YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1:1-7

ရု​သ​ 1:1-7 Judson Bible (JBMLE)

တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။ ထို​သူ၏​အ​မည်​ကား ဧ​လိ​မ​လက်။ မ​ယား​အ​မည်​ကား​နော​မိ။ သား​နှစ်​ယောက်​အ​မည်​ကား မ​ဟာ​လုန်​နှင့် ခိ​လျုန်​တည်း။ သူ​တို့​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​လျက်၊ မော​ဘ​ပြည်​သို့​သွား၍ နေ​ကြ၏။ နော​မိ၏​ခင်​ပွန်း ဧ​လိ​မ​လက်​သည် သေ၍ မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​သည် ကျန်​ရစ်​ကြ၏။ သား​တို့​သည် မော​ဘ​ပြည်​သူ ဩ​ရ​ပ​နှင့်​ရု​သ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၍၊ ထို​ပြည်​မှာ ဆယ်​နှစ်​ခန့်​မျှ​နေ​ပြီး​မှ၊ ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​ကြည့်​အ​ရှု​ကြွ၍ မုန့်​ကို​ပေး​သ​နား​တော်​မူ​ကြောင်း​ကို ထို​မိန်း​မ​သည် မော​ဘ​ပြည်၌​ကြား​သော​အ​ခါ၊ မော​ဘ​ပြည်​မှ ပြန်​သွား​မည်​ဟု ချွေး​မ​နှစ်​ယောက်​နှင့်​အ​တူ​ထ၍၊ တည်း​ခို​ရာ​အ​ရပ်​က ထွက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ရောက်​လို​သော​ငှာ သွား​ကြ၏။

ရု​သ​ 1:1-7 Common Language Bible (BCL)

ရှေး​အ​ခါ​က​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင် မ​ရှိ​သေး​မီ​အ​ချိန်​၌​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​သ​ဖြင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သား​ဧ​လိ​မ​လက်​သည် မိ​မိ​၏​ဇနီး​နှင့်​သား နှစ်​ယောက်​တို့​ကို​ခေါ်​၍​မော​ဘ​ပြည်​တွင်​ခေတ္တ သွား​ရောက်​နေ​ထိုင်​လေ​သည်။ သား​နှစ်​ယောက် တို့​၏​နာ​မည်​များ​မှာ​မ​ဟာ​လုန်​နှင့်​ခိ​လျှုန် ဖြစ်​၏။ သူ​တို့​သည်​ဧ​ဖ​ရတ်​သား​ချင်း​စု ဝင်​များ​တည်း။ မော​ဘ​ပြည်​တွင်​သူ​တို့​နေ ထိုင်​လျက်​ရှိ​စဉ်၊- ဧ​လိ​မ​လက်​ကွယ်​လွန်​သွား​သ​ဖြင့် နော​မိ သည်​သား​နှစ်​ယောက်​နှင့်​ကျန်​ရစ်​လေ​သည်။- ထို​သား​တို့​သည်​မော​ဘ​အ​မျိုး​သ​မီး​များ ဖြစ်​ကြ​သော​သြ​ရ​ပ၊ ရု​သ​တို့​နှင့်​အိမ်​ထောင် ကျ​ကြ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဆယ်​နှစ် ခန့်​နေ​ထိုင်​ကြ​ပြီး​နောက်၊- မ​ဟာ​လုန်​နှင့်​ခိ​လျှုန်​တို့​သည်​လည်း​ကွယ်​လွန် သွား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​နော​မိ​သည်​လင် သား​မဲ့​အ​ထီး​ကျန်​ဖြစ်​လေ​တော့​၏။ ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။- ယု​ဒ​ပြည်​သို့​စ​တင်​ထွက်​ခွာ​လာ​ကြ​စဉ်၊

ရု​သ​ 1:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တရားသူကြီး​တို့ အုပ်စိုး​သည့်​ကာလ​တွင် အစ္စရေး​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် ယုဒ​ပြည်​၊ ဗက်လင်​မြို့သား​တစ်​ဦး​သည် မိမိ​၏​မယား​၊ မိမိ​သား​နှစ်​ယောက်​နှင့်အတူ မောဘ​ပြည်​သို့ သွားရောက်​ခိုလှုံနေထိုင်​၏​။ ထို​သူ​၏​အမည်​မှာ ဧလိမလက်​၊ မယား​၏​အမည်​မှာ နောမိ​၊ သား​နှစ်​ယောက်​၏​အမည်​မှာ မဟာလုန်​၊ ခိလျုန်​တို့​ဖြစ်၍ ယုဒ​ပြည်​၊ ဗက်လင်​မြို့သား ဧဖရတ်​အနွယ်ဝင်​ဖြစ်​၏​။ သူ​တို့​သည် မောဘ​ပြည်​သို့ သွားရောက်​နေထိုင်​ကြ​၏​။ နောမိ​၏​ခင်ပွန်း ဧလိမလက် သေဆုံး​သွား​သဖြင့် သူ​သည် သား​နှစ်​ယောက်​နှင့် ကျန်ရစ်​ခဲ့​၏​။ ထို​သား​နှစ်​ယောက်​သည် ဩရပ​၊ ရုသ အမည်​ရှိ​သော​မောဘ​သမီးပျို​တို့​နှင့် စုံဖက်​ပြီး မောဘ​ပြည်​၌ ဆယ်​နှစ်​ခန့် နေထိုင်​ကြ​၏​။ ထို့နောက် မဟာလုန်​နှင့် ခိလျုန် နှစ်ယောက်စလုံး​လည်း သေဆုံး​သွား​သဖြင့် နောမိ​သည် သား​နှစ်​ယောက်​မ​ရှိ​၊ ခင်ပွန်းသည်​မ​ရှိ​ဘဲ ကျန်ရစ်​ခဲ့​ရ​၏​။ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အား ကြည့်ရှု​ထောက်မ​၍ အစာရေစာ​ပေး​တော်မူ​ကြောင်း​ကို မောဘ​ပြည်​မှ နောမိ​ကြားသိ​သောအခါ သူ​သည် ချွေးမ​တို့​နှင့်အတူ မောဘ​ပြည်​မှ နေရင်းပြည်​သို့ ပြန်သွား​ရန် ပြင်ဆင်​၏​။ ထို့နောက် ချွေးမ​နှစ်​ယောက်​နှင့်အတူ လက်ရှိ​နေထိုင်​ရာ​အရပ်​မှ ယုဒ​ပြည်​သို့ ခရီးပြု​ထွက်ခွာ​လာ​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။