1
ကမ္ဘာဦး 32:28
Judson Bible
နောင်၌ သင်၏အမည်ကိုယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည်ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း၊ မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။
對照
ကမ္ဘာဦး 32:28 探索
2
ကမ္ဘာဦး 32:26
ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကောင်းချီးမပေးလျှင်၊ မသွားရဟုဆို၏။
ကမ္ဘာဦး 32:26 探索
3
ကမ္ဘာဦး 32:24
ယာကုပ်သည်တစ်ယောက်တည်းနေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။
ကမ္ဘာဦး 32:24 探索
4
ကမ္ဘာဦး 32:30
ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။
ကမ္ဘာဦး 32:30 探索
5
ကမ္ဘာဦး 32:25
ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ခြံကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။
ကမ္ဘာဦး 32:25 探索
6
ကမ္ဘာဦး 32:27
ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်းဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
ကမ္ဘာဦး 32:27 探索
7
ကမ္ဘာဦး 32:29
ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဖော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းချီးပေးတော်မူ၏။
ကမ္ဘာဦး 32:29 探索
8
ကမ္ဘာဦး 32:10
ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည်အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝှေးနှင့်သာကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်းနှစ်စုဖြစ်ပါ၏။
ကမ္ဘာဦး 32:10 探索
9
ကမ္ဘာဦး 32:32
ထိုသို့ယာကုပ်၏ပေါင်ခြံအကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည်၊ ပေါင်ချန်၌ရှိသောအကြောကြီးကို ယနေ့တိုင်အောင်မစား ရှောင်လေ့ရှိကြ၏။
ကမ္ဘာဦး 32:32 探索
10
ကမ္ဘာဦး 32:9
တစ်ဖန်ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရားကိုယ်တော်က၊ သင်၏ပြည်၊ သင်၏အမျိုးသားချင်းတို့ထံသို့ ပြန်လော့။ ငါသည်သင်၌ကျေးဇူးပြုမည်ဟု မိန့်တော်မူပါပြီ။
ကမ္ဘာဦး 32:9 探索
11
ကမ္ဘာဦး 32:11
သို့ဖြစ်၍၊ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
ကမ္ဘာဦး 32:11 探索
主頁
聖經
計劃
影片