የYouVersion አርማ
የፍለጋ አዶ

လုကာ 4

4
ယေရှုဟှို သွီးဆောန်ဟှူကြောန်း
(မဿဲ ၄.၁–၁၁; မာကု ၁.၁၂–၁၃)
1ယေရှုဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး ယော်ဒန်မ္လစ်နားဟှနေ ပ္လန်လာဘီးန ကိုယ်တော်ဟှာ ဝိညာဉ်တော်အားဖြင့် တောကန္တရထဲဟှို ပို့ဆောန်ရှင်းဟှို ခံတော်မူဘီး၊ 2အယ်နေရာမာ ကိုယ်တော်ဟှာ ရစ်လေးဆယ် လောင်းလောင်း နေဘီး မာရ်နတ်ရဲ့ သွီးဆောန်ရှင်းဟှို ခံရဟှယ်။ အယ်နေ့ရစ်လေမာ ကိုယ်တော်ဟှာ ဖြားလည်းစားဘဲကြောန့် အယ်နေ့ရစ်လေ ပီးဆောင်းဟှားဟှူ ခီမာ ကိုယ်တော်ဟှာ ရရာတိုင်း ဗိုက်ဆာတော်မူဟှယ်။
3မာရ်နတ်ဟှ “သင်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်က္လော့‑က်ခဲဟှို မုဖြစ်လာအောန် မိန့်ပေးကေ့” ဆိုဘီး ကိုယ်တော့်ဟှို ပြောဟှယ်။
4အယ်ဘေမဲ့ ယေရှုဟှ “‘လူဟှာ စားဇာတခုဒဲန သတ်ရှင်ရဟှို့ မှုဟှ’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
5အယ်ဘီးန မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ဗြစ်ဟှူ တောန်ထတ်ဟှို ခေါ်ဆောန်ဟှားဘီး အယ်လောကရဲ့ နိုင်ငံလေဟှို တခဏရှင်းမာ ကိုယ်တော့်ဟှို ပြလိုက်ဟှယ်။ 6မာရ်နတ်ဟှ “ငါဟှာ ကိုယ်တော့်ဟှို အယ်ခွမ့်အာဏာ အားလောင်းန အယ်ဖောင်းစည်းဇိမ် အားလောင်းပေးမယ်။ အယ်ဇာလေ အားလောင်းဟှာ ငါ့ဟှို အပ်ဟှားပီးဘီ။ ငါဟှာ အယ်ဇာလေဟှို ငါဝီးချယ်ဟှားဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် ငါပေးနိုင်ဟှယ်။ 7ကိုယ်တော်ဟှာ ငါ့ဟှို ကိုးကွယ်မယ် ဆိုဟှာ အယ်မူဇာလေ အားလောင်းဂူဟှာ ကိုယ်တော်ရဲ့ အောက်စာလေ ဖြစ်ဟှားလေ့မယ်” ဆိုဘီး ကိုယ်တော့်ဟှို ပြောဟှယ်။
8ယေရှုဟှ “ကျမ်းစာမာ ‘နန့်ရဲ့ ဘုရားသခင် တပါးဒဲဟှိုဘဲ့ ကိုးကွယ်ရမယ်။ အယ်သခင် တပါးဒဲဟှိုဘဲ့ စေခံရမယ်!’ ဆိုဇာ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
9အယ်ဘီးန မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ယေရုရှလင်ဗြို့ဟှို ခေါ်ဟှားဘီး ဗိမာန်တော်ရဲ့ ထိဖျားမာ တန်ဟှားဘီးဟှာ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်နေရာဟှနေ အော့‑က်ဟှို ခူခ္လလိုက်။ 10ဖြားဖြစ်ကြောန့်နူးဆိုဟှာ ‘ဘုရားသခင်ဟှာ ကိုယ်တော့်ဟှို စောန့်ရှော့‑က်ဟှို့တွပ် ကောန်းဂန်တမန်လေဟှို မိန့်ပေးဟှားလေ့မယ်။ 11ကိုယ်တော်ရဲ့ ခေဟှို က္လော့‑က်န ထိခိုက်ဘဲနေအောန် သူးနို့ဟှာ ကိုယ်တော့်ဟှို လတ်န ခီမဟှားလေ့မယ်’ ဆိုဇာ ကျမ်းစာမာ ပြောဟှားဟှယ်” ဆိုဘီး ပြောလေဟှယ်။
12အယ်ဘေမဲ့ ယေရှုဟှ “‘နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စောင်ဇမ်းန’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
