YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 9:20-23

ရောမ 9:20-23 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။- အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို ပိုင်​သည် မ​ဟုတ်​လော။ အိုး​မြေ​တစ်​ပုံ​တည်း​နှင့် အိုး​မြတ်၊ အိုး​ယုတ်​ကို လုပ်​ပိုင်​သည်​မ​ဟုတ်​လော။- ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မျက်​တော်​ကို​ပြ၍၊ တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျက်၊ ပျက်​စီး​ခြင်း​အ​ဖို့ ပြင်​ဆင်​သော အ​မျက်​ခံ​ရာ​အိုး​များ​တို့​ကို အ​လွန်​သည်း​ခံ​ခြင်း​ခ​န္တီ​နှင့် သည်း​ခံ​တော်​မူ​သည် မှန်​လျှင် အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။- ချီး​မြှောက်​ခြင်း​အ​ဖို့ ပြင်​ဆင်​တော်​မူ​နှင့်​သော က​ရု​ဏာ​ခံ​ရာ အိုး​များ​တည်း​ဟူ​သော၊

ရောမ 9:20-23 Common Language Bible (BCL)

မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။- အိုး​ထိန်း​သည်​၌​ရွှံ့​စေး​ကို​မိ​မိ​အ​လို​ဆန္ဒ အ​တိုင်း​ပြု​လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည်​ရွှံ့​တုံး​တစ်​ခု​တည်း​မှ​အိုး​ကောင်း အိုး​ညံ့​ကို​ပြု​လုပ်​ပိုင်​သည်​မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည်​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု တော်​မူ​သည်။ ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ပြ ရန်​နှင့် တန်​ခိုး​တော်​ကို​ထင်​ရှား​စေ​ရန်​အ​လို​ရှိ တော်​မူ​၏။ သို့​ရာ​တွင်​အ​မျက်​တော်​သင့်​၍​ပျက်​စီး ဆုံး​ရှုံး​ထိုက်​သူ​တို့​အား​အ​လွန်​သည်း​ခံ​တော် မူ​၏။- ထို့​အ​ပြင်​ကိုယ်​တော်​သည်​မိ​မိ​က​ရု​ဏာ​ထား တော်​မူ​သော​ငါ​တို့​အား မိ​မိ​၏​ကြွယ်​ဝ​သော ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​စေ​ရန်​လည်း အ​လို​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ရ​စေ​ရန်​ကိုယ်​တော်​ပြင်​ဆင် ထား​သူ​များ​ဖြစ်​ကြ​သော ငါ​တို့​အား​ထို ကြွယ်​ဝ​သော​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​စေ တော်​မူ​၏။

ရောမ 9:20-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အချင်း​လူ၊ သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ပြန်ခံ​ပြောဆို​သနည်း။ ပုံသွင်း​ခံရ​သော​အရာ​သည် ပုံသွင်း​ပေး​သော​သူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ပြုလုပ်​ခဲ့​သနည်း”​ဟု ပြောဆို​နိုင်​ပါ​မည်​လော။ အိုးထိန်းသည်​သည် ရွှံ့စေး​တစ်ပုံ​တည်း​ထဲမှ အသရေ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း၊ အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း လုပ်ပိုင်ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သို့ရာတွင် ဘုရားသခင်​သည် အမျက်​တော်​ကို​ပြသ​ရန်​နှင့် မိမိ​၏​တန်ခိုး​တော်​ကို​သိ​စေရန် အလို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်ဆီး​ရန်​ပြင်ဆင်​ထား​သော အမျက်​တော်​ဆိုင်ရာ​အိုးခွက်​များ​ကို အလွန်​စိတ်ရှည်​စွာ​သည်းခံ​တော်မူ​လျှင် မည်သို့​နည်း။ ထို့ပြင် ဘုန်း​အသရေ​အတွက်​ကြိုတင်​ပြင်ဆင်​ထား​သော ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​၌ မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​ကို သိ​စေရန်​ပြု​တော်မူ​လျှင် မည်သို့နည်း။