1
ရာဇဝင်ချုပ်ပထမစောင် 16:11
မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားနှင့် ထာဝရဘုရား၏တန်ခိုးတော်ကို စူးစမ်းကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
Compare
Explore ရာဇဝင်ချုပ်ပထမစောင် 16:11
2
ရာဇဝင်ချုပ်ပထမစောင် 16:34
ထာဝရဘုရားသည် ကောင်းမြတ်တော်မူပြီး မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:34
3
ရာဇဝင်ချုပ်ပထမစောင် 16:8
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:8
4
ရာဇဝင်ချုပ်ပထမစောင် 16:10
ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။
Explore ရာဇဝင်ချုပ်ပထမစောင် 16:10
5
ရာဇဝင်ချုပ်ပထမစောင် 16:12
ပြုတော်မူသောအံ့ဖွယ်အမှုများ၊ ပြတော်မူသောနိမိတ်လက္ခဏာများ၊ နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်များကို အောက်မေ့ကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:12
6
ရာဇဝင်ချုပ်ပထမစောင် 16:9
ကိုယ်တော်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:9
7
ရာဇဝင်ချုပ်ပထမစောင် 16:25
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
Explore ရာဇဝင်ချုပ်ပထမစောင် 16:25
8
ရာဇဝင်ချုပ်ပထမစောင် 16:29
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:29
9
ရာဇဝင်ချုပ်ပထမစောင် 16:27
ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
Explore ရာဇဝင်ချုပ်ပထမစောင် 16:27
10
ရာဇဝင်ချုပ်ပထမစောင် 16:23
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကယ်တင်ခြင်းအကြောင်းကို နေ့ရက်အစဉ်ဟောပြောကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:23
11
ရာဇဝင်ချုပ်ပထမစောင် 16:24
ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:24
12
ရာဇဝင်ချုပ်ပထမစောင် 16:22
“ငါဘိသိက်ပေးသောသူတို့ကို မထိကြနှင့်။ ငါ့ပရောဖက်တို့ကို ဘေးမပြုကြနှင့်”ဟု မိန့်တော်မူ၏။
Explore ရာဇဝင်ချုပ်ပထမစောင် 16:22
13
ရာဇဝင်ချုပ်ပထမစောင် 16:26
အကယ်စင်စစ် လူမျိုးတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုမျှသာ ဖြစ်၏။ ထာဝရဘုရားမူကား ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
Explore ရာဇဝင်ချုပ်ပထမစောင် 16:26
14
ရာဇဝင်ချုပ်ပထမစောင် 16:15
ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:15
15
ရာဇဝင်ချုပ်ပထမစောင် 16:31
မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ လူမျိုးခြားတို့အလယ်တွင် “ထာဝရဘုရား စိုးစံတော်မူ၏”ဟု ကြွေးကြော်ကြစေ။
Explore ရာဇဝင်ချုပ်ပထမစောင် 16:31
16
ရာဇဝင်ချုပ်ပထမစောင် 16:36
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။
Explore ရာဇဝင်ချုပ်ပထမစောင် 16:36
17
ရာဇဝင်ချုပ်ပထမစောင် 16:28
လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကို သိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေ၊ အစွမ်းတန်ခိုးရှိကြောင်းကို သိမှတ်ဝန်ခံကြလော့။
Explore ရာဇဝင်ချုပ်ပထမစောင် 16:28
Home
Bible
Plans
Videos