የYouVersion አርማ
የፍለጋ አዶ

မာကု 10

10
ယေရှုဟှာ လန်မယားကွာရှင်းမှုဟှို သွန်သန်ဟှူကြောန်း
(မဿဲ ၁၉.၁–၁၂; လုကာ ၁၆.၁၈)
1အယ်ဘီးန ယေရှုဟှ အယ်နေရာဟှ ထွပ်ဟှားဘီး၊ ယုဒနယ်ဟှို သွားလေဟှယ်။ အယ်ဘီးဟှာ ယော်ဒန်မ္လစ်ဟှို ကူးဟှားလေဟှယ်။ လူအောက်ဂီးဟှ ကိုယ်တော်နားဟှို ပ္လန်ဘီး စုလာဂေ့ဟှယ်။ ကိုယ်တော်ဟှာ လောက်နေကျတိုင်း သူးနို့ဟှို သွန်သန်လေဟှယ်။
2ဖာရိရှဲလေ တချို့ဟှာ ကိုယ်တော်နားဟှို လာဘီးဟှာ ထောန်ချော့‑က်ဆင်ဟှို့ ကြိုးစာဟှယ်။ သူးနို့ဟှ “ကျွန်တော့်လေဟှို ပြောပြပါ။ ကျွန်တော့်လေရဲ့ ပညတ်တရားဟှ လူတယော့‑က်ဟှို သူ့မယားန ကွာရှင်းဟှို့ ခွမ့်ပြုဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
3ယေရှုဟှ “မောရှေဟှာ နန်းနို့ဟှို ဖြားမျိုး ပညတ်ပေးဟှားနူး” ဆိုဘီး မေးခွန်းန ပ္လန်မေးလေဟှယ်။
4 # မ ၅.၃၁ သူးနို့ရဲ့ ဖြေဟှ “လူတယော့‑က်ဟှာ သူ့မယားဟှို ကွာရှင်းစာချောက်ဟှို ပေးဘီး ကွာရှင်းဟှို့တွပ် မောရှေဟှ ခွမ့်ပြုဟှားဟှယ်” ဆိုဘီး ဖြစ်ဟှယ်။
5ယေရှုဟှ “မောရှေဟှာ အယ်မျိုးပညတ်ချစ်ဟှို နန်းနို့လေတွပ် ရေးဟှားဟှယ် ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ရဲ့ စိနှလောင်းမာကျောဟှူကြောန့် ဖြစ်ဟှယ်။ 6အယ်ဘေမဲ့ ကျမ်းစာမာ ပြောဟှားတိုင်းဘဲ့ ဖန်ဆင်းစဒူးဟှ ‘ဘုရားသခင်ဟှာ ယော့‑က်ကျားန မီးမဟှို ဖန်ဆင်းဟှားဟှယ်။ 7အယ်ကြောန်းကြောန့် ယော့‑က်ကျားဟှ သူ့မိဖဟှို စွန့်ဘီး သူ့မီးမန ပေါန်းသင်းလေဟှယ်။#၁၀.၇ တချို့ မူရင်းလတ်ရေးမူလေမာ အယ်ဘီးဟှာ သူ့မီးမနတူးဒူ ပေါန်းသင်းလေဟှယ်၊ ဆိုဇာဟှာ မှေ့ဟှ။ 8အယ်ဘီးဟှာ အယ်နှေ့ယော့‑က်ဟှာ တသားတကိုယ်ဒဲ ဖြစ်လာလေ့မယ်။’ အယ်ကြောန့် သူးနို့ဟှာ နှေ့ယော့‑က်မှုဟှ။ အယ်ဘေမဲ့ တယော့‑က်ဒဲဘဲ့ ဖြစ်ဟှယ်။ 9အယ်ကြောန့် ဘုရားသခင် ပေါန်းစပ်ပေးဟှားဇာဟှို လူခွဲခွာစေန” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
10သူးနို့လေဟှာ အီဟှို ပ္လန်ရော့‑က်ဟှူ ခီမာ တဗဲ့တော်လေဟှာ အယ်ကြောန်းဟှို ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှယ်။ 11#မ ၅.၃၂; ၁ ကော ၇.၁၀,၁၁ကိုယ်တော်ဟှ “ကိုယ့်မယားဟှို ကွာရှင်းဘီး တခြားမီးမဟှို ကိုယ့်မယားဟှို ပြစ်မှားဘီး အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်။ 12အယ်မျိုးဘဲ့ ကိုယ့်လန်ဟှို ကွာရှင်းဘီး တခြားယော့‑က်ကျားဟှို ပေါန်းသင်းဟှူ မီးမဟှာ ကိုယ့်လန်ဟှို ပြစ်မှားဘီး အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ယေရှုဟှာ သားဂန်းဟှားလေဟှို ကောန်းကြီးပေးဟှူကြောန်း
