የYouVersion አርማ
የፍለጋ አዶ

မာကု 3

3
လတ်တဖတ်သေနေဟှူ လူကြောန်း
(မဿဲ ၁၂.၉–၁၄; လုကာ ၆.၆–၁၁)
1ယေရှုဟှာ ဝါလယ်ဇရပ်ထဲဟှို ပ္လန်ဝမ်ဟှားဘီးဟှာ အယ်နေရာမာ လတ်တဖတ်သေနေဟှူ လူတယော့‑က်ရှိနေဟှယ်။ 2လူလေဟှာ ယေရှုဟှို စွတ်စွဲဟှို့တွပ် အယ်လူဟှို ဒန်းနေ့မာ နာပျော့‑က်စေမယ်ဘဲ့လော ဆိုဇာဟှို နီးကပ် စောန့်ကေ့နေဂေ့ဟှယ်။ 3ယေရှုဟှာ အယ်လူဟှို “လူလေ အားလောင်းဂူရှေ့မာ ထဒန်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 4အယ်ဘီးန ယေရှုဟှာ “နို့လေရဲ့ ပညတ်တော်ဟှ ဒန်းနေ့မာ ကောန်းဇာလောက်ဟှို့လော။ ဆိုးဇာလောက်အပ်ဘဲ့လော။ လူသတ်ဟှို ကယ်အပ်ဘဲ့လော။ သတ်အပ်ဘဲ့လော” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ တိတိဟှားဘဲ့ နေဂေ့ဟှယ်။
5ယေရှုဟှာ ဒေါသထွပ်ဘီးဟှာ သူးနို့လေဟှို လှည့်ပတ်ကေ့ဘီး သူးနို့ရဲ့ စိနှလောင်းမာကြောဟှူကြောန့် ရရာတိုင်းဝမ်းနဲဘီး လတ်သေနေလူဟှို “နန့်လတ်ဟှို ဆန့်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူဟှလည်း လတ်ဟှို ဆန့်လိုက်ဟှူ ခီမာ သူ့လတ်ဟှာ ကောန်းတိုင်း ပ္လန်ဖြစ်ဟှားလေဟှယ်။ 6ဖာရိရှဲလေဟှာ ဝါလယ်ဇရပ်ဟှ ထွပ်ဟှားဂေ့ဘီး ယေရှုဟှိုသတ်ဟှို့ နည်းလမ်းလေဟှို ဟေရုဒ်ဖွဲ့ဝမ်လေန ရှစ်ရှင်းဘဲ့ တိုင်ဗန်ဂေ့ဟှယ်။
အိုင်နားမာရှိဟှူ လူအောက်ဂီးကြောန်း
7ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ဂါလိလဲအိုင် ယုဒပြည်ဟှို သွားလေဟှယ်။ အယ်ဘီးန လူအောက်ဂီးဟှာ ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ သူးနို့လေဟှ ဂါလိလဲပြည်၊ ယုဒပြည်၊ 8ယေရုရှလင်ဗြို့၊ က္ကဒုမဲပြည်၊ ယော်ဒန်မ္လစ်ရဲ့ ဟိုဖတ်ကမ်း၊ တုရုနဇိဒုန်ဗြို့ နီးနားရပ်ဝါလေဟှ လူလေဟှာ ယေရှုလောက်ဟှားဟှူ မှုရာလေဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ 9#မာ ၄.၁; လု ၅.၁–၃လူအောက်ဟှာ ရရာတိုင်းကီးဟှူကြောန့် ယေရှုဟှ သူ့ဟှိုလူလေ တိုက်မိဘဲနေအောန် လှေတစီးဟှို သူ့တွပ်ဆင်သင့်လောက်ဟှားဟှို့ တဗဲ့တော်လေဟှို မိန့်မှာဟှားဟှယ်။ 10ကိုယ်တော်ဟှာ လူနာဘောင်ဂီးဟှို ကျန်းမာစေပီးဘီ ဖြစ်ဟှူကြောန့်၊ ရောဂါရှိနေဟှူ လူလေဟှ ကိုယ်တော့်ဟှို ထိရဟှို့တွပ် တိုးဝမ်လာဂေ့ဟှယ်။ 11ညစ်ညူးဟှူ နတ်လေဟှ ကိုယ်တော့်ဟှို ဗြင်ဟှူ ခီမာ ကိုယ်တော့်ရှေ့မာ ပျပ်ဝပ်ဘီးဟှာ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး အော်ဟစ်ဂေ့ဟှယ်။
12ယေရှုဟှ သူဖယ်သူ ဖြစ်ဟှယ် ဆိုဇာ ပြောဘဲနေဟှို့တွပ် ညစ်ညူးဟှူ နတ်လေဟှို မိန့်ပေးလေဟှယ်။
