သင်တို့၏မျိုးဆက်အစဉ်အဆက် သင်တို့တွင်ရှိသောယောက်ျားတိုင်းသည် အိမ်၌မွေးဖွားသောသူဖြစ်စေ၊ တိုင်းတစ်ပါးသားတစ်စုံတစ်ဦးထံမှ ငွေဖြင့်ဝယ်ထားသည့် သင်၏အမျိုးအနွယ်မဟုတ်သောသူဖြစ်စေ ရှစ်ရက်သားအရွယ်၌ အရေဖျားလှီးခြင်းကိုခံရမည်။ သင်၏အိမ်၌မွေးဖွားသောသူဖြစ်စေ၊ သင်၏ငွေဖြင့်ဝယ်ထားသောသူဖြစ်စေ အရေဖျားလှီးခြင်းကို မုချခံရမည်။ ဤသို့အားဖြင့် ငါ၏ပဋိညာဉ်သည် ထာဝရပဋိညာဉ်အဖြစ် သင်တို့၏အသားတွင်တည်လိမ့်မည်။