မဿဲ 28:12-15
မဿဲ 28:12-15 BCB
ယဇ်ပုရောဟိတ်ခေါင်းဆောင်တို့သည် အကြီးအကဲတို့နှင့် စုဝေးတိုင်ပင်ကာ အစောင့်တပ်သားတို့အား လာဘ်ထိုးငွေအမြောက်အမြားပေး၍ “သင်တို့သည် ‘ကျွန်ုပ်တို့ ညအချိန် အိပ်ပျော်နေစဉ် ယေရှု၏တပည့်တော်များက လာ၍ အလောင်းကို ခိုးယူသွားကြပါသည်’ ဟု ထွက်ဆိုရမည်။ ဘုရင်ခံက ဤအကြောင်းကို ကြားသိလျှင်လည်း သင်တို့ဒုက္ခမရောက်စေရန် သင်တို့ဘက်၌ ငါတို့ ရပ်တည်ပေးမည်” ဟု စေခိုင်းကြ၏။ ထို့ကြောင့် အစောင့်တပ်သားတို့သည် လာဘ်ထိုးငွေကို လက်ခံ၍ သူတို့စေခိုင်းသည့်အတိုင်း ထွက်ဆိုကြ၏။ ထိုစကားသည် ဂျူးလူမျိုးတို့ကြားတွင် ယနေ့တိုင်အောင် ပျံ့နှံ့လျက်ရှိ၏။