Лого на YouVersion
Иконка за търсене

ယောဟန် 12

12
ဗေသနိရွာ​တွင် ယေရှု​၏ ခြေတော်​ကို ဆီမွှေး​လိမ်းကျံခြင်း
1ပသခါပွဲတော် မကျင်းပ​မီ ခြောက်ရက်​အလို​တွင် ယေရှု​သည် ဗေသနိရွာ​သို့ ကြွတော်မူ၏။ ထို​ရွာ​မှာ ယေရှု​ကိုယ်တိုင် သေရာ​မှ​ပြန်ရှင်​စေတော်မူခဲ့သော လာဇရု နေထိုင်သည့်​ရွာ ဖြစ်၏။ 2လူတို့​သည် ယေရှု​အတွက် ညစာ​စားပွဲ​ကို ပြင်ဆင်ပေး​၍ မာသ​သည် ဧည့်ဝတ်ပြုလေ၏။ ယေရှု​နှင့်အတူ စားပွဲ​၌ ထိုင်နေသူများ#12:2 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ​စဉ်” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ ကြမ်းပြင်​ပေါ်၌ အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။​ထဲ​တွင် လာဇရု​လည်း ပါ၏။ 3ထို​အချိန်​တွင် မာရိ​သည် အလွန်​တန်ဖိုး​ကြီးသော နာဒု​ဆီမွှေး​အစစ် နှစ်ဆယ်သား​ကို#12:3 မူရင်း​ဂရိကျမ်း​တွင် “လီထြာ” ဟု ဖော်ပြထားသည်။ တစ်လီထြာ​သည် နှစ်ဆယ်သား​ခန့်​နှင့် ညီမျှသည်။ ယူလာ​၍ ယေရှု​၏​ခြေတော်​ကို လိမ်း​ပြီးလျှင် မိမိ​ဆံပင်​ဖြင့် သုတ်၏။ တစ်အိမ်လုံး​သည်လည်း ထို​ဆီမွှေး​ရနံ့​ဖြင့် မွှေးကြိုင်လေ၏။
4သို့သော် တပည့်တော်တို့​ထဲမှ တစ်ပါး​ဖြစ်သူ၊ ယေရှု​ကို​သစ္စာဖောက်မည့် ယုဒရှကာရုတ်​က 5“အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ငွေဒင်္ဂါး#12:5 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။​ပြား​သုံးရာ​နှင့် ရောင်း​၍ ဆင်းရဲသားများ​ကို မလှူ​သနည်း” ဟု ဆို၏။ 6ဤသို့​ပြောဆိုရာ​တွင် သူ​သည် ဆင်းရဲသားများ​ကို စာနာထောက်ထား​၍ ပြောဆိုခြင်း​မဟုတ်ဘဲ ခိုးဝှက်တတ်သူ​တစ်ဦး​ဖြစ်သောကြောင့် ပြောဆိုခြင်း​သာ ဖြစ်၏။ သူ​သည် တပည့်တော်တို့​၏ ငွေ​ကို စီမံရသူ​ဖြစ်​၍ ငွေအိတ်​ထဲမှ ငွေ​တချို့​ကို နှိုက်ယူ​သုံးစွဲတတ်၏။
7ထို့ကြောင့် ယေရှု​က “ရှိပါစေ။ ငါ့​ကို သင်္ဂြိုဟ်မည့်​နေ့​အတွက် သူ​သည် ဤ​ဆီမွှေး​ကို သိမ်းထားခဲ့ပြီ။ 8ဆင်းရဲသားများ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိကြ၏။ သို့ရာတွင် ငါ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိနေမည်​မဟုတ်” ဟု မိန့်တော်မူ၏။
