သမ္မာကျမ်းစာကို အတူဖတ်ရှုကြပါစို့။ (စက်တင်ဘာလ)
30 ရက်
(၁၂) ပိုင်းတွဲမှ အပိုင်း (၉)။ ဤအစီအစဉ်သည် ဖတ်ရှုသူများအား သမ္မာကျမ်းစာကို (၃၆၅) ရက်တာအတွင်း အတူတူဖတ်ရှုပြီးစီးစေပါမည်။ လစဉ် အပိုင်းသစ်ကို ဖတ်ရှုသည့်အခါတိုင်း အခြားသောသူများကိုလည်း ပါဝင်လျက် ဖတ်ရှုရန် ဖိတ်ခေါ်ပါ။ ဤအစီအစဉ်တွဲများကို အသံဖြင့် နားထောင်နိုင်သော သမ္မာကျမ်းစာနှင့်အတူတူ လေ့လာပါက ပိုထိရောက်ပါသည်။ (၁) ရက်ကို အနည်းဆုံး မိနစ် (၂၀) ခန့် နားထောင်ပါ။ အပိုင်းတိုင်းတွင် ဓမ္မဟောင်း၊ ဓမ္မသစ်အခန်းကြီးများ ပါဝင်ပြီး ၎င်းအခန်းကြီးများတွင် ဆာလံကျမ်းပါ အနှံ့ ပါဝင်နေပါသည်။ အပိုင်း (၉) တွင်၊ နေဟမိမှတ်စာ၊ ဧသတာဝတ္ထု၊ တိမောသေသြဝါဒပထမစောင်၊ ဒုတိယစောင်၊ ယောလအနာဂတ္တိကျမ်း၊ အာမုတ်အနာဂတ္တိကျမ်း၊ သြဗဒိအနာဂတ္တိကျမ်း၊ နာဟုံအနာဂတ္တိကျမ်း၊ ဟဗက္ကုတ်အနာဂတ္တိကျမ်း၊ ဇေဖနိအနာဂတ္တိကျမ်း၊ တိတုသြဝါဒစာ၊ ဖိလေမုန်သြဝါဒစာ၊ ရှင်ယာကုပ်သြဝါဒစာ၊ ဇာခရိအနာဂတ္တိကျမ်း၊ မာလခိအနာဂတ္တိကျမ်းတို့ ပါဝင်ပါသည်။