သောက
ဝမ်းမြောက်ခြင်း
ပျော်ရွှင်ဝမ်းမြောက်ခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ နှုတ်ကပတ်တော်တရားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိမိရဲ့ ပျော်ရွှင်ခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိမိရဲ့ဘဝမှာ ဝမ်းမြောက်ခြင်းတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။
စိုးရိမ်ပူပန်ခြင်း
ကျွန်တော်တို့ရဲ့ အသက်တာဟာ ကျွန်တော်တို့ မသိတဲ့အရာ (မောဟ) တွေအပေါ် စိုးရိမ်ပူပန်ခြင်း၊ သောကမီးတွေနဲ့ အလွယ်တကူ ပြည့်နှက်လာတတ်ပါတယ်။ ဒါပေမဲ့၊ ဘုရားသခင်က ကျွန်တော်တို့ကို စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မပေးဘဲ၊ ရဲရင့်ခြင်း စိတ်ကိုပဲ ပေးထားပါတယ်။ ဒီ (၇) ရက်တာ စာဖတ်အစီအစဉ်ကနေ သမိတ်ဆွေကို ဘယ်အခြေအနေမျိုးမှာမဆို ဘုရားဘက် ပြန်လှည့်လာနိုင်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ စိုးရိမ်ပူပန်ခြင်းကို အဆုံးသတ်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းက ဘုရားသခင်အပေါ် ယုံကြည်ခြင်းထားဖို့ရန်ပဲ ဖြစ်ပါတယ်။
ဖိလိပ္ပိသြဝါဒစာ၏ရှင်းပြချက်
မိတ်ဆွေသည် မကျူးလွန်မိသည့် ရာဇ၀တ်မှုအားဖြင့် ထောင်သို့ မတရားစွာ ရောက်လျှင် မိမိသူငယ်ချင်းများထံ စာတစ်စောင်ကို ရေးပေးနိုင်မလား။ ဖိလိပ္ပိအသင်းတော်သို့ တမန်တော်ကြီး ရှင်ပေါလု၏ ဩဝါဒစာသည် ရောမထောင်ထဲတွင် ထိုင်နေချိန်၌ပင် ရွှင်လန်းမှုအပြည့်ရှိသူကို ဖော်ပြထားပါသည်။ ဖိလိပ္ပိဩဝါဒစာသည် ဆင်းရဲဒုက္ခခံစဉ်တွင် ဝမ်းမြောက်ခြင်းနှင့် ရရဲင့်သတ္တိကို ဖော်ပြထားသောစာ ဖြစ်သည်။ ဆရာခရစ့်လန်းဟန်း (Kris Langham) သည် ဖိလိပ္ပဩဝါဒစာကို သင်ပေး၍ လမ်းညွှန်ပေးပါလိမ့်မည်။
ကြောက်ရွံ့ခြင်းကိုလွှမ်းခြုံထားသော ယုံကြည်မှု
ကိစ္စရပ်များ ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသည့်အခါ သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူများက ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အချိန်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းနေရာကို ကျွန်ုပ်တို့ရှာတွေ့နိုင်ပါသည်။
မျှော်လင့်ခြင်း၏ အစွမ်းတန်ခိုး
သတင်းဆိုးများနှင့် လောကဓံဒုက္ခသည် မိတ်ဆွေအား ပင်ပန်းနွမ်းနယ်စေလျက် မိမိသောကမီးကို ပိုမိုတိုးပွားစေတတ်သည်။ သို့သော်၊ ဘုရားသခင်အရှေ့တော်၌ အသစ်သောအမှုအရာ မရှိ။ နာမည်ကြီးသောစာရေးဆရာ ဂျက်ကန်ထရီးမန်း (Jack Countryman) ၏ (၇) ရက်တာအစီအစဉ်တွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်တော်များအတွက် မျှော်လင့်ခြင်းပါရမီကို ပေးသလို၊ ယခုခေတ်ရှိ ယုံကြည်သူများအတွက်လည်း ပေးတော်မူသည်တည်းဟူသော သမ္မာတရားကို ဖော်ပြထားစေသည်။
ယုံကြည်ကိုးစားခြင်း
ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက််မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။
သာ၍ကောင်း၏
မိတ်ဆွေသည် မကျေမနပ်ဘဲ၊ စိတ်ရှုပ်လျက်၊ သံသရာလည်သလိုပဲဟု ခံစားနေပါသလား။ မိမိဘဝကို ပိုမိုကောင်းစေဖို့ မျှောလင့်နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ပိုမိုကောင်းသောဘဝသို့ လမ်းညွှန်စေသည်။ ဤ (၂၈) အရက်တာအစီစဉ်တွင်၊ ကောင်းသောဘဝကနေ ဘုရားသခင်အလိုရှိတော်မူသော ပိုမိုကောင်းသောဘဝသို့ ရောက်နိုင်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။
တပည့်တော်ဖြစ်ခြင်း နေ့စဉ်မှတ်တမ်းအတွက် ဖတ်ရှုနိုင်မည့် အစီအစဉ်
စနစ်တကျလွယ်ကူလိုက်လျောက်နိုင်သော သမ္မာကျမ်းစာဖတ်ရှုခြင်းလမ်းညွှန် ဖြစ်ပါသည်။ တပည့်တော်ဖြစ်ခြင်း နေ့စဉ်မှတ်တမ်းမှတစ်ဆင့် ဤစာအုပ်၏ (၁) နှစ်တာကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ဇယားသည် (၁) နှစ်အတွင်း စနစ်တကျ သမ္မာကျမ်းစာဖတ်ရှုတတ်စေရန် ပေးစွမ်းနိုင်ပါသည်။
မရေရာမသေချာတဲ့ကာလမှာ ရေရာသေချာမှု
မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာမှု ရှိပါတယ်။ ဆရာဒေးဗစ်ဗစ်လာ (David Villa) လို မသေချာ မရေရာမှုနဲ့ အဆိုးမြင်၊ အပျက်သဘောကို ကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကို ရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။