(မဿဲ ၁၉.၁၃–၁၅; လုကာ ၁၈.၁၅–၁၇)
13လူလေတချို့ဟှာ သားဂန်းလေရဲ့ထတ်မာ ကိုယ်တော်ရဲ့လတ်လေဟှို တန်ခိုင်းဟှို့တွပ် ယေရှုနားဟှို ခေါ်လာဂေ့ဟှယ်။ အယ်ဘေမဲ့ တဗဲ့တော်လေဟှ အယ်လူလေဟှို ပြစ်တန်ဂေ့ဟှယ်။ 14ယေရှုဟှ အယ်ဇာဟှို ဗြင်ဟှားခီမာ ကိုယ်တော်ဟှာ စိဆိုးဟှားဘီး “သားဂန်းလေဟှို ငါ့နားဟှို လာဂေ့ပါစေ၊ သူးနို့ဟှို တားဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မျိုးလူလေဘဲ့ ဘုရားသခင် နိုင်ငံတော်မာ နေရလေ့မယ်။ 15#မ ၁၈.၃ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို သားဂန်းတယော့‑က်မျိုး လတ်ခံဘဲဟှူလူဟှ နိုင်ငံတော်ဟှို လောင်းဝ ဝမ်ရလေ့ဟှို့ မှုဟှ” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ 16အယ်ဘီးန ကိုယ်တော်ဟှာ သားဂန်းလေဟှို ခီလိုက်ဘီး သူးနို့ထတ်မာ သူ့ရဲ့ လတ်လေဟှို တန်ဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှို ကောန်းကြီးပေးလေဟှယ်။
ကပ်ပေါဟှူလူကြောန်း
(မဿဲ ၁၉.၁၆–၃၀; လုကာ ၁၈.၁၈–၃၀)
17ယေရှုဟှ ခရီးစပြုနေဟှူ ခီမာ လူတယော့‑က်ဟှ ပ္လေးလာဘီး၊ ကိုယ်တော်ရှေ့မာ ဒူးထော့‑က်ဘီး “ကောန်းမြတ်ဟှူဆရာ၊ ထာဝရသတ်ဟှို လတ်ခံရဟှို့တွပ် ကျွန်တော့်ဟှ ဖြားဇာလောက်ရဟှို့နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
18ယေရှုဟှ “နန်ဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ကောန်းမြတ်ဟှယ် ဆိုဘီး ခေါ်နေရနူး။ ဘုရားသခင် တပါးဟှလွဲဘီး ဖယ်သူလည်း ကောန်းမြတ်ဟှ။ 19‘လူ့သတ်ဟှိုသတ်န၊ အီထောန်ရေးဖော့‑က်ပ္လန်န၊ ခိုးန၊ ဖယ်သူ့ဟှိုဘဲ့ဖြစ်ဖြစ် မှားမှားဟှီးန စွပ်စွဲန၊ လီညာန၊ နန့်ရဲ့မိဖဟှို ရိုသေဂေ့’ ဆိုဘီး ပညတ်ဟှားဇာလေဟှို နန်သိဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
20အယ်လူဟှ “ဆရာ၊ အယ်ပညတ်ချစ်လေ အားလောင်းဟှို ကျွန်တော် ငဲငယ်ဂဒဲဟှ ကျွန်တော်ဟှာ စောန့်ထီးလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
21ယေရှုဟှ အယ်လူဟှို ရှစ်ဟှူစိန စေ့စေ့ကေ့ဘီး “နန့်မာ တခုဘဲ့ လိုနေဟှယ်။ သွားဘီး နန့်မာရှိဇာလေ အားလောင်းဟှို ရောန်းလိုက်ဘီးဟှာ ဆင်းရဲသားလေဟှို ပေးလိုက်။ အယ်ဆိုဟှာ နန့်ဟှာ ကောန်းဂန်ဘောင်မာ ဘဏ္ဍာရလေ့မယ်။ အယ်ဘီးမှ လာဘီးဟှာ ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 22အယ်လူဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ။ သူ့ရဲ့ မျစ်နှာဟှာ ညှိုးငယ်ဟှားဟှယ်။ အယ်ဘီးန သူဟှာ ဝန်းနဲပန်းနဲန ထွပ်ဟှားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ရရာတိုင်း ကပ်ပေါဟှူကြောန့် ဖြစ်ဟှယ်။