13မာရ်နတ်ဟှာ သွီးဆောန်ရှင်း ဘောန်းဇောင် လောက်ဘီးန ယေရှုနားဟှ ထွပ်ဟှားဘီး ခွမ့်ကောန်းဟှို စောန့်နေလေဟှယ်။
မှုတော်မြတ် စပြုဟှူကြောန်း
(မဿဲ ၄.၁၂–၁၇; မာကု ၁.၁၄–၁၅)
14အယ်ဘီးန ယေရှုဟှာ ဂါလိလဲပြည်ဟှို ပ္လန်ဟှားဘီး ဘုရားသခင်ရဲ့ ဝိညာဉ်တော်တဂိုးဟှာ ကိုယ်တော်နတူးဒူ ရှိတော်မူဟှယ်။ ကိုယ်တော့်ဒန်းဟှာ အယ်ဒေသ တခုလောင်း ပ္လန့်နှံ့ဟှားဟှယ်။ 15ကိုယ်တော်ဟှာ ဝါလယ်ဇရပ်လေမာ သွန်သန်ဘီး ကိုယ်တော့်ဟှို လူတိုင်းချီးမွမ်းဂေ့ဟှယ်။
ယေရှုဟှို နာဇရက်ဗြို့ဟှ ငြင်းပယ်ဟှူကြောန်း
(မဿဲ ၁၃.၅၃–၅၈; မာကု ၆.၁–၆)
16အယ်ဘီးန ယေရှုဟှာ နာဇရက်ဗြို့ဟှို ကြွဟှားတော်မူဟှယ်။ အယ်ဗြို့ဟှာ ကိုယ်တော် ကီးဒတ်လာဟှူ ဗြို့ဖြစ်ဘီး ဒန်းနေ့မာ ကိုယ်တော်ဟှာ ခါတိုင်းသွားနေမျိုးဘဲ့ ဝါလယ်ဇရပ်ဟှို ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ဟှာ ကျမ်းစာဖတ်ဟှို့ မတ်တတ်ရပ်တော်မူလိုက်ဘီးန 17ကိုယ်တော်ဟှာ ပရောဖက်ဟေရှာယရဲ့ ကျမ်းဟှို လှမ်းယူလိုက်ဘီး ကျမ်းစာဟှို ဖွမ့်လိုက်န အယ်ကျမ်းမာ
18“သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟှာ ငါ့ထတ်မာ ရှိတော်မူဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ဆင်းရဲသားလေနားဟှို ဒန်းကောန်းသယ်ဆောန်ဟှို့ ငါ့ဟှို ဝီးချယ်တော်မူဟှယ်။
ကိုယ်တော်ဟှာ ခယ်ဟှားဇာခံရဟှူ လူလေနားဟှို လွှတ်မြော့‑က်စေဟှို့န
မျစ်စိကန်းဟှူ လူလေဟှို လန်းပ္လန်ရစေဟှို့၊
ညှဉ်းဆဲခံရဟှူ လူလေ လွှတ်မြော့‑က်စေဟှို့ကြောန်း ကြေညာဘီးန
19သခင်ဘုရားဟှာ ကိုယ်တော်ရဲ့ လူလေဟှို ကယ်တန်ဟှို့
ခီဟှာ ရော့‑က်လာဘီ ဖြစ်ကြောန်းဟှို ကြေညာဟှို့ ငါ့ဟှို စေလွတ်ဟှယ်” ဆိုဘီး ရေးဟှားလေဟှယ်။
20ယေရှုဟှာ ကျမ်းစာဟှို လိဘီး ဇရပ်စောန့်ဟှို ပ္လန်ပေးဘီးန ထိုင်လိုက်ဟှယ်။ ဝါလယ်ဇရပ်ထဲဟှ လူလေ အားလောင်းဂူရဲ့ မျစ်လောင်းလေဟှာ ကိုယ်တော့်ဟှိုဘဲ့ စေ့စေ့ကေ့နေဟှယ်။ 21အယ်ကြောန့် ယေရှုဟှာ သူးနို့ဟှို့ “နန်းနို့ ကြားဟှားမျိုးဘဲ့ အယ်ကျမ်းပိုဒ်ဟှာ အယ်နေ့ဘဲ့ မှန်ဖြစ်လာဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
22လူလေ အားလောင်းဂူဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ထော့‑က်ခံဂေ့ဘီး ကိုယ်တော်ရဲ့ ဆွဲဆောန်အားကောန်းဟှူ စကားလေကြောန့် အံဩဂေ့ဟှယ်။ သူးနို့ဟှ “သူဟှာ ယောသပ်ရဲ့ သား မှုဟှလော” ဆိုဘီး ပြောနေဂေ့ဟှယ်။
