မီးအိမ်ကို ထွန်းညှိ၍ မည်သူကမျှ တောင်းအောက်တွင် ထားမည်မဟုတ်။ ထိုအစား အိမ်ထဲ၌ရှိသောလူတိုင်းအတွက် အလင်းရောင်ရရန် မီးတိုင်တွင် ချိတ်ဆွဲထားကြမည်သာဖြစ်၏။ ထိုနည်းတူပင် သင်တို့၏အလင်းရောင်သည် လူအများ၏ရှေ့၌ ထွန်းလင်းနေကြရမည်ဖြစ်၏။ သို့မှသာ သင်တို့ပြုလုပ်ကြသည့် ကောင်းသောအရာများကို မြင်ကြပြီး ရွှေမြို့တော်တွင်ရှိသော သင်တို့အဖဘုရားရှင်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။