ရုသ 1:16
ရုသ 1:16 Judson Bible (JBMLE)
ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။
ရုသ 1:16 Common Language Bible (BCL)
သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။
ရုသ 1:16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရုသကလည်း “အမေ့ကို ထားခဲ့ပြီး နောက်ပြန်လှည့်သွားရန် အကျွန်ုပ်ကို မတိုက်တွန်းပါနှင့်။ အမေသွားသည့်နေရာသို့ အကျွန်ုပ်လိုက်မည်။ အမေအိပ်သည့်နေရာတွင် အကျွန်ုပ်အိပ်မည်။ အမေ့လူမျိုးသည် အကျွန်ုပ်လူမျိုး၊ အမေ့ဘုရားသည် အကျွန်ုပ်ဘုရား ဖြစ်ပါ၏။