YouVersion Logo
Search Icon

က~မ္ဘာ~ဦး~ကျမ်း။ 8

8
1ဘု ရား သ ခင် သည် နော ဧ မှ စ ၍ သင်္ဘော တွင်း ပါ ရှိ သော သား ယဉ် သား ရဲ အ ပေါင်း တို့ ကို သ တိ ရ၍ မြေ ကြီး ပေါ် မှာ လေ တိုက် စေ တော် မူ သ ဖြင့် ရေ လျော့ လေ ၏။ 2ရေ ထု စမ်း ပေါက် များ နှင့် မိုး ကောင်း ကင် ပြွန်၀ များ ကို ဆို့ ပိတ်၍ မိုး ကို စဲ စေ တော် မူ ၏။ 3ရေ လည်း မြေ ပေါ် မှ အ စဥ် အ တိုင်း ဆုတ် သွား၍ ရက် ပေါင်း တစ် ရာ့ ငါး ဆယ် စေ့ သော အ ခါ ယုတ် လျော့ လေ ၏။ 4သ တ္တ မ လ၊ ဆယ့် ခု နစ် ရက် တွင် သင်္ဘော သည် အာ ရ ရတ် ပြည် ရှိ တောင် တန်း ပေါ် မှာ တင် လေ ၏။ 5ဒ သ မ လ တိုင် အောင် ရေ သည် အ စဉ် အ တိုင်း ယုတ် လျော့၍ ထို လ တစ် ရက် တွင် တောင် ထိပ် များ ပေါ် လေ ၏။
6အ ရက် လေး ဆယ် ကြာ ပြီး နောက် နော ဧ သည် သင်္ဘော၌ လုပ် ခဲ့ သော ပြူ တင်း ပေါက် ကို ဖွင့်၍ ကျီး အ တစ် ကောင် ကို လွှတ် ရာ၊ 7ထို ကျီး အ သည် မြေ ပေါ် မှာ ရေ မ ခြောက် မ ချင်း လူး လာ ပျံ သန်း နေ လေ ၏။ 8တစ် ဖန် မြေ မျက် နှာ ပေါ် မှ ရေ လျော့ ကျ သည်၊ မ ကျ သည် ကို သိ ခြင်း ငှါ ခို တစ် ကောင် ကို လွှတ် ပြန် လေ ၏။ 9မြေ တစ် ပြင် လုံး၌ ရေ ရှိ သေး သော ကြောင့် ခို သည် ခြေ ချ နား နေ ရာ ကို မ တွေ့ သ ဖြင့် နော ဧ ရှိ ရာ သင်္ဘော သို့ ပြန် လာ သော် နော ဧ လက် ဆန့် ၍ ခို ကို ဖမ်း ယူ ပြီး လျှင် ကိုယ့် နေ ရာ သင်္ဘော တွင်း သို့ သွင်း လေ ၏။ 10တစ် ဖန် ခု နစ် ရက် စောင့် ဆိုင်း ပြီး လျှင် ထို ခို ကို သင်္ဘော တွင်း မှ လွှတ် ပြန် ရာ၊ 11ည နေ ချမ်း အ ချိန်၌ ခို သည် နော ဧ ထံ သို့ ပြန် လာ လျှင် နှုတ် သီး ဖြင့် သံ လွင် ရွက် သစ် ကို ချီ ခဲ့၍ မြေ ကြီး ပေါ် မှ ရေ လျော့ ကျ သည် ကို နော ဧ သိ လေ ၏။ 12ခု နစ် ရက် ထပ် မံ စောင့် ဆိုင်း ပြီး လျှင် ၎င်း ခို ကို လွှတ် ရာ နောက် တစ် ဖန် မ ပြန် မ လာ ဘဲ နေ ၏။ 13ခြောက် ရာ့ တစ် နှစ်၊ ပ ထ မ တစ် ရက် တွင် မြေ ကြီး ပေါ် မှ ရေ ခန်း ခြောက် သည် ရှိ သော် နော ဧ သည် သင်္ဘော အ မိုး ကို ပယ် လှန် ၍ ရှု ကြည့် သော အ ခါ မြေ မျက် နှာ ပြင် သွေ့ ခြောက် စ ရှိ သည် ကို မြင် လေ ၏။ 14ဒု တိ ယ လ၊ နှစ် ဆယ့် ခု နစ် ရက် တွင် မြေ ကြီး သွေ့ ခြောက် လေ၏။
15-16ဘု ရား သ ခင် သည် နော ဧ အား မိန့် တော် မူ ပြန် သည် မှာ သင် သည် မ ယား၊ သား၊ ချွေး မ တို့ နှင့် တ ကွ သင်္ဘော တွင်း မှ ထွက် ဆင်း လော့။ 17မြေ ပေါ် မှာ များ ပြား စွာ ပေါက် ပွား ကြ စေ ရန် သင် နှင့် ပါ သည့် သက် ရှိ သ တ္တ ဝါ အ ပေါင်း တည်း ဟူ သော လေ သ တ္တ ဝါ၊ သား ယဥ် သား ရဲ၊ မြေ ပေါ် မှာ တွား တတ် သည့် တိ ရ စ္ဆာန် ရှိ သ မျှ တို့ ကို ထုတ် ဆောင် လော့ ဟု မိန့် တော် မူ ၏။ 18ထို အ ခါ နော ဧ မှ စ၍ မ ယား၊ သား၊ ချွေး မ တို့ နှင့် တ ကွ၊ 19မြေ ပေါ် မှာ လှုပ် ရှား သွား လာ တတ် သ မျှ သော သား ယဥ် သား ရဲ၊ တွား တတ် သည့် တိ ရ စ္ဆာန်၊ လေ သ တ္တ ဝါ တို့ သည် အ သီး အ သီး အ မျိုး အ လိုက် သင်္ဘော တွင်း မှ ထွက် ဆင်း ကြ ကုန် ၏။ 20နော ဧ လည်း ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ဆောက် ပြီး မှ သန့် သော သား ကောင်၊ သန့် သော ကြက် ငှက် အ မျိုး မျိုး ထဲ မှ ယူ၍ ၎င်း ပ လ္လင် တော် ပေါ် မှာ မီး ရှို့ ရာ သ က္ကာ ကို ဆက် ကပ် သော်၊ 21ထာ ဝ ရ ဘု ရား သည် စိတ် တော် ပြေ ဖွယ် ရ နံ့ ကို ရ၍ လူ တို့ အ တွက် မြေ ကို အမင်္ဂ လာ ဖြစ် စေ တော့ မည် မ ဟုတ်။ လူ တို့ သည် ငယ် ရွယ် စဥ် က ပင် စိတ် နှ လုံး အ ကြံ အ စည် ဆိုး ညစ် ကြ၏။ သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ ကို ယ ခု ငါ ဒဏ် ခတ် ခဲ့ သည့် နည်း တူ နောက် တစ် ဖန် ဒဏ် ခတ် ဦး မည် မ ဟုတ်။ 22မြေ ကြီး တည် ရှိ သည့် ကာ လ ပတ် လုံး မျိုး ကြဲ ချိန် နှင့် ရိတ် သိမ်း ချိန်၊ အ အေး နှင့် အ ပူ၊ နွေ ဥ တု နှင့် ဆောင်း ဥ တု၊ နေ့ နှင့် ညဥ့် သည် မ ပြတ် မ စဲ စေ ရ ဟု စိတ် ပြ ဋ္ဌာန်း တော် မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in