9ယေရှု​ကြွရောက်လာတော်မူ​သည့် သတင်း​ကို ကြား​သောအခါ ဂျူးလူမျိုး​များစွာ​သည် ကိုယ်တော်​ကိုသာ မဟုတ်၊ ကိုယ်တော်​က သေရာ​မှ​ပြန်ရှင်​စေတော်မူခဲ့သော လာဇရု​ကို​ပါ တွေ့မြင်လိုကြ​သဖြင့် ရောက်လာကြ၏။ 10ထိုအခါ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က လာဇရု​ကိုလည်း သတ်​ရန် ကြံစည်ကြ၏။ 11အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုး​များစွာတို့​သည် လာဇရု​ကြောင့် သူတို့​ကို စွန့်ခွာ​၍ ယေရှု​ကို ယုံကြည်ကြ​သောကြောင့် ဖြစ်၏။
ဂျေရုဆလင်မြို့​သို့ အောင်ပွဲခံ​၍ ဝင်ရောက်တော်မူခြင်း
12နောက်​တစ်နေ့​တွင် ပသခါပွဲတော်​သို့ ရောက်လာသော​လူအုပ်ကြီး​သည် ဂျေရုဆလင်မြို့​သို့ ယေရှု​ကြွလာမည်​ဟူသော သတင်း​ကို ကြား​သဖြင့် 13စွန်ပလွံခက်များ​ကို ကိုင်ဆောင်​လျက် ယေရှု​ကို ကြိုဆို​ရန် ထွက်လာကြ၏။ ထို​သူတို့​က
“ဘုရားသခင်​၏ ဂုဏ်တော်​ကို ချီးမွမ်းကြ​ပါစေသော။#12:13 ဂရိဘာသာ​ဖြင့် တိုက်ရိုက်​အသံထွက်​လျှင် “ဟောရှဏ္ဏ” ဟူ၍ ဖြစ်သည်။ ၎င်း​သည် ချီးမွမ်း​ကြွေးကြော်သည့်​စကား​ဖြစ်ပြီး တိုက်ရိုက်​ပြန်ဆို​လျှင် ယခု​ကယ်တင်တော်မူပါ​ဟု အဓိပ္ပာယ်ရသည်။
ထာဝရဘုရား​၏ အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော။
အစ္စရေးတို့​၏​ရှင်ဘုရင်​သည် မင်္ဂလာ​ရှိပါစေသော”#12:13 ဆာ ၁၁၈:၂၅-၂၆၊ ဇေ ၃:၁၅။
ဟု ကြွေးကြော်ကြ၏။
14ယေရှု​သည် မြည်းကလေး​တစ်ကောင်​ကို တွေ့​၍ စီးတော်မူ၏။ ဤ​အရာ​သည် ပရောဖက်​၏​ဟောပြောချက်​ကို ပြည့်စုံစေလေ၏။ 15ထို​ဟောပြောချက်​မှာ
“အို ဇိအုန်​မြို့သူမြို့သားတို့#12:15 မူရင်း​ဂရိကျမ်း​တွင် “ဇိအုန်​သမီးတို့” ဟု ဖော်ပြထားသည်။… မကြောက်ကြနှင့်။
ကြည့်လော့။ သင်တို့​၏ ရှင်ဘုရင်​သည်
မြည်းကလေး​ပေါ်တွင် စီး​၍ ကြွလာတော်မူပြီ”#12:15 ဇာ ၉:၉။
ဟူ၍ ဖြစ်၏။
16ဤအရာ​သည် ပရောဖက်​ဟောပြောချက်​အတိုင်း ဖြစ်လာသည်​ကို တပည့်တော်တို့​သည် ထို​အခါ​က နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူ​ပြီးနောက်​မှသာ ဤ​အကြောင်းအရာများ​သည် ကိုယ်တော်​ကို ရည်ညွှန်း​၍ ထိုသို့​ရေးသားထားကြောင်း​ကို​လည်းကောင်း၊ ကိုယ်တော်​ကို ထိုသို့​ပြုခဲ့ကြကြောင်း​ကို​လည်းကောင်း တပည့်တော်တို့​သည် ပြန်လည်​သတိရကြ၏။