23ကိုယ်တော်ဟှာ “နန်းနို့ဟှာ ငါ့ဟှို အယ်မျိုးဆိုရိုးစကားန ကိုးကားလေ့မယ် ‘ဆရာဝန်၊ ကိုယ့်ကိုကိုယ် နာပျော့‑က်အောန်ကု’ ဆိုဘီး ပြောမယ် ဆိုဇာဟှို ငါတိက္လ သိဟှယ်။ ကပေရနောင်ဗြို့မာ လောက်ဟှားဇာဟှို နန်းနို့ ကြားဟှားပီးဘီ အယ်မျိုးဇာလေဟှို ငါ့ရဲ့ မွီးရပ်ဗြို့မာလည်း နန်းနို့ဟှာ ငါ့ဟှို လောက်ပြဟှို့ ပြောလေ့အူးမယ်။ 24#ယော ၄.၄၄နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ပရောဖက်လေဟှာ သူးနို့ရဲ့ ဗြို့မာ ကြိုဆိုရှင်းဟှို လောင်းဝ ခံရဟှ။ 25ငါ မှန်တိုင်းပြောမယ်၊ နားထောန်ဂေ့။ ဧလိယ လတ်ထတ်ဟှ ဣသရေလနိုင်ငံမာ သောင်းနှစ်ခွဲ ကောန်းဂန်ပိဟှားဘီး တနိုင်ငံလောင်း စာရေဇာ ခေါန်းပါးနေခီမာ ဣသေရလနိုင်ငံမာ မောက်ဆိုးမလေ ဘောင်ဂီးရှိဟှယ်။ 26ဧလိယဟှာ ဣသရေလနိုင်ငံထဲဟှ ဖယ်မောက်ဆိုးမ တယော့‑က်နားဟှိုလည်း စေလွတ်ရှင်းခံရဘဲ ဇိဒုန်ပြည် ဇရတ္တဗြို့မာနေဟှူ မောက်ဆိုးမ တယော့‑က်နားဟှိုဘဲ့ စေလွတ်ဟှယ်။ 27ပရောဖက် ဧလိရှဲ လတ်ထတ်ဟှ ဣသရေလနိုင်ငံမာနေဟှူ နူနာရောဂါသယ်လေ ဘောင်ဂီးရှိဘေမဲ့ သူးနို့လေထဲဟှ တယော့‑က်လည်း သန့်ရှင်းခွမ့် ရဂေ့ဟှ။ အယ်ဘေမဲ့ ရှုရိလူမျိုး နေမန်တယော့‑က်ဘဲ့ သန့်ရှင်းခွမ့် ရဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
28ဝါလယ်ဇရပ်မာရှိဟှူ လူလေဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ ဒေါသထွတ်ဟှားဂေ့ဟှယ်။ 29သူးနို့ဟှာ မတ်တတ်ထလိုက်ဘီး ယေရှုဟှို ဗြို့ပ္လန်ထိ ဒရွတ်တိုက်ဆွဲဟှားဘီးန သူးနို့ ဗြို့တည်ဟှားဟှူ တောန်ထိဟှို ခေါ်ဆောန်ဟှားဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို က္လော့‑က်ဆောန်ထတ်ဟှနေ တွန်းခ္လဟှို့ ခေါ်ဆောန်ဟှားဘေမဲ့၊ 30ကိုယ်တော်ဟှာ လူအောင်ဂီးလယ်ဟှနေ ရှော့‑က်ဟှားဘီး ကြွဟှားလေဟှယ်။
ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူလူကြောန်း
(မာကု ၁.၂၁–၂၈)
31အယ်ဘီးန ယေရှုဟှာ ဂါလိလဲပြည်ဟှ ဗြို့တဗြို့ဖြစ်ဟှူ ကပေရနောင်ဗြို့ဟှို ဆင်းဟှားဘီး ဒန်းနေ့မာ ကိုယ်တော်ဟှာ လူလေဟှို သွန်သန်တော်မူဟှယ်။ 32#မ ၇.၂၈,၂၉သူးနို့ အားလောင်းဟှာ ကိုယ်တော်ရဲ့ သွန်သန်ဟှူ နည်းလမ်းဟှို အံ့ဩဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ခွမ့်အာဏာန ပြောတော်မူကြောန့် ဖြစ်ဟှယ်။ 33ဝါလယ်ဇရပ်မာ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူလူ တယော့‑က်ရှိဘီး သူဟှာ သံက္လယ်ဟှီးန 34“မိ–ဝေး! နာဇရက်ဗြို့သားယေရှု၊ ကိုယ်တော်ဟှာ ကျွန်တော့်လေန ဖယ်မျိုးဆိုင်နူး။ ကိုယ်တော်ဟှာ ကျွန်တော့်လေဟှို ဖျစ်ဆီးဟှို့တွပ် အယ်နေရာဟှို ရော့‑က်လာဇာလော။ ကိုယ်တော်ဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော်သိဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ စေတမန်ဖြစ်ဟှယ်!” ဆိုဘီး အော်လေဟှယ်။
35ယေရှုဟှာ အယ်နတ်ဟှို “တိတိနေဘီး အယ်လူထဲဟှထွပ်!” ဆိုဘီး မိန့်ပေးလေဟှယ်။ နတ်ဆိုးဟှာ အယ်လူဟှို သူးနို့ရှေ့မာ ပစ်လှဲခ္လဘီးန သူ့ဟှို ထိခိုက်ရှင်းမှေ့ဘဲန သူ့ထဲဟှ ထွပ်ဟှားဟှယ်။
36လူလေ အားလောင်းဂူဟှ အံ့ဩဟှားဂေ့ဘီး ယော့‑က်နယော့‑က် “အယ်စကားလေဟှ ဖြားမျိုးစကားလေနူး။ အယ်လူဟှာ ညစ်ညူးဟှူနတ်လေဟှို ခွမ့်အာဏာတဂိုးန မိန့်ပေးလိုက်ဟှူန သူးနို့ဟှာ ထွပ်ဟှားဟှယ်!” ဆိုဘီး ပြောနေဂေ့ဟှယ်။ 37ယေရှုရဲ့ ဒန်းဟှာ အယ်ဒေသ တခုလောင်းဟှို ပ္လန့်နှံ့ဟှားလေဟှယ်။
လူလေဘောင်ဂီးဟှို နာပျော့‑က်စေဟှူကြောန်း
(မဿဲ ၆.၁၄–၁၇; မာကု ၁.၂၉–၃၄)
38ယေရှုဟှာ ဝါလယ်ဇရပ်ဟှနေ ထွပ်ဟှားဘီးန ရှိမုန်ရဲ့ အီဟှို ကြွဟှားလိုက်ဟှယ်။ ရှိမုန်ရဲ့ ယောက္ခမဟှာ ဖျားနာဘီး ရရာတိုင်း နေကောန်းဘဲ ဖြစ်နေကြောန်း သူးနို့ဟှာ ယေရှုဟှို တောန်းလျှော့‑က်လေဟှယ်။ 39ကိုယ်တော်ဟှာ အယ်မီးမရဲ့ ဘေးနားမာ သွားရပ်ဘီး ဖျားပျော့‑က်စေ ဆိုဘီး မိန့်ပေးလိုက်ဟှယ်။ အယ်မီးမဟှာ ဖျားနာပျော့‑က်ဟှားကြောန့် ရှစ်ရှင်းထဘီး ကိုယ်တော်န တဗဲ့တော်လေဟှို ဧည့်ဝတ်ပြုလေဟှယ်။
40နေဝမ်ဟှားဘီးန နာရောဂါဘောန်းဇောင်န နေကောန်းဘဲဖြစ်နေဟှူ လူလေရဲ့ ငယ်ဂျင်းလေဟှာ သူးနို့ဟှို ယေရှုနားဟှို ခေါ်လာဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့ အားလောင်းထတ်မာ လတ်ဟှို တန်ဘီးန သူးနို့ အားလောင်းဟှို နာပျော့‑က်စေဟှယ်။ 41နတ်ဆိုးလေဟှာလည်း လူလေထဲဟှနေ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှယ်!” ဆိုဘီး အော်ဟစ်ဘီး ထွပ်ဟှားဂေ့ဟှယ်။
ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဇာဟှို နတ်ဆိုးလေဟှ သိဟှယ်။ အယ်ကြောန့် သူးနို့ဟှို စကားခွန်းလည်းပြောန ဆိုဘီး မိန့်ပေးတော်မူဟှယ်။
ဝါလယ်ဇရပ်လေမာ ဟောပြောဟှူကြောန်း
(မာကု ၁.၃၅–၃၉)
42မိုးလန်းဟှူ ခီမာ ယေရှုဟှာ ဗြို့ဟှနေ ထွပ်ဟှားဘီးန တိဆိဟှူ နေရာဟှို ကြွဟှားလေဟှယ်။ လူလေဟှာ ကိုယ်တော့်ဟှို လိုက်ရှာဂေ့ဘီး သူးနို့ဟှာ ကိုယ်တော့်ဟှို တွိဟှူ ခီမာ ကိုယ်တော့်ဟှို ထွပ်ဟှားဘဲနေအောန် ဆီးတားဂေ့ဟှယ်။ 43အယ်ဘေမဲ့ ကိုယ်တော်ဟှာ “ငါဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို တခြား ဗြို့ဝါလေမာလည်း ကြေညာရအူးမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မျိုးကြေညာဟှို့ ဘုရားသခင်ဟှ ငါ့ဟှို စေလွတ်ရှင်း ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
44အယ်ကြောန့် ကိုယ်တော်ဟှာ ယုဒပြည် တပြည်လောင်းမာရှိဟှူ ဝါလယ်ဇရပ်လေမာ ကြေညာတော်မူလေဟှယ်။

Currently Selected:

လုကာ 4: NTDWB24

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