23ယေရှုဟှာ တဗဲ့တော်လေဟှို လှည့်ပတ်ကေ့ဘီးန “ကပ်ပေါဟှူ လူလေတွပ် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ရဟှို့ ရရာတိုင်း ခတ်လေ့မယ်!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
24တဗဲ့တော်လေဟှ အယ်စကားလေဟှို အံ့ဩဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ ဆစ်ဘီး ပြောလိုက်ဇာဟှ “ငါ့သားမီးလေ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့တွပ် ရရာတိုင်း ခတ်လေဟှယ်! 25ကပ်ပေါဟှူ လူတယော့‑က်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့ထတ် ကုလားအုတ် တကောန်ဟှာ အပ်ပေါ့‑က်ထဲဟှို ဝမ်ဟှို့ ပိုဘီးလွယ်ဟှယ်။”
26တဗဲ့တော်လေဟှာ ပိုဘီး အံ့ဩဟှားဘီး “အယ်မျိုးဆို ဖယ်သူဟှ ကယ်တန်ရှင်း ခံရနိုင်ဟှို့နူး” ဆိုဘီး ရှင်းရှင်း မေးဂေ့ဟှယ်။
27ယေရှုဟှာ သူးနို့လေဟှို စေ့စေ့ကေ့ဘီးဟှာ “အယ်မှုဟှာ လူလေတွပ် ဖြစ်နိုင်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်တွပ် အားလောင်းဂူ ဖြစ်နိုင်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
28ပေတရုဟှ “ကျွန်တော့်လေဟှာ ကိုယ်တော်နော့က်ဟှို လိုက်ဟှို့ အားလောင်းဂူဟှို ထားရစ်ဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
29ယေရှုဟှ “ငါ မှန်းမှန်ကန်းကန် ပြောမယ်။ ငါ့တွပ်န ဧဝံဂေလိတွပ် အီ၊ ညီကိုလေ၊ မောန်နှမလေ၊ မိဖ၊ သားမီးလေ၊ လယ်မ္လေလေဟှို စွန့်ဟှူ လူဟှာ၊ 30ခုဘဝမာ ဆတရာထတ်ပိုဟှူ အီလေ၊ ညီကိုလေ၊ ညီမလေ၊ မိဖလေ၊ သားမီးလေ၊ လယ်မ္လေလေနတူးဒူ ညှဉ်းဆဲဇာဟှို လတ်ခံရရှိလေ့မယ်။ အယ်ဘီးဟှာ နော့‑က်ဘဝမာလည်း ထာဝရသတ်ဟှို လတ်ခံရရှိလေ့မယ်။ 31#မ ၂၀.၁၆; လု ၁၃.၃၀အယ်ဘေမဲ့ ရင်ဦးဆောင်း က္လဟှူ သူဘောင်ဂီးဟှ နော့‑က်ဆောင်းက္လလေ့မယ်၊ နော့‑က်ဆောင်း က္လဟှူ သူဘောင်ဂီးဟှ ရင်ဦးဆောင်း က္လလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ယေရှုဟှာ သူ့ရဲ့ သေခံရမယ့်ကြောန်းဟှို သောင်းခါမြော့‑က် ပြောဟှူကြောန်း
(မဿဲ ၂၀.၁၇–၁၉; လုကာ ၁၈.၃၁–၃၄)