17ယေရှု​သည် လာဇရု​ကို သင်္ချိုင်းမှ ခေါ်ထုတ်​၍ သေရာ​မှ ပြန်ရှင်​စေတော်မူသည်​ကို တွေ့မြင်ခဲ့သော​လူတို့​သည် ထို​အကြောင်း​ကို အခြားသူတို့​အား ပြောပြကြ၏။ 18ထို​နိမိတ်​လက္ခဏာ​အကြောင်း​ကို ကြား​သောကြောင့် လူများစွာတို့​သည် ကိုယ်တော်​ကို ကြိုဆို​ရန် ထွက်သွားကြ၏။ 19ထိုအခါ ဖာရိရှဲတို့​က “ငါတို့ မည်သို့မျှ​မတတ်နိုင်တော့ပါ။ တစ်လောကလုံး​သည် သူ့​နောက်သို့ လိုက်သွားကြပြီ” ဟု အချင်းချင်း​ပြောဆိုကြ၏။
မိမိ​အသေခံတော်မူမည့်​အကြောင်း​ကို ကြိုတင်​ဟောတော်မူခြင်း
20ပသခါပွဲတော်​တွင် ဘုရားသခင်​ကို ဝတ်ပြုကိုးကွယ်​ရန် ဂျေရုဆလင်မြို့​သို့ လာကြသော​သူတို့​ထဲ၌ ဂရိလူမျိုး​တချို့​ပါ၏။ 21ထို​သူတို့​သည် ဂါလိလဲပြည်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပု​ထံသို့ သွား​၍ “ဆရာ… ကျွန်ုပ်တို့​သည် ယေရှု​ကို တွေ့လိုပါသည်” ဟု တောင်းဆိုကြ၏။ 22ဖိလိပ္ပု​သည် ထို​အကြောင်း​ကို အန္ဒြေ​အား သွား​၍ ပြောပြ၏။ ထို့နောက် သူတို့​နှစ်ဦး​သည် ယေရှု​ထံတော်သို့ သွား​၍ လျှောက်ကြ၏။
23ထိုအခါ ယေရှု​က “လူသား#12:23 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​ဘုန်းပွင့်မည့်​အချိန် ကျရောက်ပြီ။ 24သင်တို့​အား ငါ​အမှန်​ဆို၏။ ဂျုံစေ့​သည် မြေ​၌​ကျ​၍ မပျက်စီး​လျှင် အစေ့​တစ်စေ့တည်း​အဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီး​လျှင် ဂျုံစေ့​များစွာ​ကို ဖြစ်ထွန်းစေတတ်၏။ 25ဤ​လောက​၌ မိမိ​အသက်​ကို ချစ်သောသူ​သည် အသက်​ဆုံးရှုံးရ​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို မုန်းသောသူ​သည် ထို​အသက်​ကို ထာဝရ​ပိုင်ဆိုင်ရ​လိမ့်မည်။ 26ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။
27ယခု​ငါ​သည် အလွန်​စိတ်​ပူပန်​လျက်​ရှိ၏။ ငါ့​ခမည်းတော်​ထံ ‘အို အဖ… အကျွန်ုပ်​ကို ဤ​ဒုက္ခ​ရောက်ချိန်​နှင့် ကင်းလွှတ်​စေတော်မူပါ’ ဟု ဆုတောင်း​ရမည်လော။ သို့ရာတွင် ငါ​သည် ဤ​အချိန်နာရီ​အတွက် ရောက်လာခြင်း​ဖြစ်၏။ 28‘အို အဖ… အဖ​၏​နာမတော်​ကို ဘုန်းကြီးစေတော်မူပါ’ ” ဟု မြွက်ဆိုတော်မူ၏။
ထိုအခါ ကောင်းကင်​မှ “ငါ​၏​နာမတော်​ကို ဘုန်းကြီးစေပြီ။ ထပ်မံ၍​လည်း ဘုန်းကြီးစေ​ဦးမည်” ဟူသော အသံတော်​ထွက်ပေါ်လာ၏။ 29ထို​နေရာ​တွင် ဝန်းရံ​လျက်​ရှိသော​လူထု​သည် ထို​အသံတော်​ကို ကြား​သော် “မိုးခြိမ်းသည်” ဟု ဆိုကြ၏။ တချို့​က “ယေရှု​ကို ကောင်းကင်တမန်​စကားပြောသည်” ဟု ဆိုကြ၏။