ယေရှုဟှာ တမန်တော် ဆယ့်နှေ့ပါးဟှို ဝီးကော့‑က်ဟှူကြောန်း
(မဿဲ ၁၀.၁–၄; လုကာ ၆.၁၂–၁၆)
13အယ်ဘီးန ယေရှုဟှာ တောန်ထတ်ဟှို ကြွဟှားဘီး လိုရှင်ဟှူ လူလေဟှို ခေါ်လိုက်လေဟှယ်။ သူးနို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ 14ကိုယ်တော်ဟှ ဆယ့်နှေ့ပါးဟှို ဝီးလိုက်ဘီး တမန်တော်လေ ဆိုဘီး ခေါ်လေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့လေဟှို ငါ့နတူးဒူရှိဟှို့တွပ် ဝီးကော့‑က်ဟှားဟှယ်။ နန်းနို့လေဟှို ကြေညာဟှို့တွပ်လည်း ငါလွှတ်မယ်။ 15နတ်ဆိုးလေဟှို နှန်ထုနိုင်ဟှူ ခွမ့်အာဏာဟှိုလည်း ငါပေးမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
16ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ ဆယ့်နှေ့ပါးဟှ ပေတရု ဆိုဘီး ယေရှုဟှ နာမယ်ပေးဟှားဟှူ ရှိမုန်၊ 17ဇေဗေဒဲရဲ့ သားနှေ့ယော့က်ဖြစ်ဟှူ ယာကုပ်န သူ့ညီယောဟန် (မိုးကြိုးရဲ့ သားလေ ဆိုဘီး ဓိပါယ်ရှိဟှူ ဗောနေရဂတ် ဆိုဘီး ယေရှုဟှ နာမယ်ပေးဟှားဟှယ်)၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးရှစ်စိ အားထတ်သန်ဟှူ ရှိမုန်န၊ 19ယေရှုဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ် ဖြစ်ဟှယ်။
ယေရှုန ဗေလဇေဗုလကြောန်း
(မဿဲ ၁၂.၂၂–၃၂; လုကာ ၁၁.၁၄–၂၃; ၁၂.၁၀)
20အယ်ဘီးန ယေရှုဟှ အီဟှို ပ္လန်ဟှားဟှယ်။ လူအောက်ဂီးဟှာ ပ္လန်ဘီးဟှာ စုလာဂေ့ဟှူကြောန့် ယေရှုန တဗဲ့တော်လေဟှ စာစားဟှို့ခီ မှေ့ဟှမ်း။ 21လူလေဟှ “ကိုယ်တော်ဟှာ စိဖော့‑က်ပ္လန်ဟှားဘီ” ဆိုဘီး ပြောနေဂေ့ဟှူကြောန့် ကိုယ်တော်ရဲ့ မိသားစုဟှာ အယ်ကြောန်းဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ကိုယ်တော့်ဟှို ထီးသီးဟှို့တွပ် လိုက်လာဂေ့ဟှယ်။
22 # မ ၉.၃၄; ၁၀.၂၅ ယေရုရှလင်ဗြို့ဟှနေ ရော့‑က်လာဟှူ ကျမ်းတတ်ဆရာလေ တချို့ဟှ “ကိုယ်တော်ဟှာ ဗေလဇေဗုလနတ် ပူးနေဟှယ်! နတ်ဆိုးမန်းဟှ ပေးဟှားဟှူ တဂိုးအားဖြင့် နတ်ဆိုးလေဟှို နှန်ထုဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
23အယ်ကြောန့် ယေရှုဟှာ သူးနို့လေဟှို ခေါ်ဘီးဟှာ ဥပမာဆောန်ဘီး ပြောလိုက်ဇာဟှ “စာတန်ဟှ စာတန်ဟှို ဖယ်မျိုး နှန်ထုနိုင်ဟှို့နူး။ 24နိုင်ငံတနိုင်ငံဟှာ အောက်စု တစုနတစု တိုက်ခိုက်ဘီး ကွဲပြားနေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ဖယ်မျိုးလည်း ရပ်တည်နိုင်ဟှို့ မှုဟှ။ 25အီသူအီသားလေဟှာလည်း အောက်စု တစုနတစု တိုက်ခိုက်ဘီး ကွဲပြားနေမယ် ဆိုဟှာ အယ်မိသားစုဟှာ ဖယ်မျိုးလည်း ရပ်တည်နိုင်ဟှို့ မှုဟှ။ 26အယ်မျိုးဘဲ့ စာတန်ရဲ့ နိုင်ငံဟှာ အောက်စုလေ ကွဲပြားနေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ရပ်တည်နိုင်ဘဲန ပျစ်စီးဟှားလေ့မယ်။
27“ခွန်အားကီးဟှူ လူဟှို ရင်ဦးဆောင်း တောက်ဘဲန ဖယ်သူလည်း ခွန်အားကီးဟှူ လူရဲ့ အီဟှို ဝမ်ဘီးဟှာ သူ့အောက်စာလေဟှို လုယူနိုင်ဟှို့ မှုဟှ။ သူ့ဟှို တောက်ဘီးမှဘဲ့ သူ့ရဲ့ အီဟှို လုယူနိုင်မယ်။
28“နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ လူလေဟှာ သူးနို့ရဲ့ ပြစ်ရှိမျှ#၃.၂၈ သူးနို့ရဲ့ ပြစ်ရှိမျှ၊ အယ်မျိုးမှုဘဲ့နေဟှာ ကောန်းဘဲ့ပြောနေဇာဟှာ ဘုရားသခင်ဟှို လွန်ကျူးဘီး ပြောဇာဖြစ်ဟှယ်။န ဘုရားသခင်ဟှို စော်ကားပြောဆိုဇာလေ အားလောင်းတွပ် ခွမ့်လွှတ်ခံရမယ်။ 29#လု ၁၂.၁၀အယ်ဘေမဲ့ ဖယ်သူဘဲ့ဖြစ်ဖြစ် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားဘီး ပြောဆိုမယ် ဆိုဟှာ လောင်းဝ ပြစ်လွှတ်လေ့မယ် မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ထာဝရပြစ်ဟှို ကျူးလွန်ဟှူကြောန့် ဖြစ်ဟှယ်။” 30ယေရှု အယ်မျိုး ပြောလိုက်ဇာဟှာ လူတချို့ဟှ “ကိုယ်တော်ထဲမာ ညစ်ညူးဟှူ နတ်ရှိနေဟှယ်” ဆိုဘီး ပြောနေဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
ယေရှုရဲ့ မိန ညီလေကြောန်း
(မဿဲ ၁၂.၄၆–၅၀; လုကာ ၈.၁၉–၂၁)
31ယေရှုရဲ့ မိန ညီလေဟှာ ရော့‑က်လာဂေ့ဟှယ်။ သူးနို့ဟှာ အီပ္လန်မာ ရပ်နေဘီးဟှာ ကိုယ်တော့်ဟှို ခေါ်ဟှို့တွပ် ယော့‑က်ယော့‑က်ဟှို စေလွှတ်လေဟှယ်။ 32လူအောက်ဂီးဟှ ယေရှုရဲ့ ဘေးပတ်ပတ်လည်မာ ထိုင်နေဂေ့ဟှယ်။ သူးနို့ဟှ “ကိုယ်တော်ရဲ့ မိ၊ ညီလေန ညီမလေဟှ ပ္လန်မာရှိဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို တွိရှင်နေဂေ့ဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်ဂေ့လေဟှယ်။
33ယေရှုဟှ “ငါ့မိဟှ ဖယ်သူနူး။” ငါ့ညီကိုလေဟှ ဖယ်သူနူး ဆိုဘီး ပ္လန်ဘီး မိန့်တော်မူလေဟှယ်။ 34ကိုယ်တော်ဟှာ သူ့ပတ်ပတ်လည်မာ ထိုင်နေဟှူ လူလေဟှို ကေ့ဘီးဟှာ “အယ်လူလေဟှာ ငါ့မိ၊ ငါ့ညီ၊ ငါ့ညီမ ဖြစ်ဟှယ်! 35ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဟှူ လူဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့မိဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 3: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