32ယေရှုန တဗဲ့တော်လေဟှာ ယေရုရှလင်ဗြို့ဟှို သွားနေဂေ့ဟှယ်။ လမ်းမာယေရှုဟှာ သူးနို့ရှေ့ဟှနေ သွားဟှူကြောန့် တဗဲ့တော်လေဟှာ အံ့ဩနေဂေ့ဟှယ်။ နော့‑က်ဟှ လိုက်လာဟှူ လူလေဟှာလည်း ကြော့‑က်နေဂေ့ဟှယ်။ ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ယော့‑က်ဟှို သူ့ဘေးနားဟှို တခါ ထပ်ခေါ်ဘီးဟှာ သူ့မာ တွိကြောင်လာရဟှို့ ဇာလေဟှို ပြောပြလေဟှယ်။ 33ကိုယ်တော်ဟှ “နားထောန်ဂေ့။ နို့လေဟှာ ခု ယေရုရှလင်ဗြို့ဟှို သွားနေဂေ့ဘီး အယ်နေရာမာ လူ့ရဲ့သားဟှာ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေနားဟှို အပ်ဇာဟှို ခံရလေ့မယ်။ သူးနို့ဟှာ သူ့ဟှို သေဒန်စီရင်ဘီးန လူမျိုးခြားလေနားဟှို အပ်ဂေ့လေ့မယ်၊ 34လူမျိုးခြားလေဟှာ သူ့ဟှို ပြစ်ရယ်ပြုဘီး သူ့ဟှို ထွီးရယ်န ထွီးဘီး၊ သူ့ဟှို ကီဒန်ပေးဘီး သေသတ်ဂေ့လေ့မယ်။ သောင်းရစ်ကြာဘီးန လူ့ရဲ့သားဟှာ သေရာဟှနေ ထမြော့‑က်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယာကုပ်န ယောဟန်ရဲ့ တောန်းဆိုဇာ
(မဿဲ ၂၀.၂၀–၂၈)
35အယ်ဘီးန ဇေဗေဒဲရဲ့ သားလေဖြစ်ဟှူ ယာကုပ်န ယောဟန်လေဟှာ ယေရှုနားဟှို လာဟှယ်။ သူးနို့ဟှ “ဆရာ၊ ကျွန်တော့်ဟှားလေတွပ် လောက်ပေးစေရှင်ဇာ တခုရှိပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
36ယေရှုဟှ “နန်းနို့တွပ် ဖြားဇာဟှို ငါလောက်ပေးရဟှို့နူး” ဆိုဘီး မေးလေဟှယ်။
37သူးနို့ဟှ “ကျွန်တော့်ဟှားလေဟှို ကိုယ်တော်ရဲ့ ဖောင်းသရေတော်ထဲမာ ညာဖတ်မာ တယော့‑က်န ဘယ်ဖတ်မာ တယော့‑က် ထိုင်ခွမ့်ပေးပါ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
38 # လု ၁၂.၅၀ ယေရှုဟှ “နန်းနို့ဟှ ဖြားဇာလေ တောန်းနေဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှ။ ငါသော့‑က်ရမယ့် ဝေဒနာခွပ်ဟှို နန်းနို့ သော့‑က်နိုင်ဘဲ့လော။ ငါခံရမယ့် ဗတ္တိဇံဟှို နန်းနို့ ခံနိုင်ဘဲ့လော” ဆိုဘီး မိန့်တော်မူလေဟှယ်။
39သူးနို့ဟှ “ကျွန်တော့်လေဟှာ တတ်စွမ်းနိုင်ဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
ယေရှုဟှ “နန်းနို့ဟှာ ငါသော့‑က်ရမယ့် ခွပ်ဟှို သော့‑က်ရလေ့မယ်။ အယ်ဘီးဟှာ ငါခံရမယ့် ဗတ္တိဇံဟှိုလည်း ခံရဂေ့လေ့မယ်။ 40အယ်ဘေမဲ့ ဖယ်လူဟှာ ငါ့ရဲ့ ညာဖတ်န ဘယ်ဖတ်မာ ထိုင်ရလေ့မယ် ဆိုဇာဟှို ဝီးချယ်ဟှို့ခွမ့် ငါ့မာ မှေ့ဟှ။ ဘုရားသခင် ပြင်ဆင်ဟှားဟှူ လူလေတွပ် အယ်နေရာလေဟှို ကိုယ်တော်ဟှာ ပေးလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