30ယေရှု​က “ထို​အသံတော်​မှာ သင်တို့​အတွက်​ဖြစ်၏။ ငါ့​အတွက် မဟုတ်။ 31ယခုအချိန်​သည် ဤ​လောက​ကို တရားစီရင်သည့်​အချိန်​ဖြစ်၏။ ဤ​လောက​၏ မင်း​ဖြစ်သော စာတန်မာရ်နတ်​သည် နှင်ထုတ်ခြင်း​ခံရ​လိမ့်မည်။ 32ငါ​သည်လည်း မြေ​မှ မြှောက်ထားခြင်း​ခံရ​သောအခါ လူအပေါင်းတို့​ကို ငါ့​ထံသို့ ဆွဲခေါ်မည်” ဟု မိန့်တော်မူ၏။ 33ဤသို့​မိန့်တော်မူသည်​မှာ မိမိ​သည် မည်သို့​အသေခံရမည်​ကို အရိပ်အမြွက်​ပြတော်မူခြင်း​ဖြစ်၏။
34ထိုအခါ လူထု​က “ခရစ်တော်#12:34 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​သည် ထာဝရ​အသက်ရှင်တော်မူသည်​ဟု ပညတ်ကျမ်း​အရ ကျွန်ုပ်တို့​သိရပါ၏။ သို့ဖြစ်၍ သင်​က လူသား​သည် မြေ​မှ မြှောက်ထားခြင်း​ခံရမည်​ဟု အဘယ်ကြောင့်​ဆိုသနည်း။ ထို​လူသား​သည် မည်သူနည်း” ဟု မေးမြန်းကြ၏။
35ယေရှု​က “အလင်း​သည် သင်တို့​တွင် ခဏတာ​မျှ ရှိဦးမည်။ သင်တို့​ကို အမှောင်​မဖုံးလွှမ်း​စေရန် အလင်း​ရှိ​ခိုက် သွားလာကြလော့။ အမှောင်​တွင် သွားလာသူ​သည် မိမိ​အဘယ်​အရပ်​သို့ သွားလာသည်​ကို မသိနိုင်ပေ။ 36ထို့ကြောင့် အလင်း​ရှိ​ခိုက် ထို​အလင်း​ကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့​သည် အလင်း​၏​သားသမီးများ ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။ ဤ​အရာများ​ကို မိန့်တော်မူ​ပြီးနောက် ယေရှု​သည် ထွက်ကြွ​၍ ထို​သူတို့​ကို တိမ်းရှောင်​လျက် နေတော်မူ၏။
လူတို့​၏ ယုံကြည်ခြင်း​ကင်းမဲ့မှု
37ယေရှု​သည် လူတို့​ရှေ့​၌ နိမိတ်​လက္ခဏာ​များစွာ​ကို ပြုတော်မူ​သော်လည်း လူတို့​သည် ယေရှု​ကို မယုံကြည်ကြ။ 38ဤ​အရာ​သည် ပရောဖက်​ဟေရှာယ ဟောပြောထားသည့်​အတိုင်း ဖြစ်လာ​ရန်​ပင်​ဖြစ်၏။ ထို​ဟောပြောချက်​မှာ
“အို ထာဝရဘုရား… မည်သူ​သည် အကျွန်ုပ်တို့​၏ ဟောပြောချက်​ကို ယုံပါသနည်း။
အရှင်​၏ တန်ခိုးတော်#12:38 “တန်ခိုးတော်” မူရင်း​ဂရိကျမ်း​တွင် “လက်မောင်းတော်” ဟု ဖော်ပြထားသည်။​ကို မည်သူ့​အား ဖော်ပြသနည်း”#12:38 ဟေရှာ ၅၃:၁။
ဟူ၍ ဖြစ်၏။
39ထို​သူတို့ မယုံကြည်နိုင်သည့် အကြောင်းရင်း​မှာ ဟေရှာယ​က
40“ဘုရားသခင်​သည် သူတို့​၏ မျက်စိ​ကို ကွယ်စေ​၍
