የYouVersion አርማ
የፍለጋ አዶ

မာကု 11

11
ယေရုရှလင်ဗြို့ဟှို အောန်ပွဲခမ်းနားန ဝမ်ဟှားဟှူကြောန်း
(မဿဲ ၂၁.၁–၁၁; လုကာ ၁၉.၂၈–၄၀; ယောဟန် ၁၂.၁၂–၁၉)
1သူးနို့လေဟှာ ယေရုရှလင်ဗြို့န နီးကပ်လာဘီး သံလွင်တောန်မာရှိဟှူ ဗက်ဖာဂေဝါန ဗေသနိဝါဟှို ရော့‑က်လာဂေ့ဟှူ ခီမာ ယေရှုဟှာ တဗဲ့တော် နှေ့ယော့‑က်ဟှို စေလွတ်ဘီး၊ 2သူးနို့ဟှို ပြောနေဇာဟှ “နန်းနို့ရှေ့မာရှိဟှူ ဝါဟှိုသွားဂေ့။ နန်းနို့ဟှာ အယ်နေရာဟှို ရော့‑က်ရော့‑က်ရှင်း ဖယ်သူလည်း စီးဖူးသေးဘဲဟှူ မြည်းသားဂန်း တကောန်ဟှို ခယ်ဟှားဇာဟှို နန်းနို့ တွိလေ့မယ်။ အယ်မြည်းဟှို ကြိုးဖြေဘီးဟှာ ယူလာဂေ့။ 3နန်းနို့ဟှို ယော့‑က်ယော့‑က်ဟှ ဖြားဖြစ်ကြောန့် အယ်မျိုး လောက်ရဟှယ်နူး ဆိုဘီး မေးမယ် ဆိုဟှာ အယ်မြည်းဟှို သခင်#၁၁.၃ သခင်၊ အယ်မျိုးမှုဘဲ့နေဟှာ မြည်းဇရှင်။ လိုရှိဟှယ် ဆိုဘီး ပြောလိုက် အယ်ဆိုဟှာ အယ်နေရာဟှို ရှစ်ရှင်း ပ္လန်ပို့ပေးလေ့မယ်။”
4အယ်ကြောန့် သူးနို့ဟှာ ထွပ်ဟှားဘီး လမ်းဘေးဟှ အီခွဗော့‑က်မာ ခယ်ဟှားဟှူ မြည်းသားဂန်း တကောန်ဟှို တွိဂေ့ဟှယ်။ သူးနို့ဟှာ မြည်းဟှို ကြိုးဖြေနေဟှူ ခီမာ 5လမ်းမာရပ်နေဟှူ လူတချို့ဟှ “နန်းနို့ဟှ ဖြားဖြစ်ကြောန့် အယ်မြည်းဟှို ကြိုးဖြေနေဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးဂေ့ဟှယ်။
6သူးနို့ဟှ ယေရှုပြောလိုက်တိုင်း ပ္လန်ဖြေဂေ့ဟှယ်။ အယ်ဆိုန အယ်လူလေဟှာ သူးနို့ဟှို သွားခွမ့်ပေးဂေ့ဟှယ်။ 7သူးနို့ဟှာ မြည်းသားဂန်းဟှားဟှို ယေရှုနားဟှို ခေါ်ဆောန်လာဘီး မြည်းထတ်မာ သူးနို့ဝတ်လောင်ဟှို တန်လိုက်ဂေ့ဟှယ်။ အယ်ဘီးဟှာ ယေရှုဟှာ မြည်းဟှို စီးလေဟှယ်။ 8လူလေ ဘောင်းဂီးဟှလည်း သူးနို့ ဝတ်လောင်လေဟှို လမ်းမာ ခမ်းဂေ့ဟှယ်။ တချို့လူလေဟှာ ကွမ်းပ္လန်ထဲဟှနေ သစ်ခတ်လေဟှို ခွတ်ဘီး လမ်းမာခမ်းဂေ့ဟှယ်။ 9ရှေ့မာရှိဟှူ လူလေန နော့‑က်ဟှ လိုက်လာဟှူ လူလေဟှာ “ဟောရှဏ္ဏ! ဘုရားသခင်ရဲ့ နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိပါစေ! 10ကြွလာနေဟှူ နို့လေဖ ဒါဝိဒ်ရဲ့ နိုင်ငံတော်ဟှာ မင်္ဂလာရှိပါစေ! ဗြင့်ဆောင်းမာ ဟောရှဏ္ ဏဖြစ်ပါစေ! ဆိုဘီး ချီးမွမ်းဂေ့ဟှယ်!”
11ယေရှုဟှာ ယေရုရှလင်ဗြို့ထဲဟှို ဝမ်ဘီး ဗိမာန်တော်ထဲဟှို ကြွဟှားဟှယ်။ အယ်ဘီးဟှာ ရာရာဟှို ကေ့တော်မူဟှယ်။ အယ်ဘေမဲ့ နေဝမ်ဟှားဘီ ဖြစ်ဟှူကြောန့် တဗဲ့တော် ဆယ့်နှေ့ပါးနတူးဒူ ဗေသနိဝါဟှို သွားလိုက်ဟှယ်။
ယေရှုဟှာ သဖန်းဗန်ဟှို ကီဆဲဟှူကြောန်း
(မဿဲ ၂၁.၁၈–၁၉)
12နော့‑က်တနေ့မာ သူးနို့ဟှာ ဗေသနိဝါဟှနေ ပ္လန်လာဂေ့ဟှူ ခီမ ယေရှုဟှ ဗိုက်ဆာနေဟှယ်။ 13ကိုယ်တော်ဟှာ ဝပ်လေန ဖောင်းနေဟှူ သဖန်းဗန်ဟှို ဝီးဟှနေ ဗြင်လေဟှယ်။ အယ်ကြောန့် သီးတွိနိုင်ဟှယ် ဆိုဘီး ပန်နားဟှို သွားလိုက်ဟှယ်။ အယ်ဘေမဲ့ ပန်နားဟှို ရော့‑က်ဟှားဟှူ ခီမာ သဖန်းသီးဆွပ်ဟှို့ခီ ရော့‑က်သေးဘဲဟှူကြောန့် ဝပ်လေဘဲ့ တွိဟှယ်။ 14အယ်ဆိုန ယေရှုဟှ “နန့်ရဲ့ သီးဟှို ကာလစဉ်ဆစ် ဖယ်သူလဲ စားရစေန!” ဆိုဘီး သဖန်းဗန်ဟှို မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေလည်း ကြားဂေ့ဟှယ်။
ယေရှုဟှာ ဗိမာန်တော်ဟှို သွားဟှူကြောန်း
(မဿဲ ၂၁.၁၂–၁၇; လုကာ ၁၉.၄၅–၄၈; ယောဟန် ၂.၁၃–၂၂)
15သူးနို့ဟှာ ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှားဟှူ ခီမာ ယေရှုဟှာ ဗိမာန်တော်ဟှို သွားဘီးဟှာ ရောန်းဝယ်နေဟှူ လူလေဟှို စဘီးဟှာ နှန်ထုလေဟှယ်။ ကိုယ်တော်ဟှာ ကပ်လဲမားလေရဲ့ ဗွဲလေန ချိုးငှတ်ရောန်းနေဟှူ ထိုင်ခေါင်လေဟှိုလည်း မှော့‑က်ပစ်လိုက်ဘီး 16သူဟှာ ဗိမာန်တော်ဝမ်းဟှို ဖြတ်ကူးဘီး ကူပစ်စီးလေ ရောန်းဝယ်ဟှို့တွပ် ဖယ်သူ့ဟှိုလည်း ခွမ့်ပေးဟှမ်း။ 17အယ်ဘီးန ကိုယ်တော်ဟှာ လူလေဟှို သွန်သန်ဇာဟှ “‘ငါ့ရဲ့ အီတော်ဟှို လူမျိုးအားလောင်းတွပ် ဆုတောန်းအီ ဆိုဘီး ခေါ်ခံရလေ့မယ်’ ဆိုဘီး ကျမ်းစာမာ ရေးဟှားဟှယ်မှုလော။ အယ်ဘေမဲ့ နန်းနို့ဟှာ အယ်အီတော်ဟှို မ္လလေတွပ် နေရာဖြစ်ခိုင်းဂေ့ဟှယ်!”
18ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ အယ်ဇာဟှို ကြားဟှားဂေ့ဟှယ်။ အယ်ကြောန့် ယေရှုဟှို သတ်ဟှို့တွပ် စဘီးဟှာ နည်းလမ်းရှာဂေ့ဟှယ်။ လူအောက်ဂီး တခုလောင်းဟှာ ကိုယ်တော်ရဲ့ သွန်သန်ဇာဟှို အံ့ဩဟှားဟှူကြောန့် သူးနို့ဟှာ ကိုယ်တော့်ဟှို ကြော့‑က်နေဂေ့ဟှယ်။
19ညဉ့်မိုက်လာဟှူ ခီမာ ယေရှုန တဗဲ့တော်လေဟှာ ဗြို့ပ္လန်ဟှို ထွပ်ဟှားဂေ့ဟှယ်။
သဖန်းဗန်ဟှ သင်ဂန်းဇာ
(မဿဲ ၂၁.၂၀–၂၂)
20သူးနို့ဟှာ နော့‑က်တနေ့ မိုးလန်းစောစောဂီး လမ်းရှော့‑က်ဟှားဂေ့ဟှူ ခီမာ ပြစ်ဟှနေဘီး ခြော့‑က်နေဟှူ သဖန်းဗန်ဟှို သူးနို့ဟှာ ဗြင်ဟှားဂေ့ဟှယ်။ 21ပေတရုဟှ ဒိရဟှားဘီး ယေရှုဟှို “ဆရာ၊ ကေ့လိုက်ဂေ့! ကိုယ်တော် ကီဆဲလိုက်ဟှူ သဖန်းဗန်ဟှာ ခြော့‑က်ဟှားဘီ!” ဆိုဘီး လျှော့‑က်လေဟှယ်။
22ယေရှုဟှ “ဘုရားသခင်ဟှို ယောင်ကြည်ပါ။ 23#မ ၁၇.၂၀; ၁ ကော ၁၃.၂ငါ မှန်းမှန်ကန်းကန် ပြောမယ်။ ဖယ်လူဘဲ့ဖြစ်ဖြစ် အယ်တောန်ဟှို ‘အယ်နေရာဟှနေ ရွေ့ဘီး ပန်လယ်ထဲဟှို က္လလော’ ဆိုဘီး သူ့ရဲ့ စိနှလောင်းထဲမာ သံသယမှေ့ဘဲ့ ယောင်ကြည်ဘီး ပြောမယ် ဆိုဟှာ အယ်တိုင်းဘဲ့ ဖြစ်လေ့မယ်။ 24အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ဟှာ တခုခုတွက် ဆုတောန်းဘီး တောန်းလျှော့‑က်ဟှူ ခီမာ အယ်ဇာဟှို ရပီးဘီး ဆိုဘီး နန်းနို့ ယောင်ကြည်ဂေ့။ အယ်ဆိုဟှာ နန်းနို့ ဖြားဇာဘဲ့ တောန်းတောန်း ရဂေ့လေ့မယ်။ 25#မ ၆.၁၄,၁၅နန်းနို့လေဟှာ ရပ်ဘီး ဆုတောန်းဟှူ ခီမာ နန်းနို့မာ ယော့‑က်ယော့‑က်ဟှို ပြစ်မှားဇာ တခုခုရှိမယ် ဆိုဟှာ အယ်လူဟှို ခွမ့်လွှတ်ဂေ့။ အယ်ဆိုဟှာ ကောန်းဂန်ဘောင်ဟှ နန်းနို့ဖလည်း နန်းနို့လေရဲ့ ပြစ်ဟှို လွှတ်ပေးလေ့မယ်။” 26#၁၁.၂၆ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၂၆ ဟှို၊ နန်းနို့ဟှာ တခြားလူလေရဲ့ ပြစ်လေဟှို လွှတ်ဘဲ့နနေမယ် ဆိုဟှာ ကောန်းဂန်ဘောင်ဟှ နန်းနို့ဖဟှာ နန်းနို့ရဲ့ ပြစ်လေဟှို လွှတ်ပေးလေ့မယ် မှုဟှ၊ ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု မ ၆.၁၅)။
ယေရှုရဲ့ ခွမ့်အာဏာန ဆိုင်ဟှူမေးခွန်း
(မဿဲ ၂၁.၂၃–၂၇; လုကာ ၂၀.၁–၈)
27သူးနို့ဟှာ ယေရုရှလင်ဗြို့ဟှို နော့‑က်တခါ ရော့‑က်ဟှားဂေ့ဟှယ်။ ယေရှုဟှာ ဗိမာန်တော်ထဲမာ လမ်းရှော့‑က်နေဟှူ ခီမာ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေန သတ်ကီးဝါးဂီးလေဟှာ ကိုယ်တော်နားဟှို လာဂေ့ဘီး
28ကိုယ်တော့်ဟှို “အယ်မှုဇာလေဟှို ဖြားခွမ့်အာဏာန လောက်နေနူး။ အယ်ခွမ့်အာဏာဟှို ဖယ်သူဟှပေးနူး” ဆိုဘီး မေးဂေ့ဟှယ်။
29ယေရှုဟှ “နန်နို့ဟှို ငါ မေးခွန်းတခု မေးမယ်။ နန်းနို့ဟှာ ငါ့ဟှို ဖြေပေးမယ် ဆိုဟှာ အယ်မှုဇာလေဟှို လောက်ဟှို့ ငါ့မာ ဖြားခွမ့်အာဏာ ရှိဟှယ် ဆိုဇာဟှို ငါပြောမယ်။ 30ဗတ္တိဇံပေးဟှို့တွပ် ယောဟန်ရဲ့ ခွမ့်အာဏာဟှာ ကောန်းဂန်ဟှနေ ဖြစ်ဇာလော။ လူဟှနေဖြစ်ဇာလော။ ငါ့ဟှိုဖြေဂေ့!” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။
31သူးနို့ရှင်းရှင်း စဘီး ဆွေးနွေးဂေ့ဇာဟှ “နို့လေဟှ ဖြားမျိုးပြောရဟှို့နူး။ ‘ကောန်းဂန်ဟှနေ ဖြစ်ဟှယ်’ ဆိုဘီး နို့လေဖြေမယ် ဆိုဟှာ ‘အယ်ဆိုဟှာ ဖြားဖြစ်ကြောန့် နန်းနို့ဟှ ယောဟန်ဟှို ယောင်ကြည်ဂေ့ဟှနူး’ ဆိုဘီး သူဟှာ ပြောလေ့မယ်။ 32‘လူဟှနေဖြစ်ဟှယ် …’ ဆိုဘီး နို့လေ ဖြေမယ် ဆိုဟှာ” သူးနို့လေဟှာ လူလေဟှို ကြော့‑က်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောဟန်ဟှို ပရောဖက်မှန် ဖြစ်ဟှယ် ဆိုဘီး လူတိုင်းဟှ မှတ်ယူဟှားဂေ့ဟှယ်။ 33အယ်ကြောန့် သူးနို့ဟှာ “ကျွန်တော့်ဟှားလေ သိဟှ” ဆိုဘီး ယေရှုဟှို ဖြေလိုက်ဂေ့ဟှယ်။
ယေရှုဟှ “အယ်ဆိုဟှာ အယ်မှုဇာလေဟှို ဖြားခွမ့်အာဏာန ငါလောက်ဟှယ် ဆိုဇာဟှိုလည်း ငါပြောဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 11: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