YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1:19-22

ရု​သ​ 1:19-22 Judson Bible (JBMLE)

ထို​သူ​နှစ်​ယောက်​တို့​သည် ခ​ရီး​သွား၍ ဗက်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​ဖြစ်၍၊ ဤ​သူ​ကား နော​မိ​ဟုတ်​သ​လော​ဟု မေး​ကြ၏။ သူ​က​လည်း နော​မိ​ဟူ၍ မ​ခေါ်​ပါ​နှင့်။ မာ​ရ​ဟူ၍ ခေါ်​ပါ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​အား အ​လွန်​ခါး​သော​အ​ရာ​ကို ပေး​တော်​မူ​ပြီ။ ငါ​သည် ကြွယ်​ဝ​ပြည့်​စုံ​လျက် ထွက်​သွား၏။ ယ​ခု​မူ​ကား ဆင်း​ရဲ​လျက် တစ်​ကိုယ်​တည်း​ရှိ​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ပို့​ပြန်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​နှိမ့်​ချ၍ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​ဆင်း​ရဲ​စေ​တော်​မူ​သည် ဖြစ်၍၊ နော​မိ​အ​မည်​ဖြင့် အ​ဘယ်​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း​ဟု ပြန်​ပြော၏။ ထို​သို့​မော​ဘ​ပြည်​မှ လိုက်​လာ​သော မော​ဘ​ပြည်​သူ ချွေး​မ​ရု​သ​နှင့်​အ​တူ နော​မိ​သည်​ပြန်​လာ၍၊ မု​ယော​စ​ပါး​ကို ရိတ်​စ​ကာ​လ၌ ဗက်​လင်​မြို့​သို့​ရောက်​ကြ၏။

ရု​သ​ 1:19-22 Common Language Bible (BCL)

သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။ နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။- ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။ ဤ​ကား​နော​မိ​သည် ချွေး​မ​ဖြစ်​သူ​မော​ဘ အ​မျိုး​သ​မီး​ရု​သ​နှင့်​အ​တူ မော​ဘ​ပြည် မှ​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​ဖြစ်​ပေ​သည်။ သူ တို့​နှစ်​ယောက်​သည်​မု​ယော​စ​ပါး​ရိတ်​သိမ်း စ​အ​ချိန်​၌ ဗက်​လင်​မြို့​သို့​ရောက်​ရှိ​လာ ကြ​သ​တည်း။

ရု​သ​ 1:19-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​နှစ်​ယောက် ဗက်လင်​မြို့​သို့ ခရီးဆက်​လာ​ခဲ့​ကြ​၏​။ ဗက်လင်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​မြင်​သည်​နှင့် တစ်မြို့လုံး ပွက်လောရိုက်​သွား​လေ​၏​။ အမျိုးသမီး​တို့​က “​ဤ​သူ​ကား နောမိ​လော​”​ဟု မေးမြန်း​ကြ​၏​။ နောမိ​က​လည်း “​အကျွန်ုပ်​ကို နောမိ​ဟု မ​ခေါ်​ပါ​နှင့်​။ မာရ​ဟု ခေါ်​ပါ​။ အနန္တတန်ခိုးရှင်​သည် အကျွန်ုပ်​အား ခါးသီး​စွာ​ခံစား​ရ​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ထွက်သွား​စဉ်က ပြည့်ပြည့်စုံစုံ​နှင့် ထွက်သွား​၏​။ ယခု​မူကား ထာဝရဘုရား​သည် လက်ချည်းသက်သက်​ပြန်လာ​စေ​တော်မူ​၏​။ အဘယ်ကြောင့် အကျွန်ုပ်​ကို နောမိ​ဟု ခေါ်​ကြ​ဦး​မည်နည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဆုံးမ​တော်မူ​ပြီ​။ အနန္တတန်ခိုးရှင်​သည် အကျွန်ုပ်​ကို ဒုက္ခရောက်​စေ​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။ ဤသို့ဖြင့် နောမိ​သည် သူ​၏​ချွေးမ မောဘ​အမျိုးသမီး​ရုသ​နှင့်အတူ မောဘ​ပြည်​မှ ပြန်လာ​၍ မုယောစပါး​ရိတ်သိမ်း​စ​အချိန်​တွင် ဗက်လင်​မြို့​သို့ ရောက်လာ​ကြ​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။