ဝမ်းမြောက်ခြင်း
စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်
မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။
ဝမ်းမြောက်ခြင်း
ပျော်ရွှင်ဝမ်းမြောက်ခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ နှုတ်ကပတ်တော်တရားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိမိရဲ့ ပျော်ရွှင်ခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိမိရဲ့ဘဝမှာ ဝမ်းမြောက်ခြင်းတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။
စိုးရိမ်ပူပန်ခြင်း
ကျွန်တော်တို့ရဲ့ အသက်တာဟာ ကျွန်တော်တို့ မသိတဲ့အရာ (မောဟ) တွေအပေါ် စိုးရိမ်ပူပန်ခြင်း၊ သောကမီးတွေနဲ့ အလွယ်တကူ ပြည့်နှက်လာတတ်ပါတယ်။ ဒါပေမဲ့၊ ဘုရားသခင်က ကျွန်တော်တို့ကို စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မပေးဘဲ၊ ရဲရင့်ခြင်း စိတ်ကိုပဲ ပေးထားပါတယ်။ ဒီ (၇) ရက်တာ စာဖတ်အစီအစဉ်ကနေ သမိတ်ဆွေကို ဘယ်အခြေအနေမျိုးမှာမဆို ဘုရားဘက် ပြန်လှည့်လာနိုင်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ စိုးရိမ်ပူပန်ခြင်းကို အဆုံးသတ်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းက ဘုရားသခင်အပေါ် ယုံကြည်ခြင်းထားဖို့ရန်ပဲ ဖြစ်ပါတယ်။
ဖိလိပ္ပိသြဝါဒစာ၏ရှင်းပြချက်
မိတ်ဆွေသည် မကျူးလွန်မိသည့် ရာဇ၀တ်မှုအားဖြင့် ထောင်သို့ မတရားစွာ ရောက်လျှင် မိမိသူငယ်ချင်းများထံ စာတစ်စောင်ကို ရေးပေးနိုင်မလား။ ဖိလိပ္ပိအသင်းတော်သို့ တမန်တော်ကြီး ရှင်ပေါလု၏ ဩဝါဒစာသည် ရောမထောင်ထဲတွင် ထိုင်နေချိန်၌ပင် ရွှင်လန်းမှုအပြည့်ရှိသူကို ဖော်ပြထားပါသည်။ ဖိလိပ္ပိဩဝါဒစာသည် ဆင်းရဲဒုက္ခခံစဉ်တွင် ဝမ်းမြောက်ခြင်းနှင့် ရရဲင့်သတ္တိကို ဖော်ပြထားသောစာ ဖြစ်သည်။ ဆရာခရစ့်လန်းဟန်း (Kris Langham) သည် ဖိလိပ္ပဩဝါဒစာကို သင်ပေး၍ လမ်းညွှန်ပေးပါလိမ့်မည်။
စစ်မှန်သော ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း၊ ဂျွန်ပိုက်ပါနှင့်အတူ ဝတ်ပြုခြင်းများ
ဘုရားသခင်က ကျွန်တော်တို့အတွက် များစွာ လုပ်ဆောင်ပေးတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ ဘုရားရဲ့ ကြီးမြတ်ခြင်းကို ခံစားရဖို့ မိမိကိုယ်ကို ရှေ့ထုတ်ရမှာ ဖြစ်တယ်။ ဤ (၃) ရက်တာ ဝတ်ပြုဆုတောင်းခြင်းအစီအစဥ်မှာ ဆရာဂျွန်ပိုက်ပါက ယေရှု၏ ချစ်ခြင်းမေတ္တာတော်ပြခဲ့တယ့်လုပ်ရပ်များထက် ကျော်လွန်ပြီး ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာတော် ရည်မှန်းချက်ပန်းတိုင်ကို မြင်လာစေရန် စာဖတ်သူတွေကို တိုက်တွန်းပေးတာဖြစ်တယ်။
အံ့အားသင့်ဝမ်းမြောက်မှု
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။
မဟာနာမ
မဟာနာမ အစီစဉ်သည် မြန်မာလူမျိုးများအတွက် အထူးရေးသားထားပြီး ဘုရားကို ရှာဖွေသူများ၊ ယုံကြည်သူအသစ်များ (သို့) ကိုယ်တော်မြတ်နှင့် သူ၏ဧဝံဂေလိတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်လိုသူတိုင်းအတွက် ရှင်းလင်းစွာ ပြုပြင်စီရင်ထားပါသည်။ ဤမရှိမဖြစ် အစီစဉ်သည် ကိုယ်တော်၏ မဟာနာမအားဖြင့် ရရှိခံစားစေသော ကယ်တင်ခြင်းအကျွတ်တရားနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ယခုစတင်လိုက်ပါ။
ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များ
ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် သမ္မာကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာ Rick နှင့်အတူ ဤအစီအစဥ်မှာပါဝင်ပါ။