေးတတ်၏။
Explore သုတ္တံကျမ်း 31:20
4
သုတ္တံကျမ်း 31:10
စွမ်းရည်နှင့်ပြည့်စုံသောမယားကို မည်သူတွေ့နိုင်သနည်း။ ထိုသို့သောမယားသည် ပတ္တမြားထက်များစွာအဖိုးထိုက်၏။
Explore သုတ္တံကျမ်း 31:10
5
သုတ္တံကျမ်း 31:31
ထိုသို့သောမိန်းမအား သူ့လက်ဖြင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ကိုပေးလော့။ သူပြုသောအမှုအတွက် မြို့တံခါးတို့၌ သူ့ကိုချီးမွမ်းကြပါစေ။
Explore သုတ္တံကျမ်း 31:31
6
သုတ္တံကျမ်း 31:28
သူ၏သားသမီးတို့သည်ထ၍ သူ့ကို မင်္ဂလာရှိသူဟု ခေါ်တတ်ကြ၏။ သူ၏ခင်ပွန်းသည်လည်း
Explore သုတ္တံကျမ်း 31:28
YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy
Home
Bible
Plans
Videos