41အယ်ကြောန်းဟှို တဗဲ့တော်ဆယ်ပါး ကြားဂေ့ဟှူ ခီမာ သူးနို့ဟှာ ယာကုပ်န ယောဟန်ဟှို စိဆိုးဂေ့ဟှယ်။ 42#လု ၂၂.၂၅,၂၆အယ်ကြောန့် ယေရှုဟှာ သူးနို့လေ အားလောင်းဂူဟှို တူးဒူခေါ်ဘီးဟှာ “နန်းနို့လေ သိဟှားမျိုးဘဲ့ မန်းစိုးရာဇာလေဟှာ လူမျိုးခြားလေထတ်မာ အောက်ချောက်ဂေ့ဟှယ်။ ကဲမှူးလေဟှလည်း ခွမ့်အာဏာ ထားဂေ့ဟှယ်။ 43#မ ၂၃.၁၁; မာ ၉.၃၅; လု ၂၂.၂၆နန်းနို့လေထဲမာ အယ်မျိုးဖြစ်ဂေ့န။ အယ်မျိုးဖြစ်မယ့်စား ကီးဆောင်းဖြစ်ရှင်ဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် နန်းနို့ထဲမာ စေခံဖြစ်ရမယ်။ 44အယ်ဘီးဟှာ ကီးဆောင်း ဖြစ်ရှင်ဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် အားလောင်းရဲ့ ကျွန်ဖြစ်ရမယ်။ 45ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့သားဟှာလည်း ခိုင်းစားဟှို့လာဇာ မှုဟှ။ သူဟှာ စေခံဟှို့န သူ့သတ်ဟှို စွန့်ဘီး လူလေဟှို ဝီးနုတွပ် လာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှာ မျစ်ကန်းဗာတိမဲဟှို ဗြင်စေဟှူကြောန်း
(မဿဲ ၂၀.၂၉–၃၄; လုကာ ၁၈.၃၅–၄၃)
46သူးနို့ဟှာ ယေရိခေါဗြို့ဟှို ရော့‑က်လာဂေ့ဟှယ်။ အယ်ဘီးဟှာ ယေရှုဟှာ တဗဲ့တော်လေန ကီးမားဟှူ လူအောက်ဂီးနတူးဒူ ထွပ်ဟှားဟှူ ခီမာ တိမဲရဲ့သား ဗာတိမဲ နာမယ်ရှိဟှူ မျစ်ကန်းဒေါန်းဇား တယော့‑က်ဟှာ လမ်းဘေးမာ ထိုင်နေဟှယ်။ 47သူဟှာ နာဇရက်ဗြို့သား ယေရှု ဖြစ်ဟှယ် ဆိုဇာဟှို ကြားရဟှူ ခီမာ သူဟှ “ဒါဝိဒ်ရဲ့ သားတော်! ယေရှု! ကျွန်တော့်ဟှို သနားပါ!” ဆိုဘီး စဘီး အော်ဟစ်လေဟှယ်။
48လူလေဘောင်ဂီးဟှ သူ့ဟှို ပြစ်တန်ဂေ့ဘီး တိတိဟှားနေဟှို့ ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ သူဟှ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွန်တော့်ဟှို သနားပါ!” ဆိုဘီး ရင်ဟှထတ် က္လယ်ဟှီး အော်ဟစ်လေဟှယ်။
49ယေရှုဟှာ ရပ်လိုက်ဘီးန “သူ့ဟှို ခေါ်ဂေ့” ဆိုဘီး ပြောလေဟှယ်။
အယ်ကြောန့် သူးနို့ဟှာ မျစ်ကန်းဟှို ခေါ်ဂေ့ဟှယ်။ သူးနို့ဟှ “အားငယ်န။ ထဒန်။ နန့်ဟှို ကိုယ်တော် ခေါ်နေဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
50အယ်လူဟှာ သူ့ရဲ့ ဝတ်လောင်ဟှို ဘေးဟှို ပစ်ခ္လလိုက်ဘီး၊ ထခူဘီးဟှာ ယေရှုနားဟှို လာဟှယ်။
51ယေရှုဟှ “နန့်တွပ် ဖြားဇာ လောက်ပေးစေရှင် ဟှယ်နူး” ဆိုဘီး သူ့ဟှို မေးလေဟှယ်။
မျစ်စိကန်းဟှူ လူဟှ “ဆရာ၊ ကျွန်တော် ဗြင်ရှင်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
52ယေရှုဟှ “သွားလိုက်၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
ရှစ်ရှင်းဘဲ အယ်လူဟှာ မျစ်စိဗြင်ဟှားဘီး လမ်းတရှော့‑က်လောင်း ယေရှု နော့‑က်ဟှို လိုက်လေဟှယ်။

Currently Selected:

မာကု 10: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