စိတ်နှလုံး​ကို မာကျော​စေတော်မူ​သဖြင့်
သူတို့​၏ မျက်စိ​သည် မမြင်နိုင်ကြ။
စိတ်​ထဲ၌​လည်း နားမလည်နိုင်ကြ။
သူတို့​သည် ဘုရားသခင်​ထံ ပြန်မလှည့်လာ​သောကြောင့်
ဘုရားသခင်​၏​ကုသမှု​ကိုလည်း မခံယူနိုင်ကြ”#12:40 ဟေရှာ ၆:၁၀။
ဟု ဟောပြောခဲ့ သောကြောင့်​ဖြစ်၏။
41ဟေရှာယ​သည် ယေရှု​၏ ဘုန်းအသရေ​ကို တွေ့မြင်ခဲ့​သောကြောင့် ယေရှု​ကို ရည်ညွှန်း​၍ ဤသို့​ဟောပြောခြင်း​ဖြစ်၏။ 42မည်သို့ပင်​ဖြစ်စေ ဂျူး​ခေါင်းဆောင်များ​အပါအဝင် လူများစွာတို့​သည် ယေရှု​ကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့​အား ဖာရိရှဲတို့​က ဂျူး​ဝတ်ပြုဆောင်​မှ ထုတ်ပယ်မည်​ကို စိုး​သဖြင့် သူတို့​သည် လူတို့​ရှေ့​၌ ဝန်မခံကြ။ 43အဘယ်ကြောင့်ဆိုသော် သူတို့​သည် ဘုရားသခင်​၏​ဂုဏ်ပြုချီးမွမ်းခြင်း​ထက် လူတို့​၏ ဂုဏ်ပြုချီးမွမ်းခြင်း​ကို ပို​၍ နှစ်သက်ကြ​သောကြောင့် ဖြစ်၏။
44ယေရှု​က “ငါ့​ကို ယုံကြည်သောသူ​သည် ငါ့​ကိုသာ ယုံကြည်သည်​မဟုတ်။ ငါ့​ကို​စေလွှတ်တော်မူသော​အရှင်​ကိုလည်း ယုံကြည်၏။ 45ငါ့​ကို မြင်သော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ကိုလည်း မြင်၏။ 46ငါ့​ကို ယုံကြည်သော​သူ​တိုင်း အမှောင်​၌ မနေ​စေရန် ငါ​သည် အလင်း​အဖြစ် ဤ​လောက​သို့ ကြွလာပြီ။ 47ငါ့​စကား​ကို ကြား​၍ မလိုက်နာသောသူ​ကို ငါ​သည် အပြစ်​မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် လောကီသားတို့​ကို တရားစီရင်​ရန် ကြွလာသည်​မဟုတ်။ ကယ်တင်​ရန် ကြွလာ၏။ 48ငါ​နှင့် ငါ့​စကား​ကို ငြင်းပယ်သော​သူတို့​သည် ငါ​ဟောပြောသော တရားစကားများ​အတိုင်း တရားစီရင်ရာ​နေ့​တွင် အပြစ်စီရင်ခြင်း ခံကြရမည်။ 49အဘယ်ကြောင့်ဆိုသော် ငါ​သည် မိမိ​ဆန္ဒ​အတိုင်း ဟောပြောသည်​မဟုတ်ဘဲ ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​ကိုယ်တိုင်​က မည်သည့်​အရာ​ကို ဟောပြောရမည်၊ မည်သို့​ဟောပြောရမည်​ကို ငါ့​ကို အမိန့်ပေးတော်မူ၏။ 50ခမည်းတော်​၏ အမိန့်တော်​သည် ထာဝရ​အသက်​ရစေသည်​ကို ငါ​သိ၏။ ထို့ကြောင့် ခမည်းတော်​ဟောပြောစေလိုသည့်​အတိုင်း ငါ​ဟောပြော၏” ဟု ကြွေးကြော်တော်မူ၏။

Избрани в момента:

ယောဟန် 12: BCB

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте