YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:6-11

ရောမ 8:6-11 Judson Bible (JBMLE)

ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဇာ​တိ​ပ​က​တိ စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၏။ ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့ မ​လိုက်​တတ်။ ထို​မျှ​မ​က မ​လိုက်​နိုင်။- ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။- သို့​သော်​လည်း ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​ဘက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​ပ​က​တိ​ဘက်၌ ရှိ​ကြ၏။ ခ​ရစ်​တော်၏​ဝိ​ညာဉ်​ကို မ​ရ​သော​သူ​မည်​သည်​ကား ခ​ရစ်​တော်​နှင့်​မ​ဆိုင်။- ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌​ရှိ​တော်​မူ​လျှင်၊ ကိုယ်​ကာ​ယ​သည် အ​ပြစ်​ကြောင့် အ​သေ​ဖြစ်​သော်​လည်း ဝိ​ညာဉ်​မူ​ကား ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ၏။- ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။

ရောမ 8:6-11 Common Language Bible (BCL)

ဇာတိ​သ​ဘော​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ် စွဲ​လမ်း​သူ​သည်​အ​သက်​သေ​လိမ့်​မည်။ ဝိ​ညာဉ် တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း သူ​ကား အ​သက်​ရှင်​သန်​၍​ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​လိမ့်​မည်။- ဇာ​တိ​သ​ဘော​ဆိုင်​ရာ​အ​ရာ​များ​ကို​စိတ်​စွဲ လမ်း​သူ​သည် ဘု​ရား​သ​ခင်​အား​ရန်​ဖက်​ပြု​သူ ဖြစ်​၏။ ထို​သို့​စိတ်​စွဲ​လမ်း​သူ​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​မ​လိုက်​လျှောက်။ အ​ကယ်​ပင် မ​လိုက်​လျှောက်​နိုင်။- မိ​မိ​တို့​ဇာ​တိ​သ​ဘော​အ​လို​အ​တိုင်း​ပြု ကျင့်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​စိတ်​တော် နှင့်​မ​တွေ့​နိုင်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​အ​ကယ်​ပင်​ကျိန်း​ဝပ်​တော်​မူ လျှင် သင်​တို့​သည်​ဇာ​တိ​သ​ဘော​လှုံ့​ဆော်​သည့် အ​တိုင်း​မ​ဟုတ်​ဘဲ​ဝိ​ညာဉ်​တော်​သွန်​သင်​သည့် အ​တိုင်း​ပြု​မူ​ကျင့်​ကြံ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ် တော်​မ​ကျိန်း​ဝပ်​သော​သူ​သည်​ခ​ရစ်​တော်​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်။- သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။- သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။

ရောမ 8:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိညာဉ်​တော်​နှင့်ဆိုင်သော​စိတ်သဘော​မူကား အသက်ရှင်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။ ထို့ကြောင့် သွေးသား​ဇာတိ​အားဖြင့်​အသက်ရှင်​သော​သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​နိုင်​ကြ။ သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။ သို့ရာတွင် ခရစ်တော်​သည် သင်​တို့​အထဲ၌​ရှိ​တော်မူ​လျှင် ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေ​နေ​သော်လည်း ဝိညာဉ်​သည် ဖြောင့်မတ်​ခြင်း​ကြောင့် အသက်ရှင်​လျက်​ရှိ​၏။ ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။